မိန်းကလေးများအတွက် ဖောင်းဒေးရှင်းလိမ်းကျံခြင်း၊ ကူရှင်လိမ်းခြင်းတို့သည် သူတို့အတွက် မိတ်ကပ်အပြင်အဆင်တစ်မျိုးဖြစ်ပြီး သူတို့ကို ပိုမိလှပလာအောင် ကူညီပေးသလို ယောကျာ်းများအတွက်တော့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများသည် သူတို့အတွက် မိတ်ကပ်အဆင်အယင်တစ်ခုလိုပါပဲ။

ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးစတိုင်လ်များသည် ကိုယ့်ကို ပိုမိုဆွဲဆောင်မှုတိုးလာအောင် ကူညီပေးပါတယ်။ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများ ထားမယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါမှာလည်း သေချာဂရုတစိုက် ထိန်းထိမ်းသိမ်းသိမ်းထားဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်သည် သန့်ရှင်းသပ်ရပ်မှုမရှိတာကြောင့် ကိုယ့်ရဲ့ ပုံရိပ်ကိုပဲ ထိခိုက်သွားမှာပါ။

ဘယ်လို နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးစတိုင်လ်တွေ ထားရမလဲ အကြံအိုက်နေတဲ့ ယောကျာ်းများအတွက် ကမ္ဘာကျော်ဆယ်လီများရဲ့ စတိုင်လ်ကျ မိမိုက်နေတဲ့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးစတိုင်လ်များကို ဝေမျှပေးချင်ပါတယ်။

နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးရေးရေးလေးနဲ့ ညှို့ငင်အား ကောင်းနေတဲ့ Jon Hamm

different beard style for men

မထူမပါး နှုတ်ခမ်းမွှေးများဖြင့် ဖက်ရှင်ကျနေတဲ့ Keanu Reeves

different beard style for men

နှုတ်ခမ်းမွှေးက မညီမညာနဲ့ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ပေါက်နေလို့ စိတ်မညစ်လိုက်ပါနဲ့ လေးထောင့်စပ်စပ် (သို့) စက်ဝိုင်းပုံစံ ပုံဖော်လိုက်ပါ

different beard style for men

Jason Momoa ရဲ့ ထူထူထဲထဲ နှုတ်ခမ်းမွှေးစတိုင်လ်

different beard style for men

Jason Momoa ထက် ပိုမိုထူထဲရှည်လျားချင်တယ်ဆိုရင်တော့ Viking လူမျိုးတွေ အထားများတဲ့ နှုတ်ခမ်းမွှေးစတိုင်လ်ကို ရွေးချယ်နိုင်ပါတယ်

different beard style for men

စူပါမန်းရဲ့ အမာခံပရိသတ်တွေကတော့ Henry Cavill ရဲ့ နှုတ်ခမ်းမွှေးစတိုင်လ်များ ထားရှိနိုင်ပါတယ်

different beard style for men

Hasan Minhaj ရဲ့ ဆွဲဆောင်မှုရှိတဲ့ မုတ်ဆိတ်မွှေးဖက်ရှင်

different beard style for men

Pierce Brosnan လိုမျိုး မျဉ်းပြိုင်သုံးကြောင်း နှုတ်ခမ်းမွှေးမျိုး ထားချင်တာလား

different beard style for men

လတ်တလောရေပန်းစားနေတဲ့ Michael B.Jordan ရဲ့ နှုတ်ခမ်းမွှေးစတိုင်လ်ကိုလည်း လေ့လာကြည့်လိုက်ပါ

different beard style for men

သင်ရော ဘယ်လိုနှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးစတိုင်လ်ကို သဘောတွေ့ပါသလဲ။

ဒီပုံစံလေးတွေကတော့ ၂၀၂၁ ခုနှစ်အတွင်း ရေပန်းစားတဲ့ နှုတ်ခမ်းမွှေး/ မုတ်ဆိတ်မွှေးပုံစံလေးတွေပဲ ဖြစ်ပါတယ်။

သင့်အနေနဲ့ ထိုပုံစံတွေလိုမျိုး စတိုင်လ်မိမိုက်တဲ့ နှုတ်ခမ်းမွှေး/မုတ်ဆိတ်မွှေး ထားချင်တယ်ဆိုရင်တော့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေအတွက် သီးသန့်ထုတ်လုပ်ပေးထားတဲ့ ဆီများ၊ ခရင်မ်များဖြင့် သေသေချာချာလိမ်းကျံကာ ကိုယ့်ရဲ့ နှုတ်ခမ်းမွှေးများ ကျန်းမာသန်စွမ်းနေအောင် ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

Source: Themanual.com

Fratured Image Source : CuteWallpaper.org