သူငယ်ချင်းတွေနဲ့ ဟိုနားဒီနားသွားတဲ့အခါ ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုး၊ လူငယ်ဆန်တဲ့ဖက်ရှင်မျိုး ဖန်တီးဝတ်ဆင်တဲ့အခါ Streetwear ဖက်ရှင်ဆိုပြီးဖြစ်တည်လာပါတယ်။ Streetwear ဖက်ရှင်သည် ဖက်ရှင်ရေစီးကြောင်းတွင် ၁၉၉၀ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
အချို့ Streetwear အဝတ်အစားတံဆိပ်တွေဆိုလျှင်လည်း ထိုအချိန်ကတည်းက စတင်ပေါ်ပေါက်ခဲ့တာပါ။ ဥပမာ Supreme သည် နယူးယောက်မြို့တွင် ၁၉၉၄ ခုနှစ်ကတည်းက စတင်ခေတ်စားလာတာပါ။ အခုဆိုလျှင် လူငယ်တော်တော်များများက Supreme ကို နှစ်ခြိုက်စွာ ဝတ်ဆင်လာခဲ့ကြပါပြီ။
Streetwear အဝတ်အစားတံဆိပ်တွေထဲတွင် Supreme လိုပဲ အခြားရေပန်းစားလူကြိုက်များတဲ့ နာမည်ကြီးဘရန်းတွေလည်း အများကြီးရှိပါသေးတယ်။ ဘယ်ဘရန်းတွေဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။
Supreme

Supreme သည် အင်္ကျီဘောင်းဘီအဝတ်အစားများအပြင် အခြားသောဖက်ရှင်အသုံးအဆောင်ပစ္စည်းများဖြစ်တဲ့ ထီး၊ ဦးထုပ်၊ ကျောပိုးအိတ်စတဲ့ပစ္စည်းများကိုလည်း ထုတ်လုပ်ထားပါသေးတယ်။
Palace

Palace ကတော့ ၂၀၀၉ ခုနှစ်ကမှစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပေမယ့် လူကြိုက်များတာကတော့ Supreme နဲ့ သူလိုကိုယ်လိုပါပဲ။
Off-White

Graphic တီရှပ်များ၊ ဟူဒီများအပြင် အခြားသောဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ဦးထုပ်၊ လက်ဝတ်လက်စားစတဲ့ပစ္စည်းများကိုလည်း ထုတ်လုပ်လျက်ရှိပါတယ်။
Heron Preston

အနွေးထည်ထူထူကြီးများအပြင် ရေကူးဝတ်စုံများ၊ ပေါ့ပေါ့ပါးပါး အင်္ကျီများကိုလ်း လူငယ်အကြိုက်နဲ့ညီအောင် ထုတ်လုပ်ထားပါတယ်။
Undefeated

ဒီတံဆိပ်ကတော့ Graphic တီရှပ်များ၊ ဟူဒီနှင့် ရေကူးဝတ်စုံတို့ကို အဓိကထား ထုတ်လုပ်လျက်ရှိပါတယ်။
KITH

ဒီတံဆိပ်ကိုတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်တုန်းက Ronnie Fieg က ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုဆိုလျှင် Calvin Klein ၊ Birkenstock တို့နဲ့ အတွဲညီညီ ပူးပေါင်းလုပ်ကိုက်လျက်ရှိပါတယ်။
Stussy

ရိုးရှင်တဲ့ဒီဇိုင်းကိုမှ ဖက်ရှင်ကျကျ ဝတ်စားချင်တယ်ဆိုရင်တော့ Stussy တံဆိပ်ကို ရွေးချယ်သင့်ပါတယ်။
The Hundreds

ဒီဘရန်ကတော့ လုံးဝလူငယ်အကြိုက် ဒီဇိုင်းအမိုက်စားတွေနဲ့ ဖန်တီးထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။
WTAPS

WTAPS သည်လည်း ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်တဲ့ တီရှပ်များ၊ ဘောင်းဘီတို၊ လက်ရှည်တီရှပ်၊ ဆွယ်တာများအပြင် ဂျက်ကတ်အင်္ကျီများပါ ထုတ်လုပ်လျက်ရှိပါတယ်။ ဒါ့အပြင် ခါးပတ်၊ နှာခေါင်းစည်းအပြင် ဖုန်းကာဗာများလည်း ထုတ်လုပ်လျက်ရှိပါတယ်။
Renowned

Renowned ကတော့ ဟူဒီနဲ့ ပတ်သက်ရင် နာမည်ကြီးပါတယ်။ သူ့တန်ဖိုးက နည်းနည်းတော့ ဈေးမြှောက်ပေမယ့် အရည်အသွေးကောင်းတဲ့အတွက်ကြောင့် လူငယ်အများစု ကြိုက်နှစ်သက်ကြပါတယ်။
Source: Nextluxury.com
Featured Image Source: Nextluxury.com
