ရုပ်ရှင်အညွှန်းတွေနဲ့ အရည်အသွေးတွေ အကဲဖြတ်တဲ့ Rotten Tomatoes ဆိုတာ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ နားမစိမ်းတဲ့ နာမည်တစ်ခုပါပဲ။ ရုပ်ရှင်ကားတစ်ကားထွက်လာပြီဆိုရင် Rotten Tomatoes မှာ Rating ဘယ်လောက်ရသလဲ ပြေးပြေးကြည့်တတ်ကြပါတယ်။ တကယ်တော့ ရုပ်ရှင်အနုပညာကို Review ဆိုက်တစ်ခုရဲ့ သတ်မှတ်ချက်နဲ့ အနုပညာမြောက်/မမြောက် သတ်မှတ်ဖို့ ခက်ပါတယ်။

ဒါပေမယ့်လည်း များသောအားဖြင့် ရုပ်ရှင် Review ဝက်ဘ်ဆိုက်တွေက အညွှန်းကပဲ ဇာတ်ကားတစ်ကားကို လူကြည့်များအောင် စွမ်း‌ဆောင်နိုင်တာကြောင့် အလေးထားဖို့တော့ လိုပါလိမ့်မယ်။ အခုတစ်ခေါက်မှာ ပြီးခဲ့တဲ့ ၂၀၂၀ တုန်းက ထွက်ခဲ့တဲ့ ရုပ်ရှင်ကားပေါင်းများစွာထဲကမှ Rotten Tomatoes က Rating အမြင့်ဆုံး ပေးထားတဲ့ ရုပ်ရှင်ကားတွေအကြောင်း ပြောပြချင်ပါတယ်။ ကြိုပြောချင်တာ တစ်ခုက ဒီ Rating အညွှန်းနဲ့ ပရိသတ်တို့အကြိုက် ကိုက်ချင်မှကိုက်မယ်ဆိုတာပါပဲ။

(၁) One Night In Miami

One Night In Miami

Photo: independent

Rotten Tomatoes မှာ Rating ၉၈% ရထားတဲ့ ကားပါ။ ဒီကားဟာ ၁၉၆၄ က ညတစ်ညကို ဇာတ်အိမ်ပြုထားပြီး အားကစား ၊ ဂီတ နဲ့ တက်ကြွလှုပ်ရှားမှု နယ်ပယ်က နာမည်ကျော် ၄ ဦးဟာ လက်ဝှေ့သမိုင်းရဲ့ အကြီးကျယ်ဆုံး ကသိကအောက်ဖြစ်စရာပွဲကြောင့် တွေ့ဆုံကြပါတယ်။

ကားဆီးယပ်စ်ကလေးကနေ မိုဟာမက်အလီလို့ နာမည်ပြောင်းလိုက်တဲ့ လက်‌ဝှေ့ကျော် မိုင်ယာမီကွန်ဗင်းရှင်းခန်းမမှာ ဟဲဗီးဝိတ်ချန်ပီယံ ဆွန်နီလစ်စတန်ကို အငြင်းပွားဖွယ် နိုင်သွားခဲ့ပြီးနောက် ဒီဖြစ်ရပ်ကို ကားဆီးယပ်စ်ကလေးက သူ့မိတ်ဆွေသုံးဦးဖြစ်တဲ့ မယ်လ်ကွန်အက်စ် ၊ ဆမ်ကွတ်ကီ နဲ့ ဂျင်မ်ဘရောင်းတို့ကို ပြန်ပြောပြပါတယ်။

(၂) Portrait of A Lady On Fire

portrait of a lady on fire

Photo: vanityfair

ဒီကားက ဒရာမာရုပ်ရှင်ကားတကားဖြစ်ပါတယ်။ ၁၇၇၀ ခုနှစ်က ပြင်သစ်နယ်စားကတော်ကြီးရဲ့ သမီးတောင်ငယ်ဟာသူမရဲ့ မင်္ဂလာဆောင်ပုံတူပန်းချီဆွဲပေးတဲ့ အမျိုးသမီးပန်းချီဆရာမနဲ့ ချစ်ကျွမ်းဝင်သွားတဲ့အကြောင်းရိုက်ထားတာပါ။ Rotten Tomatoes က Rating ၉၈% ပေးထားပါတယ်။

(၃) Minari

Minari

Photo: The New Yorker

Minari က ကိုရီးယား-အမေရိကန် ရွှေ့ပြောင်းမိသားစုအကြောင်း ရိုက်ထားတာပါ။ American Dream လို့ ခေါ်တဲ့ ရွှေအိပ်မက်တွေ သားဖောက်ဖို့ အန်ကန်ဆတ်တောင်ယာလေးထဲ ပြောင်းရွှေ့လာတဲ့ မိသားစုအကြောင်းပါ။ ဘဝသစ်မှာ ရုန်းကန်ရင်း ရွှေ့ပြောင်းမိသားစုတွေရဲ့ ဘဝနဲ့ အခက်အခဲတွေကို လှစ်ဟပြနေတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်လည်း Rating ၉၈% ရထားပါတယ်။

(၄) The Invisible Man

The Invisible Man

Photo: The Jakarta Post

The Invisible Man က လျှို့ဝှက်သည်းဖိုကားထဲမှာ ပါပါတယ်။ Suicide လုပ်သွားတယ်ဆိုတဲ့ ရူးကြောင်ကြောင် ဘီလျံနာသိပ္ပံပညာရှင်ရဲ့ ဇနီးဟာ မမြင်နိုင်တဲ့ ကိုယ်ပျောက်လူသား သူ့ယောင်္ကျားရဲ့ နောက်ယောင်ခံမှုက လွတ်ဖို့ ပြေးပါတယ်။ အိမ်ထောင်ရေးပြဿနာတွေအကြားမှာ ကိုယ်ပျောက်သိပ္ပံပညာရှင် ဘီလျံနာရဲ့ နှောင့်ယှက်မှုကို ဘယ်လို ကျော်လွှားခဲ့သလဲဆိုတာ ကြည့်ရမှာပါ။ Rating ၉၂% ရထားတဲ့ ကားပါ။

(၅) Ma Rainey’s Black Bottom

Ma Rainey's Black Bottom

Photo: USA Today

ဒီရုပ်ရှင်ကို Rotten Tomatoes က Rating ၉၇% ပေးထားပါတယ်။ ရုပ်ရှင်အမျိုးအစားက သမိုင်း ဒရာမာကားပါ။ Blues ဂီတရဲ့ မိခင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကမ္ဘာကျော်ဂီတပညာရှင် မာရိန်းနီအကြောင်း ရိုက်ထားတာပါ။ လူမည်းတစ်ယောက် ထိပ်တန်းဂီတပညာရှင်အဖြစ် ကျော်ကြားအောင် တက်လာတဲ့ခရီးနဲ့ သူကြုံခဲ့တဲ့ အရှုပ်အထွေးတွေကို အတ္ထုပ္ပတ္တိရုပ်ရှင်ဆန်ဆန် ကြည့်ရမှာပါ။ Musical Drama အမျိုးအစားဖြစ်လို့ ဂီတရဲ့ ဖမ်းစားမှုပါ ခံစားရမယ့်ရုပ်ရှင်ဖြစ်ပါတယ်။

Featured Photo: Irish Film Critic