ဘဝမှာ ပြောင်းလဲမှုအကြီးကြီးတွေလုပ်နိုင်ဖို့ အလေ့အကျင့်သေးသေးလေးတွေကနေပဲ စတင်ကြရတာပါ။ သင့်ဘဝကို ယခုထက်ပိုမိုတိုးတက်ကောင်းမွန်အောင်ပြောင်းလဲနိုင်ဖို့ဆို ကောင်းမွန်တဲ့ အလေ့အကျင့်တွေနဲ့ စတင်ဖို့လိုပါတယ်။ ဒီတစ်ခေါက် ဆောင်းပါးလေးမှာတော့ ကွီးတို့ရဲ့ ဘဝကိုတိုးတက်အောင်မြင်အောင် ပြောင်းလဲပေးနိုင်မယ့် အလေ့အကျင့်တွေအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။
(၁) တုန့်ပြန့်မှုမလုပ်ခင် အရင်စဉ်းစားပါ
Photo : Unsplash
သင့်ကို ဒေါသထွက်စေ (သို့) စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ တစ်စုံတစ်ရာကို မြင်ရ ကြားရတဲ့အခါ စိတ်အလိုအလိုက် ချက်ချင်းတုန့်ပြန့်မှုမျိုး မလုပ်ပါနဲ့။ ဒီလိုအချိန်မှာ ဒေါသနဲ့ မကောင်းမြင်စိတ်က ရာခိုင်နှုန်းပိုများနေတဲ့အတွက် အဆိုးဘက်ကို ပိုဦးတည်သွားနိုင်ပါတယ်။ ဒါကြောင့် ကိစ္စတစ်ခုကို တုန့်ပြန့်မှုမလုပ်ခင်အရင်ဆုံး ပြန်သုံးသပ်တက်တဲ့အကျင့်ကို မွေးပါ။
(၂) ငြင်းပယ်တက်အောင် ကြိုးစားပါ
Photo : Tes
အခြေအနေတိုင်းမှာ Yes ဆိုတဲ့စကားကို သုံးဖို့မလိုပါဘူး။ မှားနေတဲ့အရာကို ငြင်းပယ်မှုမရှိရင် အမှားတွေက အမှန်ဖြစ်လာတက်ပါတယ်။ ဒါကြောင့် ငြင်းပယ်ဖို့လိုတဲ့နေရာတွေမှာ ပြတ်ပြတ်သားသား ငြင်းပယ်ရဲတဲ့ သတ္တိကိုမွေးမြူပါ။
(၃) လက်တွေ့လုပ်ဆောင်ပါ
Photo : Ladders
တစ်စုံတစ်ခုကို လိုချင်တဲ့အခါ စိတ်ကူးယဉ်နေရုံနဲ့ သင်တကယ် လက်တွေ့ရနိုင်မှာ မဟုတ်ပါဘူး။ စိတ်ကူးတွေကို လက်တွေ့အကောင်အထည် ဖော်နိုင်မှာသာ လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်ဆီရောက်နိုင်မှာပါ။ ဘယ်အရာမဆို စိတ်ကူးဆိုတဲ့နေရာမှာပဲ ရပ်တန့်မနေပဲ လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရလဒ်ကို ဖမ်းဆုပ်ဖို့ လိုပါတယ်။
(၄) ကိုယ်စွမ်းကိုယ်စကို အသုံးချပါ
Photo : Pxfuel
လူတိုင်းမှာ ပင်ကိုယ်အရည်အချင်း ၊ လုပ်နိုင်ကိုင်နိုင်စွမ်းနဲ့ ကိုယ်စွမ်းကိုယ်စတွေ ကိုယ်စီရှိကြပါတယ်။ အများစုက ကိုယ့်ရဲ့အစွမ်းအစကို အသုံးမချပဲနေမိတဲ့အတွက် အစွမ်းအစတွေက တိမ်မြုပ်နေရခြင်း ဖြစ်ပါတယ်။ ကိုယ်ကဘယ်အရာတွေမှာတော်လဲ ၊ ဘာတွေထူးချွန်လဲဆိုတာ ပြန်လေ့လာပြီး ကိုယ်ပိုင်အစွမ်းအစကို ကောင်းစွာအသုံးချခြင်းဖြင့် တိုးတက်အောင်မြင်တဲ့ ဘဝတစ်ခုကို ပုံဖော်လို့ရနိုင်ပါတယ်။
Featured Photo : Ladders