ဆောင်းတွင်းသို့ တဖြည်းဖြည်းချဉ်းနင်းဝင်ရောက်လာသည်နှင့်တပြိုင်နက် အသားအရေ ယားယံခြောက်သွေ့ခြင်း၊ အသားပက်ခြင်း၊ နှုတ်ခမ်းကွဲခြင်း စသည့် အသားအရေပြဿနာများကို ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုရာသီဥတုအတွက် အသင့်တော်ဆုံးဖြေရှင်းနည်းကတော့ ရေဓာတ်ပြည့်ဝပြီး အသားအစိုဓာတ်ထိန်းပေးရမှာပဲ ဖြစ်ပါတယ်။
မဟုတ်ရင်တော့ အသားအရေသည် လေအေးနဲ့ ထိတွေ့မှုပိုများလေ အသားအရေ ပိုယားယံ ခြောက်သွေ့လာလေပဲ ဖြစ်ပါတယ်။ ဒီလိုအသားပက်ခြင်း၊ အသားအရေယားယံခြင်းမှ ကာကွယ်ပြီး အသားအရေ စိုပြေဖို့ရန်အတွက် ဘယ်လိုပြုလုပ်ပေးရမလဲ။
လက်ဆေးပြီးတိုင်းနှင့် ရေချိုးပြီးတိုင်းမှာ ရေဓာတ်ဖြည့်လိုးရှင်း အသုံးပြုပါ

မျက်နှာသစ်ပြီးတဲ့အချိန်ပဲဖြစ်ဖြစ်၊ လက်ဆေးပြီးတဲ့အချိန်ပဲဖြစ်ဖြစ်၊ ရေချိုးပြီးတဲ့အချိန်ပဲဖြစ်ဖြစ် အသားအရေကို သဘာဝအဆီများ ကြွယ်ဝစွာပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်ဖြင့် လိမ်းကျံပေးလိုက်ပါ။ သဘာဝဆီများသည် အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပြီး အသားအရေ ယားယံခြင်းကို သက်သာစေပါတယ်။
ဆောင်းတွင်းတွင် အသားအရေခြောက်သွေ့တတ်တဲ့ ယောကျာ်းများအတွက် အသင့်တော်ဆုံး ရေဓာတ်ဖြည့်လိုးရှင်းများကတော့ …
CeraVE Daily Moisturizing Lotion

Photo Source: Cerave.com
ဒီတံဆိပ်ကတော့ အရေပြားအထူးကုပညာရှင်များကိုယ်တိုင်ကိုယ်ကျ တီထွင်ထုတ်လုပ်ထားတဲ့ ရေဓာတ်ဖြည့်လိုးရှင်းဖြစ်ပြီး သူ့ထဲမှာ အသားအရေကို အစိုဓာတ်ထိန်းပေးဖို့ရန်အတွက် လိုအပ်တဲ့ Ceramides ၊ Hyaluronic Acid တို့ပါဝင်ပါတယ်။ ဒါ့ကြောင့် ပျက်စီးသွားတဲ့အသားအရေကို သဘာဝအတိုင်းပြန်လည် ပြုပြင်ပေးပါတယ်။
Kiehl’s Ultra Facial Cream

Photo Source: Kiehls.com
ဒီခရင်မ်ကတော့ Lightweight ခရင်မ် အမျိုးအစားဖြစ်တာကြောင့် ခရင်မ်ထူထူကြီးတွေမလိမ်းချင်တဲ့ ယောကျာ်းများအတွက် အထူးသင့်တော်ပါတယ်။ ဆောင်းရာသီမှာ အသားအရေ ပျက်စီးသူများအတွက် သေသေချာချာဖော်စပ်ထုတ်လုပ်ထားတဲ့ ခရင်မ်တစ်မျိုးပါ။
Nivea Soft Moisturizing Crème

Photo Source: Nicebeauty.com
ဒီတံဆိပ်ကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဘရန်းတစ်မျိုး ဖြစ်ပါတယ်။ သူ့ထဲမှာတော့ ဗီတာမင်အီးနှင့် ဂျိုဂျိုးပါးအဆီတို့ ပါဝင်တဲ့အပြင် အသားအရေပေါ် လိမ်းကျံပြီးတဲ့နောက်မှာ ကပ်စေး ကပ်စေး ဖြစ်မနေအောင် အမြန်ဆုံးစုပ်ယူပေးတဲ့အတွက်ကြောင့် အမျိုးသားအများစု ကြိုက်နှစ်သက်ကြပါတယ်။
ခန္ဓာကိုယ်အတွင်းထဲကနေလည်း ရေဓာတ်ဖြည့်ပါ

အသားအရေ စိုပြေနေစေမယ့် နောက်ထပ်လျှို့ဝှက်နည်းလမ်းတစ်ခုကတော့ ရေများများသောက်ကာ ရေဓာတ်ဖြည့်ခြင်းပဲ ဖြစ်ပါတယ်။ လုံလောက်တဲ့ရေဓာတ်ကို မရရှိပါက သင့်ခန္ဓာကိုယ်ဆဲလ်များ ပျက်စီးသွားတတ်ပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ရေများများ သောက်ခြင်း (သို့) ရေဓာတ်ရွှမ်းသော သစ်သီးဝလံများ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းကနေ ရေဓာတ်ဖြည့်နိုင်ပါတယ်။
Source: Healthline.com
Featured Image Source: Abestfashion.com
