အလုပ်ကြောင့်ဖြစ်ဖြစ် အပျော်ခရီးပဲဖြစ်ဖြစ် ခရီးတစ်ခုသွားတော့မယ်ဆိုရင် သေချာပြင်ဆင်သွားဖို့ လိုမှာပါ။ သေချာပြင်ဆင်မှုမရှိပဲ သွားရင်ခရီးစဉ်တစ်လျောက်လိုအပ်ချက်တွေများနေပြီး စိတ်ပိုပင်ပန်းရပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အမျိုးသားတစ်ယောက် အနေနဲ့ခရီးသွားတဲ့အခါ မပါမဖြစ်ယူဆောင်သွားဖို့လိုမယ့် ပစ္စည်းစာရင်းကို မျှဝေပေးချင်ပါတယ်။

(၁) ပက်စပို့အိတ်

Passport Wallets
Photo : IMT Mines Albi

ခရီးသွားတဲ့အခါ အရေးကြီးတဲ့ ပက်စပို့ ၊ မှတ်ပုံတင် နဲ့ အကြွေးဝယ်ကဒ် ၊ Visa ကဒ် ၊ ဘဏ်ကဒ် စတာတွေထည့်လို့ရမယ့် Passport Holder တစ်ခု သေချာ ပေါက်ယူသွားဖို့ လိုပါတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ သယ်ဆောင်ရလွယ်တဲ့ Passport Holder လေးတစ်ခုကိုတော့ သွားလေရာ ကိုယ်နဲ့မကွာ အမြဲဆောင်ထားပါ။

(၂) တစ်ကိုယ်ရည် သန့်ရှင်းရေး ပစ္စည်းများ

Men's Grooming Kit
Photo : Michael 84

သွားပွတ်တံက စလို့ မျက်နှာသစ်ဆေး ၊ Roll-on ၊ ခေါင်းလိမ်းဆီ ၊ ရေမွှေး ၊ မုတ်ဆိတ်ရိတ်စက် စသဖြင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ ပစ္စည်းလေးတွေကို မပါမဖြစ်ထည့်သွားဖို့လိုပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းတွေ လွယ်လွယ်ကူကူဝယ်လို့ရတယ်ဆိုပေမယ့် သုံးနေကျပစ္စည်းတွေထည့်သွားတာပိုပြီးအဆင်ပြေမှာပါ။

(၃) နည်းပညာဆက်စပ်ပစ္စည်းများ

Best Travel Tech and Cord Organizers
Photo : Travel + Leisure

အလုပ်လိုအပ်ချက်အရဖြစ်ဖြစ် ၊ တစ်ကိုယ်ရည်သုံးဖို့ပဲဖြစ်ဖြစ် လက်တော့ ဖုန်း ကင်မရာစတဲ့ နည်းပညာပစ္စည်းတွေနဲ့အတူ သက်ဆိုင်ရာ အားသွင်းကြိုး ၊ အဒက်ပတာ ၊ ဘက်ထရီ ၊ နားကြပ် ၊ ပါဝါဘန့် ၊ ဓာတ်ခဲ စတဲ့ ဆက်စပ်ပစ္စည်းလေးတွေကိုလည်း အိတ်တစ်လုံးနဲ့ သီးခြားယူဆောင်သွားပါ။ ဒီပစ္စည်းလေးတွေက ဘယ်နားထားမိလို့ထားမိမှန်းမသိပဲ အပျောက်နိုင်ဆုံးပစ္စည်းလေးတွေ ဖြစ်တာကြောင့် ခရီးသွားတဲ့အခါ သီးခြားအိတ်တစ်လုံးနဲ့ ယူဆောင်သွားသင့်ပါတယ်။

(၄) ဆေးဝါး

Travel First Aid Kit
Photo : For the Love of Wanderlust

ခရီးသွားချိန်မှာ ကျန်းကျန်းမာမာရှိဖို့ကလည်း အရေးကြီးဆုံးပဲမလား။ ဒါကြောင့် ကျန်းမာရေးဆိုင်ရာ အခြေခံဆေးဝါးပစ္စည်းလေးတွေလည်း ဆောင်သွားဖို့လိုမှာပါ။ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အရေးအပေါ်အခြေအနေတွေ ကြုံလာတဲ့အခါ ရယ်ဒီဖြစ်နေမှာပါ။

(၅) Survival Card

Timberland survival card with leather card holder
Photo : Carousell

ပုံမှန်ခရီးသွားတဲ့အခါ မလိုအပ်ဘူးထင်ရပေမယ့် အရေးကြုံလာတဲ့အခါသုံးဖို့ ဆောင်သွားရင်မမှားနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ Camping ထွက်တာအခါဖြစ်ဖြစ် Hiking သွားတဲ့အခါမျိုးဖြစ်ဖြစ် စွန့်စွန့်စားစားခရီးတွေအတွက် ဘက်စုံသုံး Survival Card တစ်ခုက ပိုလို့တောင် ဆောင်သွားသင့်တဲ့ အသုံးဝင်တဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : LifeSavvy