ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သော ယောကျာ်းများသည် သူတို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးသာမက အသားအရေကျန်းမာရေးကိုလည်း ဂရုစိုက်လာကြပါတယ်။ အခုဆိုရင် အမျိုးသားများအတွက် အသားအရေပျက်စီးကြမ်းတမ်းနေတဲ့ နေ့ရက်များနဲ့ ရှင်သန်နေထိုင်ရတဲ့အချိန်များသည် ကုန်လွန်ခဲ့ပြီပါပြီ။

ဒါ့အပြင် အသားအရေကျန်းမာစိုပြေခြင်းသည် ကိုယ့်ရဲ့ Confidence ကို တိုးတက်စေနိုင်တယ်ဆိုတာကို အမျိုးသားများလည်း ယုံကြည်လက်ခံလာကြပြီပဲ ဖြစ်ပါတယ်။

အမျိုးသမီးများရဲ့ အသားအရေနဲ့ အမျိုးသားများရဲ့အသားအရေကို နှိုင်းယှဉ်ရမယ်ဆိုလျှင် အမျိုးသားများသည် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ရှိကြတဲ့အတွက်ကြောင့် ထိုနေရာတဝိုက်သည် အသားအရေပိုမိုကြမ်းတမ်းလေ့ရှိပါတယ်။

tips for men with normal skin

စက်ဘီးစီးခြင်း၊ ဆိုင်ကယ်စီးခြင်း၊ အကာအကွယ်မပါဘဲ နေပူထဲသွားခြင်းတို့ ထပ်ပေါင်းထည့်လိုက်တဲ့အခါမှာတော့ ကိုယ့်ရဲ့အသားအရေက ရစရာမရှိအောင် ပျက်စီးသွားတတ်ပါတယ်။

အစကတော့ ကိုယ့်ရဲ့အသားအရေက ပုံမှန်အသားအရေဆိုပေမယ့် တဖြည်းဖြည်းပျက်စီးယိုယွင်းလာတာကို သတိမူမိတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများနဲ့ ကိုယ့်အသားအရေကို ပြန်လည်ဝင်းပကြည်လင်လာအောင် ဖန်တီးနိုင်ပါတယ်။

လိမ္မော်ရည်နှင့် နနွင်းမှုန့် အသုံးပြုပါ

tips for men with normal skin

Photo Source: Popsugar.com

လိမ္မော်သီးသည် ဗီတာမင်စီများ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အသားအရေကို ကြည်လင်ဝင်းပဖို့အတွက် ကူညီပေးပါတယ်။ ပြုလုပ်နည်းကလည်း လွယ်ကူပါတယ်။

နနွင်းမှုန့် လက်တစ်ဖျစ်စာခန့်ကို လိမ္မော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောနှောလိုက်ပါ။ ထို့နောက် မျက်နှာပေါ်တွင် သုတ်လိမ်းပြီး မိနစ် ၂၀ ခန့် ပေါင်းတင်လိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ မျက်နှာသစ်လိုက်လို့ရပါပြီ။ ပုံမှန်ပေါင်းတင်ပေးမယ်ဆိုရင်တော့ သင့်အသားအရေက အရင်အတိုင်းပြန်လည် ကြည်လင်လာမှာဖြစ်ပါတယ်။

သင်္ဘောသီး အသုံးပြုပါ

tips for men with normal skin

Photo Source: Cornershopapp.com

ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ သင်္ဘောသီးမှည့်ထက် မမှည့်သေးတဲ့သင်္ဘောသီးကို အသုံးပြုသင့်ပါတယ်။ သင်္ဘောသီးအစိမ်းမှာ အသားအရေကို ချေးချွတ်ပေးတဲ့ အင်ဇီုင်းဓာတ်များ ပိုမိုပါဝင်လို့ပဲ ဖြစ်ပါတယ်။

အရင်ဦးဆုံး သင်္ဘောသီးကို အခွံခွာလိုက်ပါ။ ထို့နောက် အတုံးသေးသေးများတုံးပြီးနောက် ဖျော်စက်ထဲထည့်ကာ အနှစ်များရလာအောင် ပြုလုပ်လိုက်ပါ။ ထို့နောက်ရရှိလာတဲ့အနှစ်ကို မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ပြည့်တဲ့အခါမှာတော့ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်ချလိုက်လို့ရပါပြီ။

Source: India.com

Featured Image Source: Lewisburgplastic.com