လူတိုင်းလူတိုင်းအတွက် ကျန်းမာရေးက သိပ်ကိုအရေးကြီးပါတယ်။ ငယ်ရွယ်တုန်းမှာ ကျန်းမာခြင်းရဲ့အကျိုးကျေးဇူးတွေကို သိပ်ပြီးသတိမထားမိကြပေမယ့် အသက်တဖြေးဖြေးရလာတာနဲ့အမျှ ကျန်းမာခြင်းရဲ့တန်ဖိုးကို ပိုပိုပြီး သိလာရမှာပါ။ ကျန်းမာခြင်းအကြောင်းပြောရာမှာ အရေးပါတဲ့ အဓိကအခြေခံအုတ်မြစ်က စားသောက်မှုပုံစံပဲလို့ ပြောရပါမယ်။

အစားအသောက်က လူတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ် အများကြီးအကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကျန်းမာတဲ့လူမှုဘဝကို ပိုင်ဆိုင်ချင်တဲ့ အမျိုးသားတိုင်းလိုက်နာရမယ့် စားသောက်မှုပုံစံတွေကို ပြောပြပေးချင်ပါတယ်။

(၁) အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ပိုစားပါ

fruits and vegetables

Photo : Medibank

လက်ဆတ်တဲ့ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်များ မြင့်မားစွာပါဝင်ပြီး ကယ်လိုရီနည်းတာကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။ များသောအားဖြင့် သစ်သီးဝလံနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးတာကြောင့် နေ့တိုင်းမှာ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တွေ များများပိုစားပေးပါ။

(၂) အသား/ ငါး စားပါ

meat, poultry, and fish

Photo : Medical News Today

ပရိုတင်းဓာတ် အရင်းအမြစ်ဖြစ်တဲ့ ကြက်သား ၊ အမဲသား ၊ ငါးတွေကိုလည်း ပုံမှန်စားပေးသင့်ပါတယ်။ ပရိုတင်းဓာတ်က ခန္ဓာကိုယ်ကြွက်သားများကို ကြံ့ခိုင်သန်မာစေပြီး ကျစ်လစ်တောင့် တင်းတဲ့ ဘော်ဒီရဖို့ အထောက်အကူပြုပါတယ်။ အသားတွေစားတဲ့အခါ အရေခွံလိုအဆီပါဝင်မှုများတဲ့အပိုင်းတွေကို ဖယ်စားပေးပါ။ နောက်ပြီး ဆီများများနဲ့ ချက်ပြုတ်တာထက် ပြုတ်တာ / ပေါင်းတာမျိုးက ကျန်းမာရေးနဲ့ ပိုပြီး သင့်တော်ပါတယ်။

(၃) ပြုပြင်ထားတဲ့ အစားအစာတွေရှောင်ပါ

Processed Foods
Photo : Shape Magazine

Fast Food တွေ ၊ ပြုပြင်ထားတဲ့အသားတွေ ၊ ရေခဲရိုက်အစားအစာတွေနဲ့ ကြာရှည်ခံအောင် ဓာတုဆေးတွေအသုံးပြုထားတဲ့ အစားအစာတွေဟာ ကျန်းမာရေးအတွက် လုံးဝသင့်လျော်မှုမရှိတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ဒီလိုအစားအစာတွေမှာ မကျန်းမာတဲ့အဆီတွေ ၊ အငန်ဓာတ်နဲ့ ကယ်လိုရီပါဝင်မှုများတာကြောင့် အဝလွန်ခြင်းနှင့် နာတာရှည်ရောဂါတွေကိုဦးတည်နေစေတဲ့ အစားအစာတွေလို့ပြောနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်  ပြုပြင်ထားတဲ့ အစားအစာတွေ တက်နိုင်သလောက် ရှောင်ပါ။

(၄) အချိန်မှန်စားပါ

Family eating dinner

Photo : HelloGiggles

ယနေ့ခေတ် အလုပ်များသော အမျိုးသားတွေအနေနဲ့ အစားစားချိန် ပုံမှန်မရှိတာမျိုးတွေ များပါတယ်။ တကယ်တော့ အစားစားချိန်မမှန်တာကလည်း ကျန်းမာရေးအပေါ် ဆိုးကျိုးများစွာသက်ရောက်မှု ရှိစေပါတယ်။ မနက်စာ ၊ နေ့လည်စာ နဲ့ ညစာတွေကို အချိန်မှန်မှန် မစားဘူးဆိုရင်ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို ကမောက်ကမဖြစ်စေပြီး အစာအိမ်ပြဿနာ ၊ အူလမ်းကြောင်းဆိုင်ရာပြဿနာများနဲ့ ပုံမှန်မဟုတ်တဲ့အစားစားချင်စိတ်ကိုဖြစ်စေတဲ့အတွက် အဝလွန်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။

(၅) ရေသောက်ပါ

man drink water in bed

Photo : Layla Sleep

ခန္ဓာကိုယ်အတွက် ပင်မအသက်သွေးကြောက ရေဓာတ်ပါပဲ။ အမေရိကန် သိပ္ပံနှင့်ဆေးပညာဆိုင်ရာသုတေသီတွေရဲ့အဆိုအရတော့ အမျိုးသားတစ်ယောက်ရဲ့ တစ်နေ့တာ ရေသောက်သုံးဖို့လိုတဲ့ ပမဏာက ၃.၅ လီတာလို့ဆိုထားပါတယ်။ နေ့စဉ်လိုအပ်တဲ့ ရေဓာတ်ပမာဏကို ဖြည့်တင်းခြင်းဖြင့် ကျန်းမာရွှင်လန်းပြီး စွမ်းအင်ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။

Featured Photo : Modius Health