နေ့စဉ်အလေ့အထတွေက လူတစ်ယောက်ရဲ့ တိုးတက်အောင်မြင်မှုအတွက် များစွာအရေးပါပါတယ်။ တော်တဲ့ထက်တဲ့ အမျိုးသားအများစုမှာ ကောင်းမွန်တဲ့ နေ့စဉ်အလေ့အထတွေ များစွာရှိကြပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို မြင့်တက်စေပြီး အောင်မြင်တိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် ထူးချွန်ထက်မြက်တဲ့ယောကျ်ားတို့ရဲ့ နေ့စဉ်အလေ့အထတွေထဲကတချို့ကို ကွီးတို့လေ့လာအတုယူနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

(၁) အလေ့အကျင့်ကောင်းတွေနဲ့ မနက်ခင်းကို စတင်တယ်

man running at morning

Photo : Boss Hunting

လေ့လာမှုတွေအရ အောင်မြင်တိုးတက်သူအများစုဟာ မနက်ခင်းစောစော အိပ်ရာထလေ့ရှိကြပြီး ကောင်းမွန်တဲ့အလေ့အကျင့်တွေနဲ့ တစ်နေ့တာကို အစပျိုးကြပါတယ်။ မနက်ခင်းမှာ စွမ်းဆောင်ရည် တိုးတက်စေမယ့်အရာတွေအတွက် အချိန်တချို့ ရင်းနှီးမြုပ်နှံ့လေ့ရှိ ကြပါတယ်။ ဘယ်လိုအရာတွေလဲဆိုတော့ လေ့ကျင့်ခန်းလုပ်တာ ၊ တရားထိုင်တာ ၊ စာအုပ်ဖတ်တာ ၊ တစ်နေ့တာအတွက် ကြိုတင်ပြင်ဆင်တာ ၊ မနက်စာကောင်းကောင်းစားတာ စတဲ့အရာတွေနဲ့ တစ်နေ့တာကို အစပြုကြတာ ဖြစ်ပါတယ်။

(၂) Digital Detox လုပ်တယ်

 Man pressing the power button on a laptop computer to turn off smartphone, social media disconnect

Photo : Vecteezy

စမတ်ဖုန်းတွေ ၊ ဆိုရှယ်မီဒီယာတွေက ကျွန်တော်နေ့စဉ်ဘဝမှာ အချိန်တော်တော် ယူထားကြတဲ့အရာတွေ ဖြစ်ပါတယ်။ ဒီလို ဖုန်းတွေ ဆိုရှယ်မီဒီယာတွေ အသုံးများခြင်းက စိတ်ကို ညစ်ညူးစေပြီး စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာအဆိပ်အတောက်များဖြစ်စေတာကြောင့် အချိန်အကန့်သတ်နဲ့သာ သုံးသင့်တာပါ။ ထူးချွန်ထက်မြတ်သူတွေကတော့ အချိန်ကုန်ပြီး ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ နည်းပညာပစ္စည်းတွေကို အကန့်အသတ်နဲ့သာ သုံးကြပြီး စိတ်ရောကိုယ်ပါ အကျိုးများစေဖို့ Digital နဲ့ Detox လုပ်တဲ့ အလေ့အကျင့်လည်း ရှိကြပါတယ်။

(၃) အစီအစဉ်တကျ လုပ်ဆောင်ကြတယ်

A step-by-step guide on how to plan

Photo : Alexis Haselberger

ထူးချွန်ထက်မြက်သူတွေဟာ တစ်နေ့တာအတွက် လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သတ်ပြီး ကြိုတင်အစီစဉ်ချလေ့ရှိပါတယ်။ ဒီနေ့မှာ ကိုယ်အတွက်အရေးကြီးတဲ့တာဝန်တွေဘာရှိလဲ ၊ ဘယ်အချိန်မှာ ဘာတွေလုပ်ဆောင်ရမလဲ ဆိုတာနဲ့ ပတ်သတ်လို့ အချိန်ဇယားနဲ့ အတိအကျ အစီအစဉ် ချမှတ်ထားကြတာ ဖြစ်ပါတယ်။ ဒီလို အချိန်ဇယားနဲ့ Plan ချထားခြင်းက အလုပ်လုပ်နိုင်စွမ်းကို တိုးတက်စေသလို တစ်နေ့တာ တာဝန်တွေကိုလည်း အစီစဉ်တကျ ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

(၄) အသေးစား အပန်းဖြေမှုလေးတွေ လုပ်ကြတယ်

Young smiling man with bluetooth headphones relaxing on sofa

Photo : iStock

တစ်ရက်တာကို စွမ်းအင်အပြည့်အဝစိုက်ထုတ်ပြီး အကောင်းဆုံးကျော်ဖြတ်ပြီးချိန်မှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို အားပြန်သွင်းဖို့ အချိန်ပေးသင့်တယ်မဟုတ်လား။ ဒါကြောင့် ထူးချွန်ထက်မြတ်သူတွေဟာ တစ်နေ့တာလုံးအတွက် ပင်ပန်းခဲ့မှုတွေကို အကောင်းဆုံးပြန်လည် အနားယူတဲ့အနေနဲ့ အသေးစားအပန်းဖြေမှုလေးတွေ လုပ်လေ့ရှိကြပါတယ်။ ကမ်းခြေသွားမှ အနားယူတာ မဟုတ်ပါဘူး။ ကိုယ်အကြိုက်ဆုံးသီချင်းလေးတွေနားထောင်တာ ၊ မျက်နှာပေါင်းတင်တာ ၊ စိတ်အေးလက်အေး စာအုပ်ကောင်းတစ်အုပ်ဖတ်ပြီး အချိန်ကုန်ဆုံးတာ စတဲ့အရာလေးတွေနဲ့ လည်း အနားယူအပန်းဖြေလို့ ရနိုင်ပါတယ်။

Featured Photo : Medium