အမျိုးသားကျန်းမာရေးအတွက် ဆရာဝန်နဲ့ သီးသန့်တွေ့ဆုံရမယ့်အချိန်တွေ ရှိပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ဆေးစစ်တာတွေ ၊ ဆရာဝန်နဲ့ ကျန်းမာရေးတိုင်ပင်တာတွေ လုပ်ဖြစ်ကြပါတယ်။ နှစ်စဉ် ပုံမှန်ကျန်းမာရေးစစ်ဆေးပေးခြင်းအားဖြင့် ကိုယ့်ခန္ဓာကိုယ်မှာ ဘယ်လိုချို့ယွင်းချက်တွေ ရှိနေတယ် ၊ ဘယ်အပိုင်းတော့ ဂရုမစိုက်ရင် ရောဂါဘက်ကို ကူးသွားမယ် ၊ နေ့စဉ်နေထိုင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဘာတွေ အပြောင်းအလဲလုပ်ရမယ်ဆိုတာကို သိလာနိုင်ပါတယ်။
ဒါကြောင့် အမျိုးသားတွေလည်း အမျိုးသမီးတွေလို ကျန်းမာရေးစစ်ဆေးပေးဖို့ လိုပါတယ်။ တချို့ကျန်းမာရေးစစ်ဆေးမှုတွေက ၃ နှစ် တစ်ကြိမ် ၊ ၄ နှစ် တစ်ကြိမ် လုပ်ဆောင်ပေးရင် လုံလောက်ပါတယ်။ နှစ်စဉ်ကျန်းမာရေးအတွက် စစ်ဆေးပေးဖို့ လိုတဲ့အပိုင်းတွေကတော့ –
(၁) Blood Sugar Check

Photo: Unsplash
အမျိုးသားတွေအဖို့ နှစ်စဉ်စစ်ဆေးသင့်တဲ့အရာတစ်ခုက သွေးထဲက ဂလူးဂို့စ် Level ပမာဏအကြောင်းပါပဲ။ ဂလူးဂို့စ်ပါဝင်မှုဟာ နှလုံးနဲ့ဆိုင်တဲ့ ရောဂါဝေဒနာတွေ ဖြစ်နိုင်ခြေကို ပြနေတဲ့ လက္ခဏာနေတွေ ဖြစ်သလို သွေးထဲ သကြားဓါတ် များနေခြင်းဟာ ဆီးချိုသွေးချိုလိုမျိုး နာတာရှည်ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။
Blood Sugar Check လုပ်ထားမယ်ဆိုရင် နှလုံးနဲ့ ဆီးချိုလို ရောဂါကြီးတွေကို ကြိုပြီး ကာကွယ်နိုင်သလို နောက်ဆက်တွဲရောဂါတွေ ဖြစ်တဲ့ ကျောက်ကပ်ပျက်စီးတာ ၊ အာရုံကြောထိခိုက်တာကြောင့် ပန်းညှိုးတာမျိုးကိုပါ မဖြစ်အောင် ကြိုကာကွယ်ပြီး ဖြစ်မှာပါ။ ဆီးချိုသွေးချိုဝေဒနာမျိုးကို ကြိုသိနိုင်ရင် အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှု ၊ အနေအထိုင်ဆင်ခြင်ပြီး ထိရောက်တဲ့ ကုထုံးတွေနဲ့ ကုထားရင် မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
(၂) Skin Check

Photo: Unsplash
ငယ်စဉ်က သိသိသာသာ နေလောင်ထားတာမျိုး ကြုံဖူးရင် ၊ မိသားစုထဲမှာ အရေပြားကင်ဆာရာဇဝင်ရှိဖူးရင် အရေပြားကင်ဆာဖြစ်နိုင်ခြေများပါယ်။ အရေပြားကင်ဆာဟာ အသေက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ နှစ်တိုင်း အရေပြားအထူးကုဆရာဝန်နဲ့ စစ်ဆေးမှုခံယူထားရင် ရောဂါဖြစ်နိုင်ခြေကို ကြိုသိနိုင်သလို လိုအပ်တဲ့ ကုသမှုတွေလည်း စောစောစီးစီး ကုသလို့ ရမှာ ဖြစ်ပါတယ်။
(၃) PSA Test

Photo: Unsplash
အမျိုးသား ၇ ဦးမှာ ၁ ဦးဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ အရေပြားကင်ဆာထက်စာရင် အမေရိကန်က အမျိုးသားထုအကြားမှာ အဖြစ်များဆုံး ကင်ဆာပုံစံလို့တောင်ဆိုပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစောစီးစီး ကြိုသိရအောင် ဆီးကျိတ်ဆိုင်ရာ အန်တီဂျင် PSA သွေး Level စစ်ဆေးမှု လုပ်တာ အကောင်းဆုံးပါပဲ။ ကျန်းမာရေးပညာရှင်တွေကတော့ အသက် ၅၀ ကနေ ၇၀ အရွယ် အမျိုးသားတိုင်း ဆီးကျိတ်ဆိုင်ရာ PSA Test နှစ်စဉ် လုပ်ဖို့ တိုက်တွန်းထားပါတယ်။
Featured Photo: MFine
