သင်သည် ငယ်ရွယ်သူတစ်ယောက်ဖြစ်ပြီး အခုမှလုပ်ငန်းခွင်ထဲသို့ ဝင်ရောက်မှာပါလား။ ဒါဆိုရင်တော့ ဘယ်အလုပ် လုပ်ရမှန်းမသိ ကိုယ့်ရဲ့ရည်မှန်းချက်က ဘာမှန်းမသိတဲ့ ဒွိဟဖြစ်နေတဲ့စိတ်များ ခံစားရမှာ အမှန်ပါပဲ။

ဒီလိုမျိုး မိမိပန်းတိုင် မိမိအိပ်မက်က သဲသဲကွဲကွဲမရှိတဲ့အခါ စိတ်ညစ်ရတာအမှန်ပါပဲ။ ထိုအခြေအနေမှ လွန်မြောက်ဖို့ရန်အတွက် အောင်မြင်ကျော်ကြားသူများရဲ့ ကျင့်သုံးတဲ့ နည်းလမ်းကောင်းများနဲ့ အကြံပေးစကားများကို ဝေမျှပေးလိုက်ရပါတယ်။

နှိမ့်ချစိတ်ထားကာ မိမိကိုယ်ကို ထိန်းချုပ်ပါ

Successful People Share their Best Career Advice for Men

၂၀၁၀ တုန်းက Yahoo နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာ ကမ္ဘာကျော် သူဌေးကြီး Warren Buffett သည် ဒီအကြံပေးစကားကို ပြောကြားခဲ့တာပါ။ မာန်မာနထောင်လွှားခြင်းမရှိဘဲ ဒီနေ့လုပ်ရမယ့်ကိစ္စကို အကောင်းဆုံးလုပ်ဆောင်ရပါမယ်။ အပြောနဲ့ သက်သေမပြဘဲ အလုပ်နဲ့ သက်သေပြကာ မနက်ဖြန်မှာ ဘယ်လိုရလာဒ်မျိုး ရလာမလဲဆိုတာကို စောင့်ဆိုင်းနိုင်တယ် လို့ ပြောကြားခဲ့ပါတယ်။

ကိုယ်ပိုင်လမ်းကြောင်း ဖန်တီးပါ

Successful People Share their Best Career Advice for Men

Photo Source: Oprah.com

ဒီအကြံပေးစကားကိုတော့ Maya Angelou သည် သူ့ရဲ့ The Best Advice I Ever Got ဆိုတဲ့ စာအုပ်ထဲမှာ ရွေးချယ်ဖော်ပြထားတာဖြစ်ပါတယ်။ တကယ်လို့ ကမ္ဘာကြီးက သင် မနှစ်သက်တဲ့ လမ်းကြောင်းပေါ် ပို့လိုက်တယ်ဆိုပါစို့။ သင်သည် အရှေ့သို့လည်း ဆက်မလျှောက်ချင်ဘူး။ လာရာလမ်းကြောင်းအတိုင်း ပြန်လှည့်ဖို့ရာမှာလည်း ကိုယ့်ရဲ့အားစိုက်ထုတ်မှုတွေ အချည်းနှီး ဖြစ်သွားမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ ရောက်တဲ့နေရာကနေ ကိုယ်ပိုင်လမ်းကြောင်းအသစ် တီထွင်လိုက်ပါလို့ Maya Angelou က အကြံပေးထားပါတယ်။

အရှုံးကို ပွေ့ဖက်ပါ

Successful People Share their Best Career Advice for Men

Photo Source: Mediaindonesia.com

J.K. Rowling တစ်ယောက် ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတစ်ယောက်မဖြစ်လာခင်မှာ သူ(မ)သည် Single Mom တစ်ယောက်အဖြစ် ရပ်တည်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ(မ)ရဲ့ Harry Potter ဝတ္တုသည်လည်း စာအုပ်ထုတ်ဝေသူများရဲ့ အကြိမ်ကြိမ်ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။

သူ(မ)သာ ထိုအချိန်မှာ လက်လျော့ခဲ့မယ်ဆိုရင် Harry Potter ဆိုတာလည်း တိတ်တဆိတ်လေးပဲ ပျောက်ကွယ်သွားမှာပါ။ သူ(မ)သည် ကျရှုံးမှုကို ထွေးပိုက်ကာ ထိုကျရှုံးခြင်းသည် အောင်မြင်မှုအတွက် ရှေ့ပြေးလက်ဆောင်လို့ သတ်မှတ်ခဲ့တာကြောင့် အခုလိုမျိုး J.K. Rowling ဆိုပြီးဖြစ်လာခဲ့တာပါ။

Source: Weforum.org