T-shirts ဆိုတာ ယောကျာ်းလေးတိုင်းရဲ့ အဝတ်ဗီရိုထဲမှာ ရှိတဲ့ အင်္ကျီအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ T-shirts တွေက ပေါ့ပါးပြီး သက်တောင့်သက်သာရှိတယ် ၊ ဘယ်နေရာမဆို ဝတ်လို့ရတယ် ၊ စတိုလ်ကျပြီ လူငယ်ဆန်တဲ့ ဖက်ရှင်အသွင်ကို ပေးတဲ့အကောင်းဆုံးဖက်ရှင်ပဲ ဖြစ်ပါတယ်။ ဒီခေါက်မှာတော့ ယောကျာ်းလေးတွေအတွက် မတူညီတဲ့ T-shirts အမျိုးအစားအလိုက် စတိုင်လ်ကျအောင်ဝတ်လို့ရမယ့် နည်းလေးတွေမျှဝေပေးချင်ပါတယ်။
(၁) Plain T-shirts
Photo : Dmarge
အမျိုးသားတိုင်းမှာ ရိုးရိုး Plain T-shirts တစ်ထည်တော့ အနည်းဆုံးရှိထားသင့်ပါတယ်။ Plain T-shirts တွေက နေရာစုံ ဝတ်နိုင်တဲ့ ဘက်စုံသုံးဖက်ရှင် အမျိုးအစားပဲ ဖြစ်ပါတယ်။ အဖြူရောင် ၊ အပြာရောင်နဲ့ အနက်ရောင် Plain T-shirts တွေကို ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ ဖက်ရှင်ကျမိမိုက်နေမှာ အမှန်ပါပဲ။ အားကစားလုပ်သူတွေအနေနဲ့လည်း ပေါ့ပါးပြီးစတိုင်လ်ကျတဲ့ Plain T-shirts တွေဝတ်ဆင်ပြီးပေါ့ပါးလွတ်လပ်စွာ အားကစားလုပ်နိုင်ပါတယ်။
(၂) Printed T-shirts
Photo : Dmarge
Printed Tees တွေဟာလည်း ရိုးရိုးပြောင် Tees တွေလိုပဲ လွတ်လပ်ပေါ့ပါးမှုရှိပြီး Plain T-shirts တွေထက်ကို လူငယ်ဆန်တဲ့ ဖက်ရှင်အသွင်ကိုရစေမှာဖြစ်ပါတယ်။ Graphic Tees ၊ Band T-Shirt ၊ Logo T-Shirt စတဲ့ လူငယ်ဆန်ဆန်နဲ့ Street Style ဖက်ရှင်အသွင်မျိုး ပေးနိုင်မယ့် Printed T-shirts တွေကို ဂျင်း သိုမဟုတ် Joggers ၊ Sneaker တွေနဲ့ တွဲဝတ်နိုင်ပါတယ်။
(၃) Striped T-shirts
Photo : Dmarge
Breton T-shirt လို့လည်းလူသိများတဲ့ အစင်းတွေပါတဲ့ Striped T-shirts အင်္ကျီအမျိုးအစားကတော့ ကမ္ဘာပေါ်က ဖက်ရှင်အကျဆုံး ယောကျ်ားလေးတွေ ရွေးချယ်တဲ့ T-shirts ဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ Black/Blue Denim Jeans ၊ Pattern တွေမပါတဲ့ ရိုးရိုး Chinos သို့မဟုတ် Plain Trousers တွေနဲ့ တွဲဖက်ဝတ်ဆင်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ဘော်ဒီတောင့်တဲ့ အမျိုးသားတွေအတွက် ဒေါင်လိုက်အစင်း Striped T-shirts တွေက ကြွက်သားတွေကို ပိုကြွစေပြီ ဘော်ဒီအလှကို ပေါ်စေမှာဖြစ်ပေမယ့် ပိန်တဲ့သူတွေအနေနဲ့ ဒေါင်လိုက်အစင်း T-shirts တွေကိုလက်ရှောင်ဖို့ အကြံပြုချင်ပါတယ်။
(၄) Henley T-shirts
Photo : Dmarge
Henley T-shirts တွေက လည်ပင်းကြယ်သီးပါ T-shirts အမျိုးအစားဖြစ်ပြီး သက်လတ်ပိုင်း အမျိုးသားတွေအတွက် လိုက်ဖက်ဆုံးရွေးချယ်သင့်တဲ့ T-shirts ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ Henley Shirt ဝတ်မယ်ဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ ကွက်တိဖြစ်တဲ့ ဆိုဒ်ကိုသေချာရွေးချယ်ရမှာပါ။ အဓိကအားဖြင့် အားကစားသမားတွေ Gym ကစားသူတွေလို ရင်ဘတ်နဲ့ လက်မောင်း ကြွက်သားရှိသူတွေပိုဝတ်သင့်ပြီး ဘော်ဒီအလှကိုပေါ်လွင်စေကာယောက်ျားပီသတဲ့ အသွင်ကိုဖော်ဆောင်ပေးမှာဖြစ်ပါတယ်။ အနီရောင်၊ အဖြူ၊ အနက်၊ အညိုရောင် Henley T-shirts တွေကို Blue / Grey Denim Jeans နဲ့ တွဲဖက်လို့အကောင်းဆုံးဖြစ်ပါတယ်။ Henley T-shirt နဲ့ ဂျင်းတွဲဖက်ဝတ်မယ်ဆို Leather shoes / Boots တွေ စီးဖို့လည်းမမေ့ပါနဲ့။
Featured Photo : Cool Material