Semi-Formal ဖက်ရှင်ဆိုတာ အလွယ်ပြောရရင် ဒင်နာဝတ် ဖက်ရှင်နဲ့ Business Professional ဖက်ရှင်အကြားက စတိုင်ပါပဲ။ သိပ်ပြီး Dressy မဖြစ်သလို သမရိုးကျ Black Tie ဖက်ရှင်လည်း မဆန်တာကြောင့် မင်္ဂလာပွဲတက်အဖြစ် ဝတ်နိုင်သလို ပြခန်းဖွင့်ပွဲ ၊ လုပ်ငန်းဆိုင်ရာ စီးပွားရေးကွန်ဖရင့်တွေ နဲ့ ကော်ဇောနီအခမ်းအနားမျိုးတွေလည်း ဝတ်လို့ ရပါတယ်။

Semi-Formal တွေက သိပ် Formal ဆန်လို့ မဖြစ်သလို Denim Jacket ၊ Bomber ၊ Sneaker နဲ့ Sweatshirt လိုဖက်ရှင်တွေနဲ့လည်း ဝတ်လို့ မဖြစ်ပါဘူး။ ဒီဆောင်းပါးမှာတော့ Semi-Formal ဖက်ရှင် ဝတ်ရာမှာ သိသင့်တဲ့အချက်တချို့ မျှဝေပေးထားပါတယ်။

(၁) Tops

Semi-Formal-Accessories

Photo: Next Luxury

Semi-Formal ပွဲတစ်ခု တက်ဖို့အတွက် ရွေးလိုက်တဲ့ အင်္ကျီဟာ လက်ရှည် Button Down ဖက်ရှင်ဒီဇိုင်းမျိုး ဖြစ်ဖို့ လိုပါတယ်။ အပြာ ၊ မီးခိုး ၊ အနက် ၊ ပန်းရောင်အဖျော့တွေ ဝတ်လို့ ရပါတယ်။ အဖြူရောင်လက်ရှည်ရွေးတာကတော့ ဘယ်တော့မှ မှားစရာမရှိပါဘူး။ Button Don Long Sleeved ရှပ်လက်ရှည်အပေါ်မှာ Suit Coat ၊ Pant တို့နဲ့ လိုက်ဖက်တဲ့ Vest တစ်ထည် ထပ်ဝတ်နိုင်ပါတယ်။

Suit Trouser လို့ ခေါ်တဲ့ Suit နဲ့ဝတ်တဲ့ ဘောင်းဘီကို တခြား Jacket မျိုးနဲ့ တွဲမဝတ်သင့်သလို Suit Coat ကိုလည်း Suit Trouser မဟုတ်တဲ့ ဘောင်းဘီမျိုးနဲ့ တွဲမဝတ်သင့်ပါဘူး။ Semi-Formal မှာ Classic Suit ကို ခေတ်မီ Modern Fit ဖြစ်တာရွေးဝတ်ဖို့ လိုပါတယ်။ အရောင်အနေနဲ့ အပြာ/မီးခိုး ၊ မီးခိုးရင့် နဲ့ အနက်တွေက Semi-Formal ပွဲတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး ညဘက် တက်ရမယ့်ပွဲဆိုရင် အရောင်ပိုရင့်တဲ့ နက်ပြာ ၊ အနက်နဲ့ နီညိုရင့်ကာလာတွေ ဝတ်နိုင်ပါတယ်။

(၂) Bottoms

Semi-Formal-Bottoms

Photo: Next Luxury

များသောအားဖြင့် Suit Coat နဲ့ တွဲဝတ်မယ့် ဘောင်းဘီဟာ Suit မှာ သုံးတဲ့ ချည်သားမျိုး ဖြစ်ဖို့ လိုပါတယ်။ တကယ်လို့ Dress Pant နဲ့ Blazer တွဲဝတ်မယ်ဆိုရင် Dress Pant ဟာ Well-Tailored ဖြစ်ပြီး ကွက်တိကိုယ်လုံးနဲ့ ကိုက်နေဖို့ လိုပါတယ်။ သေးလွန်းကြီးလွန်းရင် ဘယ်လိုမှ လိုက်ဖက်မှာ မဟုတ်ပါဘူး။

Semi-Formal ပွဲအတွက် Footwear ရွေးမယ်ဆို Sneaker လို Casual Footwear တွေ ဘယ်တော့မှ မဝတ်ဖို့ လိုပါတယ်။ Boat Shoes ၊ Tuxedo Shoes ၊ Oxfords ၊ Brogues နဲ့ အကောင်းစား Loafer မျိုးတွေ စီးနိုင်ပါတယ်။

Featured Photo: Next Luxury