ဘရန်ဒန် ရော့ဂျားစ်ဟာ ချက်ရှိုင်းယားမှာ အိမ်စတင်ရှာဖွေနေပြီလို့ သတင်းတွေက ဖော်ပြခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်တက်နည်းပြသစ်အလုပ်အတွက် သတင်းတွေ ဆက်လက် ကြီးထွားနေပေမယ့်လည်း ၎င်းအနေနဲ့ ခက်ခဲတဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Photo: The Bangkok Post
မန်ချက်စတာယူနိုက်တက် ဘုတ်အဖွဲ့ဟာ လီဗာပူးလ်၊ မန်ချက်စတာစီးတီးအသင်းတို့ကို အိမ်ကွင်းမှာ ဆက်တိုက် ရှုံးနိမ့်ခဲ့ပေမယ့်လည်း နည်းပြ ဆိုးလ်ရှားကို ဆက်လက်ထောက်ခံနေတယ်ဆိုပေမယ့် အသင်းရဲ့စွမ်းဆောင်ရည် မတိုးတက်လာခဲ့ဘူးဆိုရင် အခြားရွေးချယ်စရာနဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဆိုးလ်ရှားအနေနဲ့ နိုင်ငံတကာအားလပ်ရက်အပြီးမှာ နောက်ထပ် ပွဲကြပ်တွေ ဆက်တိုက်ကစားသွားရဖို့ ရှိနေပြီး ဗီလာရီးရဲလ်၊ ချဲလ်ဆီးတို့နဲ့ ယှဉ်ပြိုင်ကစားပြီးနောက် ဒီဇင်ဘာလအစမှာ အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ ဒီပွဲစဉ်တွေမှာ ရလဒ်ကောင်း မျှော်လင့်နိုင်စွမ်းမရှိတော့တာကြောင့် ဆိုးလ်ရှားရဲ့အိုးထရက်ဖို့ဒ်က အချိန်တွေကို အဆုံးသတ်ဖို့ ဖြစ်နိုင်ခြေတွေကို စဉ်းစားနေပြီဖြစ်ပြီး လက်စတာစီးတီးနည်းပြ ဘရန်ဒန် ရော့ဂျားစ်က နည်းပြသစ်ဖြစ်လာမယ့်သူအဖြစ် ရှင်းရှင်းလင်းလင်း ရေပန်းအစားဆုံးဖြစ်နေခဲ့တာဖြစ်ပါတယ်။

Photo: TEAMtalk
လက်ရှိမှာတော့ လက်စတာစီးတီးနည်းပြဟာ ယူနိုက်တက်ကစားသမားအများအပြား နေထိုင်တဲ့နေရာဖြစ်တဲ့ ချက်ရှိုင်းယားမှာ အိမ်သစ် လိုက်ရှာနေပြီး မန်ချက်စတာယူနိုက်တက်နည်းပြအလုပ်နဲ့ ပိုမိုနီးကပ်တဲ့နေရာကို ပြောင်းရွှေ့လာတော့မယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
ရော့ဂျားစ်ဟာ အသင်းသစ်အတွက် စဉ်းစားပြီး နီးစပ်တဲ့နေရာမှာ မိသားစုနဲ့နေထိုင်ဖို့ အိမ်သစ်တစ်လုံး ရှာဖွေနေတာလို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဒီနှစ်မကုန်ခင်မှာ မန်ချက်စတာ ယူနိုက်တက်နည်းပြရာထူးကို လက်ခံဖို့ ကြိုတင်ပြင်ဆင်နေပြီဆိုတဲ့ ကောလာဟလတွေက ပိုမိုပြင်းထန်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့က ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘတ်ဂျက် ချမပေးဖို့ ဆုံးဖြတ်ထားတာကြောင့် ရော့ဂျားစ်အနေနဲ့ ယခုရာသီမှာ ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေတဲ့ လက်ရှိလူစာရင်းနဲ့ပဲ မဖြစ်ဖြစ်အောင် လုပ်သွားရမှာဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။
Featured Photos: Skysport
