နာမည်ကြီးကုမ္ပဏီအများအပြားက ကားဒီဇိုင်းအသစ်နဲ့ မော်ဒယ်အသစ်များကို သူ့ထက်ငါ အပြိုင်အဆိုင်ထုတ်လုပ်လျက်ရှိပြီး ဒီဇိုင်းမျိုးစုံ မော်ဒယ်မျိုးစုံဖြင့် ကားချစ်သူများကို ဆွဲဆောင်လျက်ရှိပါတယ်။

ထိုကဲ့သို့ ကားမော်ဒယ်အမျိုးမျိုးဖြင့် ဆွဲဆောင်လျက်ရှိတဲ့အနက် အကောင်းဆုံးအင်ဂျင်များ၊ နည်းပညာများ အသုံးပြုကာ တီထွင်ထုတ်လုပ်ထားတဲ့ ကမ္ဘာ့အမြန်ဆုံးကားတွေသည်လည်း လူကြိုက်များပါတယ်။

ဘယ်လိုကားဒီဇိုင်းတွေကို ကမ္ဘာ့အမြန်ဆုံးကားတွေအဖြစ် ထုတ်လုပ်လျက်ရှိသလဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါ။

McLaren F1

The Fastest Cars in the World for Men

ပထမဆုံး အစမ်းမောင်းကြည့်တဲ့အခါမှာတော့ ဒီကားသည် တစ်နာရီလျှင် ၂၃၁ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ကြောင်း တွေ့ရှိရပါတယ်။

Koenigsegg Gemera

The Fastest Cars in the World for Men

ဒီကားကတော့ ဒီနှစ်ထုတ်ကားဖြစ်ပြီးတော့ တစ်နာရီလျှင် ၂၄၉ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ၁.၇ မီလီယံဒေါ်လာဖြင့် ဝယ်ယူနိုင်ပါတယ်။

McLaren

The Fastest Cars in the World for Men

McLaren တံဆိပ်ကိုမှ ၂၀၂၀ မော်ဒယ်ဖြစ်ပါတယ်။ သူ့ရဲ့အမြန်နှုန်းကတော့ တစ်နာရီလျှင် ၂၅၀ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။ ကားရဲ့တန်ဖိုးကတော့ ဒေါ်လာ ၂ မီလီယံရှိပါတယ်။

Aston Martin Vlkyrie

The Fastest Cars in the World for Men

သူကတော့ တစ်နာရီလျှင် ၂၅၀ မိုင်နှုန်းနဲ့ မောင်းနှင်နိုင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃ မီလီယံရှိပါတယ်။

Koenigsegg Regera

The Fastest Cars in the World for Men

၂၀၁၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပေမယ့် နည်းပညာအနည်းငယ်ချို့ယွင်းမှုကြောင့် ၂၀၁၆ မှ စတင်ထုတ်လုပ်နိုင်ခဲ့တဲ့ မော်ဒယ်အမျိုးအစားဖြစ်ပါတယ်။ တစ်နာရီလျှင် ၂၅၁ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။

Bugatti Veyron 16.4

The Fastest Cars in the World for Men

ကားရဲ့ဒီဇိုင်းကလည်း ကားချစ်သူများအကြား လူကြိုက်များပြီး တစ်နာရီလျှင် ၂၅၃ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်သည်အထိ မြန်ပါတယ်။

SSC Ultimate Aero TT

The Fastest Cars in the World for Men

အဖြူအမဲ ဒီဇိုင်းကိုမှ ကားတံခါးကို အတောင်ပံသဏ္ဍာန် ဖြန့်ကားထားနိုင်အောင် တီထွင်ထားတာကြောင့် လူငယ်အများစု ကြိုက်နှစ်သက်ကြပါတယ်။ တစ်နာရီလျှင် ၂၅၆ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။

Bugatti Chiron

The Fastest Cars in the World for Men

အပြာရောင်ကိုမှ Tone မတူတဲ့ အရောင်နှစ်မျိုး ရောစပ်ထားပြီး ကားတံခါးကို အတွင်းထဲမှာ မြှုပ်နေတဲ့ဒီဇိုင်းမျိုး တီထွင်ထားတာဖြစ်ပါတယ်။ ကားရဲ့မီးလုံးဒီဇိုင်းတွေကလည်း နှစ်လိုဖွယ်ရာကောင်းလှတာကြောင့် ကားချစ်သူ မျက်စိကျကြပါတယ်။ တစ်နာရီလျှင် ၂၆၁ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး ဈေးနှုန်းကတော့ ၃ မီလီယံဒေါ်လာဖြစ်ပါတယ်။

Bugatti Veyron Super Sport

The Fastest Cars in the World for Men

Classic ဖြစ်တဲ့ ဒီဇိုင်းမျိုးကိုမှ နှစ်သက်တယ်ဆိုရင်တော့ ၂၀၁၀ – ၂၀၁၁ ခုနှစ်ထုတ် Bugatti Veyron Super Sport ကို ရွေးချယ်သင့်ပါတယ်။ အမြန်နှုန်း စစ်ဆေးချက်အရ သူသည် တစ်နာရီလျှင် ၂၅၈ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်တာကို တွေ့ရှိရပါတယ်။

Koenigsegg Agera RS

The Fastest Cars in the World for Men

အနက်ရောင်ကိုမှ လိမ္မော်ရောင် ဖောက်ထားတဲ့ဒီဇိုင်းမျိုးဖြစ်ပြီး သူ့ရဲ့အမြန်နှုန်းကတော့ တစ်နာရီလျှင် ၂၇၇.၉ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။

Source: Motortrend.com

Featured Image Source: Motortrend.com