ကိုယ် စိတ်ဝင်စားနေတဲ့ ကောင်မလေးနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ရန်အတွက် ကြိုးပမ်းနေတဲ့အချိန်သည် အခက်ခဲဆုံးအချိန်လို့ ပြောလို့ရပါတယ်။ သူ့ဘက်ကရော ကိုယ့်ကို စိတ်ဝင်စားရဲ့လားဆိုတာ မသေချာ မရေရာတဲ့အချိန်မှာ ကိုယ့်ဘက်က အရင်ဦးဆုံး စကားစပြောရတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့တော့လိုအပ်ပါတယ်။

ကိုယ့်ဘက်က မက်ဆေ့ချ်အရင်ပို့ပြီး စကားပြောတဲ့အခါမှာလည်း ကိုယ် ပို့တဲ့မက်ဆေ့ချ်က ပျင်းရိငြီးငွေ့ဖွယ်မကောင်းအောင်လို့ သိထားသင့်တဲ့ဆောင်ရန်ရှောင်ရန်လေးတွေကို ဝေမျှပေးချင်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာဖြင့် စတင်ကာ ကိုယ်က အရင်ဆုံး မက်ဆေ့ချ်စပို့ပါ

tips for men not to be a dry texter

Photo Source: Mb.com.ph

သူကချည်းပဲ အရင်စပို့ရမယ်လို့ မယူဆပါနဲ့။ လူတိုင်းသည် ကိုယ်ကချည်းပဲ အရင်စနေရတယ်လို့ ခံစားရတဲ့အခါ အလွယ်တကူ စိတ်ပျက်သွားတတ်ကြပါတယ်။ သူနဲ့ စကားပြောဖို့ အစပြုတဲ့အခါ ကိုယ် ပို့လိုက်တဲ့ မက်ဆေ့ချ်က စိတ်ဝင်စားဖို့ကောင်းအောင် ရယ်သွမ်းသွေးနေအောင် ပို့ရပါမယ်။

သူ(မ) ပြန်ပို့တဲ့စာကို သေသေချာချာဖတ်ပါ

tips for men not to be a dry texter

Photo Source: Eternitymarketing.com

လူအများစုက စာရဲ့ဆိုလိုရင်းကို နားမလည်တဲ့အခါ ဘယ်လိုစာပြန်ရမလဲမသိတာကြောင့် “LOL” ဆိုတဲ့စကားလုံးဖြင့်ပဲ အမြန်ပြန်တတ်ကြပါတယ်။ ဒီလိုပြန်လိုက်မယ်ဆိုရင်တော့ သင့်ဘက်က သူ(မ)နဲ့ စကားပြောရတာ ငြီးငွေ့နေတဲ့ပုံပေါက်နေပါတယ်။ သူ(မ) ပို့တဲ့စာကို သမန်ကာလျှံကာ မဖတ်ဘဲ သေသေချာချာဖတ်ပြီးမှ စာပြန်ပါ။

အမှန်တကယ်စကားလက်ဆုံကျနေသည့်အလား စာပြန်ပါ

tips for men not to be a dry texter

ဘယ်လိုမက်ဆေ့ချ်ပို့ရမှန်းမသိဖြစ်နေတယ်ဆိုရင် သူ(မ)နဲ့ အပြင်မှာ တကယ်စကားပြောနေသယောင် စဉ်းစားကြည့်လိုက်ပါ။ လက်တွေ့ဘဝမှာ အမှန်တကယ်စကားပြောနေသယောင် ပုံဖော်လိုက်ခြင်းအားဖြင့် စာပြန်ရတာ ပိုမိုလွယ်ကူတာကို တွေ့မြင်ရပါလိမ့်မယ်။

ကိုယ့်ရဲ့ Personality ကို ထုတ်ပြရမှာ မကြောက်ပါနဲ့

tips for men not to be a dry texter

သူ(မ)ရှေ့မှာမို့ သူ(မ)အထင်ကြီးအောင် ဟန်ဆောင်ပန်ဆောင်နဲ့ ဟိတ်ကြီးဟန်ကြီးနေနေရခြင်းက သင့်ကို ကြာလာရင် စိတ်ပင်ပန်းလာစေပါလိမ့်မယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်ပန်ကိုပဲ ထုတ်ပြပါ။ သင့်ကို သင်ဖြစ်နေလို့ စိတ်ဝင်စားတာမျိုးဖြစ်နေရပါမယ်။ သင် မဟုတ်ဘဲ အခြားလူတစ်ယောက်အဖြစ် ဟန်ဆောင်နေရခြင်းကိုလည်း တစ်ဖက်က ရိပ်စားမိသွားတဲ့အခါ စိတ်ပျက်သွားနိုင်ပါတယ်။

အီမိုဂျီများ Memes များသုံးပြီး စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးပါ

tips for men not to be a dry texter

Photo Source: Bonobology.com

ကိုယ့်အလုပ်ရှင်၊ အထက်လူကြီးများနဲ့ အမေးအဖြေ လုပ်နေတာမဟုတ်တဲ့အတွက်ကြောင့် ရုပ်တည်ကြီးနဲ့ Serious ထားပြီး စာပြန်စရာမလိုပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာကောင်းအောင်လို့ စာပြန်ပါ။ ဒါ့ကြောင့်လည်း စတေကာများ၊ အီမိုဂျီများကို ထည့်သွင်းပေးထားတာမဟုတ်လား။ ထိုအရာများကို လက်တွေ့အသုံးတည့်အောင် အသုံးချနိုင်ပါတယ်။

Source: Lovepanky.com

Featured Image Source: Askmen.com