အသားအရေထိန်းသိမ်းဖို့အတွက် ရွေးချယ်စရာ skin care products တွေက အမျိုးပေါင်းများစွာရှိပါတယ်။ ဒီထဲကမှ ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုရှိဖို့ ရွေးချယ်ရသလို ဓာတုပစ္စည်းကင်းလွတ်မှု ရှိမရှိဆိုတာကလည်း အပြည့်အဝစိတ်ချလို့ မရပြန်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ဘယ်လို skin care products တွေနဲ့ အသားအရေထိန်းသိမ်းရမလဲဆိုတာ ခေါင်းစားနေတဲ့ကွီးတို့အတွက် ငွေကုန်ကြေးကျမှုသိပ်မများပဲ ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ အသားအရေထိန်းသိမ်းလို့ရနိုင်တဲ့ သဘာဝပစ္စည်းတွေရဲ့ အသုံးဝင်ပုံတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဝက်ခြံအတွက် ရှားစောင်းလက်ပတ်

Aloe Vera- The Coolant
Photo : Times of India

ဝက်ခြံပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံး သဘာဝပစ္စည်းတစ်မျိုးကတော့ ရှားစောင်းလက်ပတ်ပါပဲ။ ရှားစောင်းလက်ပတ်ဟာ အသားအရေကို ရေဓာတ်ပြည့်ဝစေတဲ့ သဘာဝဂျယ်တစ်မျိုးဖြစ်ပြီး အရေပြားအတွင်းပိုင်းအထိ အေးမြလန်းဆန်းစေပါတယ်။ နေ့စဉ်ပုံမှန် မျက်နှာအသား အရေကို လိမ်းပေးမယ်ဆိုရင် ဝက်ခြံထွက်ခြင်းကိုလျော့နည်းစေပြီး ဝက်ခြံကြောင့်ဖြစ်ပေါ်တက်တဲ့ အရေပြားရောင်ရမ်းနာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။

(၂) နူးညံ့ချောမွေ့တဲ့ အသားအရေအတွက် ပျားရည်

Honey for metabolism

Photo : Medical News Today

ပျားရည်ဟာ ဆေးဖက်ဝင်ပစ္စည်းအဖြစ်အသုံးများတဲ့ သဘာဝပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ပျားရည်တစ်ဇွန်းခန့်ကို ရေနွေးနဲ့ ရောစပ်သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းအဆိပ်အတောက်တွေကို ပြေစေပါတယ်။ အသားအရေအတွက်ဆိုရင်လည်း ညအိပ်ရာမဝင်ခင်မှာ ပျားရည်အနည်းငယ်ကို မျက်နှာအနှံ့ညင်သာစွာပွတ်လိမ်းပြီး ၁၅ မိနစ်လောက်ထားမယ်ဆိုရင် နူးညံ့ချောမွေ့တဲ့ အသားအရေကို ရရှိစေမှာ ဖြစ်ပါတယ်။

(၃) အမဲစက်များအတွက် အာလူး

Potatoes to cure dark circles:

Photo : Skincare Top News

မျက်နှာအရေပြားပေါ်က အမဲစက်တွေကို ကုသနိုင်ဖို့အထိရောက်ဆုံး သဘာဝပစ္စည်းတစ်မျိုးက အာလူးပါပဲ။ မျက်နှာပေါ်က အမဲစက်ဖြစ်ပေါ်နေတဲ့နေရာတွေအတွက် အာလူးကိုခပ်ပါးပါးလှီးပြီး ညင်သာစွာပွတ်ပေးနိုင်ပါတယ်။ မျက်လုံးတစ်ဝိုက်က အညိုကွက်နဲ့ မျက်ကွင်းညိုခြင်းတွေအတွက်လည်း အာလူး Slide လေးတွေကို မျက်ကွင်းတစ်ဝိုက်မှာ ကပ်ပေးခြင်းဖြင့် မျက်ကွင်းညိုခြင်း အမဲကွက်များဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။

(၄) ဆဲလ်သေတွေဖယ်ရှားဖို့အတွက် ဒိန်ချဉ်

 Yogurt for soft skin

Photo : Daily Sabah

မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားသန့်စင်ပေးဖို့ဆို ဒိန်ချဉ်ကိုအသုံးပြုနိုင်ပါတယ်။ ဒိန်ချဉ်မှာ lactic အက်စစ်ပါဝင်ပြီး ၎င်းက အရေပြားအတွင်းပိုင်ရှိဆဲလ်သေများကို ဖယ်ရှားသန့်စင်ပေးပြီး ဆဲလ်အသစ်များပြန်လည် မွေးဖွားပေးပါတယ်။ ဒါ့အပြင် ခြောက်သွေ့ကြမ်းတမ်းတဲ့အသားအရေအတွက်လည်း ဒိန်ချဉ်နဲ့ ပျားရည် သို့မဟုတ် သံပုရာသီးတို့ကို ရောစပ်ပြီး လိမ်းပေးမယ်ဆိုရင် အသားအရေ စိုပြေဝင်းမွတ်ကာ နူးညံ့ချောမွေ့လာမှာဖြစ်ပါတယ်။

Featured Photo : Lifestyle Asia Hong Kong