ကိုယ့်ကိုယ်ကို မှတ်ဉာဏ်စွမ်းရည်လျော့နည်းနေပြီလို့ ခံစားနေရပြီလား။ တစ်ခါတစ်ရံ အလုပ်များတဲ့အချိန်တွေမှာ မေ့မေ့ပျောက်ပျောက်ဖြစ်တဲ့ အခိုက်အတန့်တွေ ရှိတက်ပါတယ်။ ဒါဟာ ပုံမှန်ပဲလို့ဆိုနိုင်ပေမယ့် မှတ်ဉာဏ်အားနည်းခြင်းက နေ့စဉ်ဘဝမှာ အခက်အခဲတွေများစွာ ကြုံတွေ့ ရစေနိုင်ပါတယ်။ ဒါပေမယ့်စိတ်မပူပါနဲ့ ကွီးတို့အနေနဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပြန်ပြီး တိုးတက်အောင် လုပ်လို့ရမယ့် အလေ့အကျင့်တွေရှိပါတယ်။ ဘယ်လိုအလေ့အကျင့်တွေဖြစ်မလဲဆိုတာ‌ လေ့လာကြည့်ရအောင်ပါ။

(၁) တရားထိုင်ပါ

 young man meditating

Photo : GQ

တရားထိုင်ခြင်းက ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို တိုးတက်စေပြီး စိတ်စုစည်းမှုကို အားကောင်းစေကာ Long Term Memory (မှတ်ဉာဏ်ရှည်) ကို ပိုမိုကောင်းမွန်စေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်အာရုံပြန့်လွင့်ခြင်းကိုလည်း လျော့နည်းစေပြီး အာရုံစူးစိုက်မှုပိုကောင်းလာအောင် ကူညီပေးနိုင်ပါတယ်။

(၂) သကြားစားသုံးမှုလျော့ပါ

Man Eating Sugar

Photo : iStock

အချိုဓာတ်လွန်ကဲတဲ့အစားအစာတွေ၊ ဖျော်ရည်တွေအလွန်အကျွံ စားသုံးခြင်းဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေပိုများစေပြီး ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို လျော့ကျပျက်စီးစေနိုင်ပါတယ်။ အဝလွန်ခြင်း ၊ သွေးတိုး ၊ ဆီးချိုရောဂါကဲ့သို့ ကျန်းမာရေး ပြဿနာတွေနဲ့လည်း ဆက်စပ်မှုရှိတာကြောင့် သကြားစားသုံးမှုကို တက်နိုင်သလောက်လျော့ချ သင့်ပါတယ်။

(၃) အိပ်ရေးဝဝအိပ်ပါ

 Man Sleeping In Bed

Photo : Parents

အိပ်စက်ခြင်းဟာ ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးတဲ့ သော့ချက်တစ်ခုပါပဲ။ လေ့လာမှုများအရ တစ်ရက်ကို ၇ နာရီကနေ ၉ နာရီကြား ပြည့်ပြည့်ဝဝအိပ်စက်အနားယူခြင်းက ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းအားကို တိုးတက်ကောင်းမွန်စေပြီး တွေးတောဆင်ခြင်နိုင်စွမ်းနဲ့ ဖန်တီးမှုစွမ်းရည်ကို ပိုမိုကောင်းမွန်စေနိုင်တယ်လို့ သိရပါတယ်။

(၄) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

man push up
Photo : Men’s Health

ဦးနှောက်လန်းဆန်းစေပြီး မှတ်ဉာဏ်တိုးစေမယ့် နောက်ထပ်အချက်တစ်ခုက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးတာပါပဲ။ ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းစေဖို့ လေ့ကျင့်ခန်းမှန်မှန်လေးလုပ်ဖို့ လိုပါတယ်။ တစ်ရက်ကို ၄၅ မိနစ်လောက် အချိန်ပေးပြီးကိုယ်ခန္ဓာကျန်းမာသန်စွမ်းအောင် အပြေးလေ့ကျင့်တာ၊ လမ်းလျှောက်တာ၊ စက်ဘီးနင်းတာ စတဲ့ အားကစားတစ်ခုခု အမြဲပုံမှန်လုပ်ဆောင်ပါ။

(၅) ဦးနှောက်လေ့ကျင့်ခန်းလုပ်ပါ

 Man writing on book

Photo : Verywell Mind

ကျန်းမာကြံ့ခိုင်ဖို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ရသလို ဦးနှောက်စွမ်းရည်တိုးတက်ဖို့ လေ့ကျင့်ခန်းတွေလုပ်ရပါမယ်။ ပဟေဠိတွေဖြေကြည့်တာ ၊ စာအုပ်ဖတ်တာ ၊ ကိန်းဂဏန်းနဲ့ နံပါတ်တွေ အလွတ်မှတ်တာ ၊ တစ်နေ့တာလုပ်ဆောင်ခဲ့တဲ့အရာတွေကို ပြန်တွေးပြီး စာရေးတာ ၊ အသစ်တစ်ခုခု လေ့လာသင်ယူတာစသည်ဖြင့်ပေါ့။ သင့်ဦးနှောက်ကို လေ့ကျင့်ပေးလေ့လေ့ မှတ်ဉာဏ်စွမ်းရည်ပိုမိုတိုးတက်လေဖြစ်ပါတယ်။

Featured Photo : Healthline