မနက်စာ စားပြီးတဲ့အခါ ကော်ဖီပူပူလေးတစ်ခွက်သောက်တာမျိုး (သို့) နေ့လည်စာ စားပြီးတဲ့အခါ Cappuccino တစ်ခွက် သောက်သုံးလေ့ရှိပါသလား။ ဒီလိုအစာ စားပြီးတိုင်း ကော်ဖီသောက်သုံးတတ်တဲ့အလေ့အကျင့်ရှိတယ်ဆိုရင်တော့ ထိုအလေ့အကျင့်ကို အခုကစပြီး ဖျောက်ဖျက်ပစ်လိုက်ပါတော့။
ဘာ့ကြောင့်ဖျောက်ဖျက်သင့်သလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အကြောင်းအရင်းများကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အသားအရေ ခြောက်သွေ့စေခြင်း
မနက်ခင်းမှာ ကော်ဖီပူပူလေးတစ်ခွက် သောက်သုံးခြင်းသည် သင့်ကို လန်းဆန်းတက်ကြွစေပါလိမ့်မယ်။ ဒါပေမဲ့ အစား စားပြီးပြီးချင်းမှာတော ကော်ဖီမသောက်သင့်ပါဘူး။ သောက်သုံးမိတဲ့အခါ သင် စောစောက စားထားတဲ့ အစားအစာများထံမှ ရရှိတဲ့ အာဟာရဓာတ်များရဲ့ ၈၀ ရာခိုင်နှုန်းက ကော်ဖီက စုပ်ယူသွားပြီး သင့်အသားအရေသည်လည်း ခြောက်သွေ့လာခြင်း၊ အရေးအကြောင်းများ စောစောစီးစီးပေါ်ပေါက်လာခြင်း အစရှိတဲ့အကျိုးဆက်များကို ခံစားရပါလိမ့်မယ်။
သွားများကို ပျက်စီးစေခြင်း
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်သည် ကယ်လ်စီယမ်ဓာတ်ကို ဆံကေသာ၊ အရေပြား၊ ချွေးထွက်ခြင်း၊ ဆီးသွားခြင်းမှတဆင့် ဆုံးရှုံးလေ့ရှိပါတယ်။ ကော်ဖီသောက်သုံးခြင်းသည်လည်း ကယ်လ်စီယမ်ဓာတ်ကို ပိုမိုဆုံးရှုံးသွားစေပြီး အရိုးနှင့် သွား ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အစား စားပြီးပြီးချင်း ကော်ဖီသောက်ခြင်းသည် သွားများကို ကြွတ်ဆတ်စေပြီး သွားဖုံးများကို ထိခိုက်ပျက်စီးစေပါတယ်။
မကောင်းသော ကိုလက်စထရောများကို များပြားစေခြင်း
ပေါင်မုန့်ကို ထောပတ်လေးနဲ့ သုတ်စားခြင်းသည် အရသာရှိတာတော့ မှန်ပေမယ့် ကျန်းမာရေးနဲ့တော့ မညီညွှတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်ကို ကော်ဖီနဲ့ တွဲစားခြင်းသည် သင့်ရဲ့ ကိုလက်စထရောကို အမြင့်ဆုံးအထိ ထိုးတက်သွားစေပါတယ်။
လေ့လာတွေ့ရှိချက်များအရ ကော်ဖီထဲမှာ ပါဝင်တဲ့ အဆီများသည် ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရောများကို ကမောက်ကမဖြစ်စေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။
ဆံကေသာ အလှအပကို ထိခိုက်စေခြင်း
သင်သည် အသက်အရွယ် ရလာသည်နှင့်အမျှ ဆံပင်အလွန်အမင်း ကျွတ်ပြီး ဆံပင်ပါးလာမှာ၊ ထိတ်ပြောင်လာမှာကို ကြောက်ရွံ့တယ်ဆိုရင်တော့ အစားစားပြီးပြီးချင်းမှာ ကော်ဖီသောက်သုံးတဲ့အလေ့အကျင့်ကို ဖျောက်ဖျက်ဖို့လိုအပ်နေပါပြီ။
အစား စားပြီးပြီးချင်း ကော်ဖီသောက်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်က ရရှိမယ့် သံဓာတ်ကို ကော်ဖီက စုပ်ယူသွားပါတယ်။ ရလာဒ်အနေနဲ့ ဆံပင်သန်မာဖို့အတွက် လိုအပ်တဲ့ အာဟာရများကို ဆဲလ်များက လုံလောက်စွာမရရှိတော့ဘဲ ဦးရေပြားကို ပျက်စီးစေကာ ဆံပင်အလွန်အမင်းကျွတ်လာတတ်ပါတယ်။
ဘယ်လိုလဲ… ထမင်းစားပြီးပြီးချင်းမှာ ကော်ဖီ ချက်ချင်းသောက်ချင်စိတ်ရှိသေးရဲ့လား။
Source: Brightside.me
Featured Image Source: Menshealth.com