ပြောစရာအကြောင်းအရာများ ဝေဝေဆာဆာပေါများနေချိန်မှာတော့ စကားပြောရတာမခက်ခဲပေမယ့် ပြောစရာအကြောင်းအရာများ ရှာမတွေ့တော့တဲ့အခါ အခြေအနေက ကြောင်စီစီနိုင်လွန်းလှပါတယ်။
အခုဖော်ပြပေးမယ့်အချက်များကို ကျင့်သုံးကြည့်မယ်ဆိုရင်တော့ လူတိုင်းက သင်နဲ့စကားပြောရတာကို ကြိုက်နှစ်သက်ပြီး သင် ကြိတ်ခရက်ရှ်နေတဲ့ ကောင်မလေးကလည်း သင်နဲ့အတူတူ အချိန်ဖြုန်းကာ စကားပြောရတာကို သဘောကျလာပါလိမ့်မယ်။
မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပါ

သာမန်စကားလက်ဆုံကျရုံပဲဟာ Confidence ရှိဖို့ လိုလို့လားလို့ ဝေခွဲမရဖြစ်မနေပါနဲ့။ သင်နဲ့ စကားပြောနေတဲ့သူတစ်ယောက်က စကားပြောနေချိန်မှာ သင့်မျက်လုံးကို မကြည့်ဘဲ သင့်အကြည့်ကို ရှောင်ပြီး အကြည့်တွေက ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ဂဏှာမငြိမ်ဖြစ်နေတဲ့အခါ သင် ဘယ်လိုခံစားရပါမလဲ။
သူနဲ့ စကားပြောချိန်စိတ်ရှိမှာမဟုတ်တာတော့ အမှန်ပါပဲ။ ထိုကဲ့သို့သော အပြုအမူမျိုးကို သင်ကိုယ်တိုင် မပြုလုပ်မိဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်သားကို ကြောက်သလိုလို အားနာသလိုလိုဖြစ်နေတဲ့ ထိုအပြုအမူသည် တကယ်တမ်းကျတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိလို့ပဲဖြစ်ပါတယ်။
ပြုံးပါ

စကားပြောနေစဉ်အတွင်း လျစ်ခနဲ ပြုံးပြလိုက်ခြင်းသည် တစ်ဖက်သားကို သက်သောင့်သက်သာဖြစ်စေပြီး သင်ကိုယ်တိုင်အတွက်လည်း ဆွဲဆောင်မှုတိုးစေပါတယ်။ တကယ်လို့ သင်တို့နှစ်ယောက်က တစ်ခါမှ စကားမပြောဖူးဘူးဆိုရင်တောင်မှ အပြုံးနဲ့ နှုတ်ဆက်ကာ ရင်းနှီးမှုကို အစပျိုးနိုင်ပါတယ်။ အပြံးသည် သင်တို့နှစ်ယောက်ကြားထဲက တံတိုင်းတစ်ခုကို ဖြိုချပေးနိုင်သည်အထိ အစွမ်းထက်ပါတယ်။
ပျင်းရိဖွယ်ကောင်းသော မေးခွန်းများကို ရှောင်ကြဉ်ပါ

ထမင်းစားပြီးပြီလား။ ဘာဟင်းနဲ့စားလဲ စတဲ့ ပျင်းရိဖွယ်ကောင်းတဲ့ မေးခွန်းတဲ့မေးမယ့်အစား ပိတ်ရက်ကို ဘယ်လိုဖြတ်သန်းခဲ့သလဲ။ ပိတ်ရက်မှာ ဘာတွေလုပ်ဖြစ်လဲ စတဲ့ စိတ်ဝင်စားဖွယ်ရာမေးခွန်းမျိုးနဲ့ အစပျိုးလိုက်ပါ။ ဒါမှ တစ်ဖက်လူကလည်း အဖြေများများနဲ့ ပြန်ဖြေနိုင်ပြီး အချိန်ကြာကြာစကားလက်ဆုံကျနိုင်မှာမဟုတ်လား။
သူတို့ရဲ့အဖြေကို ပြန်သုံးပြီး မေးခွန်းပြန်မေးပါ

စောစောက အဖြေထဲမှာ သူ(မ)သည် ပိတ်ရက်မှာ ရုပ်ရှင်ကြည့်ဖြစ်တယ်၊ စာအုပ်ဖတ်ဖြစ်တယ်ဆိုရင် ထိုအရာများ ပြုလုပ်ရတာကို ဝါသနာပါတာလား။ အားလပ်ချိန်ကို ဘယ်လိုအချိန်ကုန်ဆုံးရတာ ကြိုက်နှစ်သက်သလဲ စသဖြင့် မေးခွန်းပြန်ထုတ်ပြီး တစ်ဖက်သားအတွက် စိတ်ဝင်စားဖွယ်ရာကောင်းအောင် ဖန်တီးနိုင်ပါတယ်။
ဟာသဉာဏ်ရွှင်ပါစေ

များသောအားဖြင့် ဟာသဉာဏ်ရွှင်တဲ့လူများသည် လူချစ်လူခင်ပေါပြီး ထိုသူတွေနဲ့ စကားလက်ဆုံကျဖို့ကိုလည်း ဝန်မလေးကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဟာသဉာဏ်ရွှင်သောသူများနဲ့ စကားပြောရတာ သူတို့ကို စိတ်လက်ပေါ့ပါးစေလို့ပါပဲ။ Formal ဆန်ဆန် တည်တည်တံ့တံ့ စကားပြောတာမျိုးကိုတော့ အစည်းအဝေးခန်းထဲမှာပဲ ထားခဲ့လိုက်ပါ။
ဒီအချက်တွေကို သိထားပြီဆိုရင်တော့ သင် ကြိတ်ခရက်ရှ်နေတဲ့ကောင်မလေးအပါအဝင် အခြားသူများသည်လည်း သင်နဲ့ စကားပြောရတာကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို မခံစားရတော့ပါဘူး။
Source: Lovepanky.com
Featured Image Source: Lovepanky.com
