ငွေကြေးနဲ့ပတ်သတ်ရင် အသေးအမွှားလေးကအစ စည်းစနစ်ရှိဖို့လိုပါတယ်။ ငွေကိုကောင်းစွာစီမံခန့်ခွဲတက်မှလည်း ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး သောကနည်းစေမှာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ လူတိုင်းနားလည်ထားရမယ့် အခြေခံအကျဆုံး ငွေကြေးစည်းမျဉ်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) စည်းကမ်းတကျသုံးပါ


Photo : Tom’s Guide

ငွေသုံးစွဲရာမှာ စည်းကမ်းတကျရှိဖို့ပြီး ငွေကိုရိုရိုသေသေသုံးတက်ရင် ငွေကြေးဆိုင်ရာမှာ စိတ်ပင်ပန်းမှုနည်းပြီလို့ သာမှတ်လိုက်ပါ။ စနစ်မကျတဲ့ ငွေကြေးအသုံးအစွဲတွေ ၊ အထိန်းကွပ်မဲ့ အချေးအငှားတွေနဲ့သာ ငွေကို မရိုသေဘူးဆိုရင်တော့ ရှာသလောက် လောင်ငှနိုင်မှာမဟုတ်ပါဘူး။

(၂) လစဉ် အရန်ငွေဖယ်ထားပါ

Photo : N26

မမျှော်လင့်တဲ့အခြေအနေအကြောင်းကြောင်းကြောင့် အရေးပေါ်ငွေသုံးရတဲ့အချိန်တွေ ရှိလာနိုင်ပါတယ်။ ဒီလို အခြေအနေတွေအတွက် လစဉ်ကိုယ့်ဝင်ငွေကနေ တစ်ချို့တစ်ဝက်ကို သီးသန့် ဖယ်စုထားသင့်ပါတယ်။ ဒါမှလည်း မမျှော်လင့်ထားတဲ့ အခြေအနေအတွက် စိတ်အေးရမှာပါ။

(၃) အသုံးစရိတ်စိစစ်ပါ

Photo : Westend61

သင်ရှာထားတဲ့ ငွေတွေကို ဘယ်နေရာတွေမှာ ပြန်သုံးနေမိလဲဆိုတာ ပြန်လည်စိစစ်ဖို့လိုပါလိမ့်မယ်။ ထွက်ငွေရဲ့ လမ်းကြောင်းကို အလေးထားတာဟာ မလိုလားအပ်တဲ့ ငွေကြေးသုံးစွဲမှုတွေကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်လစဉ်မှာ ကိုယ်ဘယ်နေရာတွေမှာ ငွေသုံးမိနေလဲဆိုတဲ့ အသုံးစရိတ်စာရင်းကို ပြုစုထားဖို့ အကြံပေးချင်ပါတယ်။

(၄) ရည်မှန်းချက်ထားပါ

Photo : Eiopa – europa.eu

ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုအတွက် တင်ကြိုပြီး ငွေကြေးဆိုင်ရာ ရည်မှန်းချက် ပန်းတိုင် ချမှတ်ထားသင့်ပါတယ်။ ငွေကြေးဆိုင်ရာရည်မှန်းချက်ထားတာဟာ ကိုယ်ရှာထားတဲ့ ငွေကို ထိန်းသိမ်းဖို့ နဲ့ ငွေစုဆောင်းခြင်းအလေ့အကျင့်ရဖို့အတွက် အရေးပါတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : Freepik