မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားဟာ သောကြာနေ့ညက အင်္ဂလန်အသင်းအတွက် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံဟန်ကို ရွိုင်ကိန်းရဲ့ ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရပြီးနောက် ဝေဖန်မှုတွေကို တုံ့ပြန်ခဲ့တာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Photo: Goodworknews
အသက် ၂၈ နှစ်အရွယ် နောက်ခံကစားသမားဟာ ဝင်ဘလေမှာ အယ်လ်ဘေးနီးယားကို အင်္ဂလန်အသင်းက ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ရီးစ် ဂျိမ်းစ်ရဲ့ ပေးပို့မှုကနေ အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်မှာ မက်ဂွိုင်းယားက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် ၎င်းကို ဝေဖန်နေကြသူတွေကို တုံ့ပြန်တဲ့ပုံစံနဲ့ နား ၂ ဖက်စွင့်ထားတဲ့ပုံစံ လုပ်ပြခဲ့တာဖြစ်တယ်လို့ စွပ်စွဲခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင်ကိန်းဟာ မက်ဂွိုင်းယားကို ပြင်းထန်တဲ့ဝေဖန်မှုတွေ အပြုလုပ်ဆုံးသူတွေထဲက တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက ယူနိုက်တက်မှာ ကျက်သရေကင်းမဲ့ခဲ့တဲ့ အင်္ဂလန်နောက်ခံကစားသမားရဲ့ အောင်ပွဲခံဟန်ဟာ အရှက်ရစရာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: Skysport
ဒါပေမယ့် ပွဲအပြီး စကားပြောရာမှာ မက်ဂွိုင်းယားက ၎င်းရဲ့ အောင်ပွဲခံဟန်ဟာ ဝေဖန်သူတွေကို ရည်ရွယ်ခဲ့တာဆိုတဲ့ ပြောကြားချက်တွေကို ငြင်းပယ်ခဲ့ပြီး ဘယ်လိုဝေဖန်မှုမျိုးကိုမဆို ခံနိုင်စွမ်းရှိတာထက် ပိုမိုတဲ့သူလို့ ပြောကြားခဲ့ပါတယ်။
“ဟင့်အင်း။ အဲဒီအောင်ပွဲခံဟန်က ဘယ်သူ့ကိုမှ တိုက်ရိုက်ရည်ညွှန်းခဲ့တာမဟုတ်ပါဘူး။ အဲဒါက ဒူးထောက်လျှောတိုက်ခဲ့တာဖြစ်ပြီး ကျွန်တော့်နားရွက်ပေါ်မှာ လက်တွေ တင်ထားခဲ့တာ ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီလိုတော့ မဟုတ်ပါဘူး။ ကျွန်တော်က မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်တော့ အသင်းကောင်းကောင်း မကစားနိုင်တဲ့အခါကျရင် ဝေဖန်မှုတွေကို ခံရမှာပါ။ အဲဒါကို အပြည့်အဝ မျှော်လင့်ထားပေမယ့် အောင်ပွဲခံတာကတော့ ဘယ်သူ့ကိုမှ မရည်ရွယ်ခဲ့တာ အမှန်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
Featured Photo: Flipboard
