အပူအစပ်တွေ အစားများပြီး အစာမကြေဖြစ်ကာ ဝမ်းဗိုက်မအီမသာဖြစ်လို့ စိတ်ညစ်နေရပါသလား။ အစာချေစနစ်ကောင်းမွန်ပြီး အစာအိမ်ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ရန်အတွက် အခုဖော်ပြပေးမယ့် Smoothies များကို သောက်သုံးနိုင်ပါတယ်။
ထောပတ်သီးဖျော်ရည် Smoothies

နွားနို့ ဖန်ခွက် ၁ ခွက်ခွဲစာ၊ ထောပတ်သီး တစ်ခြမ်း၊ ကိုက်လန်ရွက်အနည်းငယ်၊ ဘယ်ရီသီးအနည်းငယ်၊ သစ်ကြားသီး လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများကို သစ်သီးဖျော်စက်ထဲထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ထောပတ်သီး Smoothies ဖျော်ရည်လေး ရရှိသွားပါပြီ။
ဘယ်ရီသီးဖျော်ရည် Smoothies

နွားနို့ ဖန်ခွက် ၁ ခွက်ခွဲစာ၊ အအေးခံထားသော ဘယ်ရီသီးများ ဖန်ခွက် တစ်ဝက်စာ၊ ဟင်းနုနွယ်ရွက်အနည်းငယ်နှင့် အခွံခွာထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများကို သစ်သီးဖျော်စက်ထဲထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဘယ်ရီသီး Smoothies ဖျော်ရည်လေး ရရှိသွားပါပြီ။
ဘယ်ရီသီးနှင့် ထောပတ်သီးဖျော်ရည်

ဒီဖျော်ရည်ကို ဖျော်ဖို့ရန်အတွက် နွားနို့ ဖန်ခွက် ၁ ခွက်ခွဲစာ၊ ဆလပ်ရွက် ပန်းကန်လုံး ၁ လုံးစာ၊ ကိုက်လန်ရွက် ပန်းကန်လုံးတစ်လုံးစာ၊ ဘယ်ရီသီး ပန်းကန်လုံး တစ်ဝက်စာနှင့် ထောပတ်သီးတစ်ခြမ်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများကို သစ်သီးဖျော်စက်ထဲထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဘယ်ရီသီးနှင့် ထောပတ်သီး Smoothies ဖျော်ရည်လေး ရရှိသွားပါပြီ။
ထိုဖျော်ရည်များထဲကမှ မိမိကြိုက်နှစ်သက်တဲ့ဖျော်ရည်တစ်မျိုးမျိုးကို ပုံမှန်ဖျော်သောက်ပေးပါက ကျန်းမာတဲ့အစာအိမ်ကို ပိုင်ဆိုင်နိုင်ပါတယ်။
Source: Eatthis.com
Featured Image Source: Mensjournal
