ကိုယ်အလေးချိန်နဲ့ပတ်သတ်ပြီး ယောင်္ကျားအများစု ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုက ကျန်းကျန်းမာမာနဲ့ ဝိတ်တက်ချင်တာပါ။ စာရေးသူတို့ကို မကြာခဏမေးတဲ့မေးခွန်းတွေထဲမှာလည်း ဝိတ်တက်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာလေးတွေ အများဆုံးပါပါတယ်။

ဝိတ်တက်ဖို့ဆိုတာ အဆီပိုတွေနဲ့ ဝလာတာမျိုးမဟုတ်ဘူး ကျန်းကျန်းမာမာနဲ့ ကြွက်သားတက်လာရမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ပိန်လွန်းတဲ့ကွီးတို့အတွက် ကျန်းကျန်းမာမာနဲ့ဝိတ်တက်စေမယ့် နည်းလမ်းကောင်းတချို့ပြောပြပေးချင်ပါတယ်။

 Protein foods

Photo : Eat This, Not That

အစားအစားခင်ရေသောက်ခြင်းကိုရှောင်ကြဉ်ရပါမယ်။ ဘာလို့ဆိုရေက အစာအိမ်ကို ပြည့်အင်စေပြီး ကယ်လိုရီများများပိုစားဖို့ ခက်ခဲသွားစေလို့ပါ။

ရံဖန်ရံခါစားပေးလို့ကိုလည်း မကြာခဏကိုယ့်ကိုယ်ကိုသတိပေးပါ။ တစ်​နေ့စားတဲ့ အဓိက ထမင်းသုံးနပ်အပြင် ဗိုက်ဆာတဲ့အခါတိုင်းမှာ မကြာခဏ အစာပြေစားစရာလေးတွေစားပေးဖို့ လိုပါတယ်။

အဆီပြည့်ဝတဲ့နွားနို့သောက်ပေးပါ။ နွားနို့မှာပရိုတင်းဓာတ်နဲ့ ကယ်လိုရီ ကြွယ်ဝစွာပါဝင်ပါတယ်။ နွားနို့ဟာ ရေဆာရေငတ်ပြေစေပြီး ဝိတ်တက်ဖို့အတွက်အကောင်းဆုံးသောက်စရာတစ်မျိုးဖြစ်ပါတယ်။

man drink protein shake

Photo:Men’s Health

နွားနို့နဲ့ နည်းတူ Protein Shake လဲသောက်အေးနိုင်ပါတယ်။ ​Protein Shake ဟာ ကြွက်သားတက်စေဖို့အတွက် အထောက် အကူဖြစ်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကိုထောက်ပံ့ပေးနိုင်ပါတယ်။

ဝိတ်တက်ဖို့နဲ့ ကြွက်သားကျစ်လစ်သန်မာဖို့ ဆိုလေ့ကျင့်ခန်းကမပါမဖြစ်ပါပဲ။ လေ့ကျင့်ခန်းတွေထဲကမှ ဝိတ်မတာက ကိုယ်အလေးချိန်တက်ချင်သူတွေအတွက် အကောင်းဆုံးပါ။ Heavy Weight Lifting လုပ်ခြင်းဟာ အဆီပိုတွေလောင်ကျွမ်းပြီး အဆီနေရာမှာ ကြွက်သားထုတက်လာစေမှာဖြစ်ပါတယ်။

ကော်ဖီကြိုက်သူတစ်ယောက်ဆိုရင် ကော်ဖီသောက်တဲ့အခါ ခရမ်င်ထည့်သောက်ပါ။ ကယ်လိုရီများများရစေမယ့် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

Supplement မှီဝဲချင်တဲ့ ကွီးတို့အနေနဲ့က Creatine Monohydrate သောက်ပေးလို့ရပါတယ်။ Creatine ဟာ ကြွက်သားအတွက်အဓိက သောက်သုံးရတဲ့ဖြည့်စွက်စာဖြစ်ပြီး ကိုယ်အလေးချိန်လည်းတိုးလာစေပါတယ်။

man workout at gym

Photo : Muscle & Fitness

ကြွက်သားကျစ်လစ်သန်မာပြီး ကိုယ်အလေးချိန်တက်ဖို့ဆို အိပ်စက်ခြင်းကလည်း အရေးကြီးပါတယ်။ အိပ်ရေးဝဝအိပ်စက်ခြင်းက ကြွက်သားတက်ဖို့အထောက်အကူဖြစ်စေတဲ့အတွက် တစ်ရက်ကိုအိပ်ချိိန်၇ နာရီခန့် ပြည့်ပြည့်ဝဝအိပ်စက်ပေးပါ။

အစားအသောက်တွေထဲကဆိုရင် ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ငါး ကြက်သား အမဲသားတွေစားသုံးနိုင်ပြီး ကုန်ကျစရိတ်သက်သာစွာနဲ့ ပရိုတင်းဓာတ်ရချင်ရင်တော့ ကြက်ဉ ပဲအမျိုးမျိုး အစေ့အဆံတွေစားပေးနိုင်ပါတယ်။

Feathure Photo: Healthline