လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယို မာနေးဟာ မိုဟာမက် ဆာလားကို တိုးမြှင့်ပေးမယ့် လစာပမာဏအတိုင်း ၎င်းရဲ့လစာကို တိုးပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။

Sadio Mane and Mo Salah Celebrated

Photo: Eurosport

ဆီနီဂေါလက်ရွေးစင်ကြယ်ပွင့်ဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်း ပြန်လည်ပိုင်ဆိုင်နေသူဖြစ်ပြီး ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၇ ဂိုး သွင်းယူထားတဲ့ ကစားသမားဖြစ်ပါတယ်။ လက်ရှိမှာ မိုဟာမက်ဆာလားဟာ လီဗာပူးလ်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်နေရာမှာ ရှိထားပြီး မာနေးအဖို့ကတော့ ‌ပုံမှန်ခြေစွမ်းပြန်ရလာတဲ့အဆင့်ပဲ ရှိ‌နေတာပါ။ ဒါပေမယ့်လည်း မာနေးဟာ ဆာလားနဲ့ တန်းတူလစာတိုးတောင်းတဲ့အပေါ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအတွက် ကြယ်ပွင့်တိုက်စစ်မှူး တစ်ဦး သို့မဟုတ် ၂ ဦးစလုံးကို ဆုံးရှုံးရမယ့်အလားအလာက ကမ္ဘာပျက်သလို ဖြစ်လာမှာဖြစ်ပြီး ထိုက်သင့်တဲ့ပမာဏမရဘဲ ထွက်ခွာခွင့်ပြုဖို့ မလွယ်သလို ၂ ယောက်စလုံးကိုလည်း လစာ တိုးပေးဖို့ မဖြစ်နိုင်တဲ့ အခြေအနေဖြစ်နေတာဖြစ်ပါတယ်။ ဒါကြောင့် မာနေးရဲ့ တောင်းဆိုမှုဟာ လီဗာပူးလ်ဘုတ်အဖွဲ့ရဲ့ ထည့်သွင်းစဉ်းစားမှုမှာ အနည်းဆုံးဖြစ်မှာဖြစ်ပြီး မို ဆာလားရဲ့စာချုပ်သစ်ကလည်း လက်ရှိအချိန်အထိ သဘောတူညီမှု မရရှိသေးတာဖြစ်ပါတယ်။

Sadio Mane

Photo: Football Talk

ဒါကြောင့် မာနေးအနေနဲ့ ၎င်းရဲ့ စာချုပ်အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် စောင့်ဆိုင်းရကောင်း စောင့်ဆိုင်းရနိုင်ပြီး လီဗာပူးလ်နည်းပြ ကလော့ပ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှာ ဘယ်လိုကစားသမားသစ် ခေါ်ယူမှုမှ ပြုလုပ်သွားမယ့်ပုံ မပေါ်တာဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ အာဖရိကတိုက်စစ်မှူး ၂ ဦးစလုံးကို ထိန်းသိမ်းထားဖို့အတွက် သဘောတူညီမှု ပြုလုပ်နိုင်မယ့် အခွင့်အရေးတွေ ရှိနေတယ်ဆိုပေမယ့်လည်း ကြယ်ပွင့်ကစားသမားအများအပြားကို ခေါ်ယူမယ့်ကိစ္စကလည်း ဆက်လက် အလှမ်းကွာသွားတော့မှာဖြစ်ပါတယ်။

Featured Photo: Sportskeeda