အချိန်တွေ ဘယ်လိုပဲပြောင်းလဲသွားပါစေ ချစ်သူနှစ်ဦးကြား မပြောင်းလဲပဲကျန်ခဲ့မယ့် အရာလေးတွေကတော့ အမှတ်တရကောင်းလေးတွေပါပဲ။ အမှတ်တရလေးတွေဆိုတာ ချစ်သူနှစ်အတွက် ဘယ်အချိန်ဖြစ်ဖြစ် ကြည်နူးပျော်ရွှင်ရတဲ့ အခိုက်အတန့်လေးတွေပါ။ ပျော်ရွှင်တဲ့ချစ်သူစုံတွဲတွေကတော့ အမှတ်တရကောင်းတွေဖန်တီးရင်း အတူတူ အိုမင်းသွားချင်တယ်လို့ ပြောကြပါတယ်။

ဒါကြောင့်ဒီတစ်ခေါက်တော့ ချစ်သူနှစ်ဦးအတွက် အချစ်တွေတိုးစေပြီး အမှတ်တရကောင်းလေးတွေ ဖန်တီးနိုင်ဖို့ အတူတူ ပြုလုပ်သင့်တဲ့အရာလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဝါသနာအသစ်တစ်ခု စတင်ပါ

Photo : Freepik

ချစ်သူနှစ်ဦးကြား တူညီတဲ့အခြေခံအချက်လေးတွေရှာပြီး နှစ်ယောက်အတူတူပြုလုပ်နိုင်မယ့် ဝါသနာအသစ်တစ်ခု ရှာဖွေပါ။ ဝါသနာအသစ်တစ်ခုကို အတူတူရှာဖွေပြုလုပ်ခြင်းဟာ ချစ်သူနှစ်ဦးကြား သံယောဇဉ်ပိုမိုခိုင်မာလာပြီး တစ်ယောက်အကြောင်း တစ်ယောက်ပိုနားလည်လာ နိုင်မှာဖြစ်ပါတယ်။ စာအုပ်ဖတ်တာ ၊ ဘာသာစကားအသစ်လေ့လာတာ ၊ တူရိယာတီးခတ်တာ စသည်ဖြင့်ဝါသနာအသစ်လေးတွေ လေ့လာပါ။

(၂) အားလပ်ရက်အပန်းဖြေခရီးထွက်ပါ

Tourist Couple Traveling

Photo : Delta Optimist

ခရီးထွက်ခြင်းက ချစ်သူနှစ်ဦးအတွက် ရင်းနှီးကျွမ်းဝင်မှုကို ပိုရစေပြီး ပြဿနာသေးသေးလးတွေကအစ အတူတကွ ဖြေရှင်းလာနိုင်ပါလိမ့်မယ်။ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှု ၊ ချစ်ခြင်းမေတ္တာနဲ့ အမှတ်တရတွေများလည်း တိုးလာစေမှာပါ။ ဒါကြောင့် အားလပ်ရက်တွေမှာ ရင်ခုန်စရာကောင်းတဲ့ခရီးစဉ်တစ်ခုအတူတူ ပြုလုပ်သင့်ပါတယ်။

(၃) အတူတူ ချက်ပြုတ်ပါ

Romantic couple cooking

Photo : YouWorkForThem

“Cooks together stays together ” ဆိုတဲ့ စကားလေးအတိုင်းပါပဲ အတူတူ ချက်ပြုတ်ကြတဲ့ စုံတွဲတွေဟာ တွဲလက်ခိုင်မြဲလေ့ရှိ ကြပါသတဲ့။ အမြဲအပြင်မှာထွက်စားတာထက် အိမ်မှာ အတူတူ ချက်ပြုတ်ပြီး သာယာအေးချမ်းတဲ့ ညနေစာကို နှစ်ယောက်အတူတူ ခံစားခြင်းက ရိုမန်တစ်ပိုဆန်သလို ပျော်ဖို့လည်းကောင်းပါတယ်။ အကယ်၍ အချက်အပြုတ်မကျွမ်းကျင်ဘူးဆိုရင်လည်း ချစ်သူနှစ်ဦးအတူတူ အချက်အပြုတ်သင်တန်းလေးတွေ တက်နိုင်ပါတယ်။

(၄) တိရစ္ဆာန်ဂေဟာလေးတွေမှာ စေတနာ့ဝန်ထမ်းလုပ်ပါ

Soulmates find each other volunteering at dog shelters
Photo : Dog’s Best Life

သင်တို့ချစ်သူနှစ်ဦးက တိရစ္ဆာန်ချစ်သူတွေဆိုရင်တော့ အားလပ်ချိန်မှာ တိရစ္ဆာန်ဂေဟာလေးတွေသွားပြီး စေတနာ့ဝန်ထမ်းလုပ်ကြည့်ပါ။ တိရစ္ဆာန်လေးတွေနဲ့ အချိန်ကုန်ဆုံးရတာ ကြည်နူးပျော်ရွှင်စရာကောင်းသလို သခင်မဲ့နေတဲ့ လေလွင့်တိရစ္ဆာန်လေးတွေအတွက် လုပ်အားပေးကူညီမှုလေးတွေလုပ်ရတာဟာ ပိုပြီးကျေနပ်ပျော်ရွှင်စရာကောင်းပါတယ်။ ချစ်သူနှစ်ဦးကြားမှာလည်း ချစ်ခြင်းမေတ္တာအကြောင်းပိုနားလည်စေနိုင်ပြီး အမှတ်တရတိုးစေမှာပါ။

Featured Photo : Nomago Travel