ကွီးတို့ရဲ့ ချစ်သူကောင်မလေးနဲ့ ပထမဆုံးဒိတ်လုပ်တဲ့အခါ ဝတ်စားဆင်ယင်မှုကို သေချာလေးပြင်ဆင်သွားဖို့ လိုပါလိမ့်မယ်။ ဘာလို့ဆို မိန်းကလေးအများစုက လူတစ်ယောက်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး အကဲဖြတ် အမှတ်ပေးလေ့ရှိတာကြောင့် တလွဲဖက်ရှင်တွေဝတ်မသွားမိဖို့ အထူးသတိပြုသင့်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ First Date မှာ ကွီးတို့လက်ရှောင်ရမယ့် ဖက်ရှင်စတိုင်လ်ကိုပြောပြပေးချင်ပါတယ်။
(၁) Hoodie ဖက်ရှင်

Photo : GQ
Hoodie ဖက်ရှင်တွေက လူငယ်ဆန်ပြီး အထာကျတယ်ဆိုပေမယ့် First Date မှာတော့ ရှောင်သင့်ပါတယ်။ ရာသီဥတုအေးမနေရင် ထူထူထည်ထည် Hoodie ဖက်ရှင်တွေက ပူအိုက်စေပြီး ကွီးတို့ကို အနေခက်စေမှာပါ။ Hoodie တွေအစား denim jacket ဝတ်ဆင်တာပိုပြီးအဆင်ပြေပါတယ်။
(၂) ခြေညှပ်ဖိနပ်

Photo : TheSmartLocal
ပြီးပြည့်စုံတဲ့ဖက်ရှင်စတိုင်လ်ရဖို့ ဖိနပ်တွေရဲ့အရေးပါမှုကိုလည်း မေ့ထားလို့မရပါဘူး။ အဝတ်အစားဘယ်လောက်ပဲ ကောင်းကောင်းဝတ်ဆင်ထားပါစေ သာမာန်ပေါပေါပဲပဲ ခြေညှပ်ဖိနပ်နဲ့ဆို ကွီးတို့ရဲ့စတိုင်လ်ကျမှုက အားနည်းနေမှာဖြစ်ပါတယ်။ ဒါကြောင့် First Date မှာ ရှုးဖိနပ်ကောင်းကောင်း စီးသွားဖို့မှာချင်ပါတယ်။
(၃) ဦးထုပ် / နေကာမျက်မှန်

Photo : Pinterest
ဦးထုပ်ဆောင်း နေကာမျက်မှန်အမဲကြီးတပ်ပြီး ကောင်မလေးကိုသွားတွေ့တာက အနည်းငယ် ရူးကြောင်ကြောင်နိုင်နေပါလိမ့်မယ်။ ကွီးတို့ဟာ စပိုင်တစ်ယောက်မဟုတ်သလို တစ်စုံတစ်ခုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာမဟုတ်ရင် ဦးထုပ်နဲ့ နေကာမျက်မှန်တွေကိုအိမ်မှာပဲထားခဲ့လိုက်ပါ။ Hair Style သပ်သပ်ရပ်ရပ်နဲ့ ခပ်သန့်သန့်စတိုင်လ်နဲ့ပဲ ကောင်မလေးကိုသွားတွေ့သင့်ပါတယ်။
(၄) Accessories တွေ

Photo : Pinterest
Accessories ပစ္စည်းတွေ ရှုပ်ရှက်ခတ်နေအောင်ဆင်ထားမယ်ဆိုရင် ကွီးတို့ရဲ့ဖက်ရှင်စတိုင်လ်က ကြည့်လို့ အဆင်ပြေနေမှာ မဟုတ်ပါဘူး။ ကြိုးတွေအများကြီး တို့လို့တွဲလောင်း ဝတ်ထားတာမျိုး ၊ လက်ပတ်တွေအများကြီး ပတ်ထားတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ စတိုင်လ်ကျကျနဲ့ ကွီးတို့ကြည့်ကောင်းနေဖို့အတွက်ဆို လက်ပတ်နာရီကောင်းကောင်းတစ်လုံးဝတ်ထားရင်ပဲ လုံလောက်ပါပြီ။
(၅) ဟဲဗီးဖက်ရှင်ပုံစံများ

Photo : Focused Collection
ကောင်မလေးရဲ့အထင်ကြီးမှုရဖို့ ဖက်ရှင်ကို ဟဲဗီးဖြုတ်သွားတာမျိုးမလုပ်ပါ။ အကောင်းစား Suit ကြီးဝတ်မှ ကွီးတို့ကိုဖက်ရှင်ကျစေတာမဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိစေမယ့် တော်သင့်ရုံဖက်ရှင်မျိုး ရွေးချယ်တာ First Date အတွက်ပိုသင့်တော်ပါတယ်။
Featured Photo : The New Yorker
