ကိုယ့်ကိုယ်ကိုပေါင်းသင်းဆက်ဆံရေးမှာ အားနည်းနေတယ်လို့ခံစားရပါသလား။ ဒါဆိုရင်တော့ ခင်မင်စရာကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင်ပြောင်းလဲပေးနိုင်မယ့် နည်းလေးတွေ လမ်းညွှန်ပေးပါရစေ။ ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်သူတွေ ကျင့်သုံးတဲ့ နည်းလေးတွေဖြစ်တာကြောင့် သင့်ရဲ့လက်တွေ့ဘဝမှာ အသုံးဝင်စေမှာသေချာပါတယ်။
(၁) အကောင်းမြင်စိတ်ထားပါ
Photo : Eat This, Not That
အကောင်းမြင်စိတ်မွေးမြူခြင်းက သင့်ကိုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ပိုမိုဝင်ဆန့်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် လူတွေအပေါ် အကောင်းမြင်စိတ်ထားပါ။ ပတ်ဝန်းကျင်ကို ကောင်းတဲ့မျက်လုံးနဲ့ ရှုမြင်ကြည့်ပါ။ သင်ကိုယ်တိုင်လည်း ပိုမိုပျော်ရွှင်ပြီး လူတွေနဲ့ဆက်ဆံရေးပိုကောင်းလာပါလိမ့်မယ်။
(၂) အခြေခံကျင့်ဝတ်လေးတွေလိုက်နာပါ
Photo : Medium
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သတ်ပြီး အခြေခံကျင့်ဝတ်တွေကို စောင့်ထိန်းလိုက်နာဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်နဲ့ စကားပြောနေချိန်မှာ ဖုန်းကြည့်နေတာမျိုး ၊ စကားဖြတ်ပြောတာမျိုး ၊ ကိုယ်ရေးကိုယ်တာမေးခွန်းတွေမေးမြန်းတာမျိုး ဒါတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။
(၃) စိတ်ရှည်သည်းခံပါ
Photo : YaleNews – Yale University
စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် မောင်းရန်မော်တော်ကား ဆိုတဲ့စကားလေးကြားဖူးကြမှာပါ။ ပေါင်းသင်းဆက်ဆံရေးမှာလည်း ဒီလိုပါပဲ။ စိတ်ရှည်သည်းခံခြင်းဟာ လူချစ်လူခင်ပိုများစေနိုင်သလို တစ်ခါတစ်လေ စိတ်အခန့်မသင့်ချိန်မှာ မှားတက်တဲ့ အမှားယွင်းတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။
(၄) ချီးမွန်းတက်ပါစေ
Photo : BetterHelp
ချီးမွန်းခံရတာ မကြိုက်တဲ့သူမရှိသလောက်ကို ရှားပါတယ်။ ဒါပေမယ့် ချီးမွန်းစကားပြောတဲ့အခါ လူတစ်ယောက်ရဲ့အရှိအတိုင်း ချီးမွန်းတက်ဖို့ပါပဲ။ အလွန်အကျွံ ချဲ့ကားပြောဆိုချီးမွန်းတာမျိုး မလုပ်ပါနဲ့။ မင်းဒီနေ့ကြည့်ကောင်းနေတယ် ၊ မင်းဆံပင်ဘယ်ဆိုင်မှာညှပ်တာလဲ လက်ရာကောင်းတယ်စသည်ဖြင့် အရှိအတိုင်းကိုသာ ချီးမွန်းစကားဆိုပါ။