ဖက်ရှင်ကျတဲ့ အဝတ်အစားများကို ကိုယ့်နေအိမ်ကနေ ခြေတစ်ဖဝါးမှ မခွာဘဲ ရွေးချယ် ဝယ်ယူချင်ပါသလား။ အချိန်ကုန်လည်း သက်သာ၊ လူပင်ပန်းလည်း သက်သာစေပြီး စတိုင်လ်အမိုက်စားအဝတ်အစားများကို အလွယ်တကူ ရွေးချယ် ဝယ်ယူနိုင်မယ့် နည်းလမ်းကောင်းလေး ရှိပါတယ်။
ထိုနည်းလမ်းကောင်းကတော့ အွန်လိုင်းကနေ ဝယ်ယူခြင်းပဲဖြစ်ပါတယ်။ အွန်လိုင်းက ဝယ်ယူတဲ့အခါမှာလည်း အမှန်တကယ်စိတ်ချယုံကြည်ရပြီး အရည်အသွေးကောင်းမွန်တဲ့ အွန်လိုင်းဆိုင်တွေကသာ ဝယ်ယူသင့်ပါတယ်။ စာဖတ်သူ ဖက်ရှင်ချစ်သူအနေနဲ့ အရည်အသွေးကောင်းမွန်ပြီး ယုံကြည်စိတ်ချရတဲ့အပြင် ဒီဇိုင်းလည်း လှပတဲ့အတွက်ကြောင့် စတိုင်လ်ကျချင်သူများအတွက် အသင့်တော်ဆုံးပါပဲ။
Amazon Fashion

အွန်လိုင်းရှော့ပင်းနဲ့ ပတ်သက်လာရင် နံပါတ်တစ် နာမည်အကြီးဆုံးကတော့ Amazon လို့ ပြောရမှာပါပဲ။ သူ့မှာ တန်ဖိုးအနည်းဆုံး ဒေါ်လာ ခုဂဏန်းကနေ ဆယ်ဂဏန်း၊ ရာဂဏန်းအထိ ရှိပြီး အဝတ်အစားအားလုံးကလည်း ဒီဇိုင်းအလန်းစားတွေ ချည်းပါပဲ။
DXL Big + Tall

အရပ်ရှည်ရှည်၊ ဘော်ဒီတောင့်တောင့်၊ ခန္ဓာကိုယ်ထွားတဲ့ ယောကျာ်းများအတွက် အဓိကပြဿနာကတော့ အွန်လိုင်းကနေ ဝယ်ယူရခက်ခဲတာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီလိုပြဿနာများ ကြုံတွေ့ရတယ်ဆိုရင် DXL Big + Tall အွန်လိုင်းရှော့ကိုပဲ သတိရလိုက်ပါ။ သူ့ဆီမှာ သက်သောင့်သက်သာနဲ့ ဝတ်လို့ကောင်းတဲ့ ဆိုဒ်အကြီးတွေ ရရှိနိုင်ပါတယ်။
Arket

ဒီဆိုင်ကိုတော့ နာမည်ကြီးဘရန်းတစ်ခုဖြစ်တဲ့ H&M က ပိုင်ပါတယ်။ သူ့ဆီမှာ အမျိုးသားဝတ်အပြင်၊ အမျိုးသမီးဝတ်၊ ကလေးဝတ်မျိုးစုံလည်း ရရှိနိုင်တာကြောင့် သင့်ကောင်မလေး (သို့) သင့်ရဲ့ မိသားစုဝင်များအတွက်လည်း ဝယ်ယူနိုင်တာပေါ့။
Asos

လူငယ်လူရွယ်များအနေနဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုး ဝတ်ဆင်ချင်တဲ့အခါ Asos ကတော့ အကောင်းဆုံးပါပဲ။ သူ့ဖက်ရှင်တွေက ရာသီအလိုက် တင်ပေးထားတဲ့အတွက်ကြောင့် ဘယ်လိုဖက်ရှင်မျိုး ဝတ်ဆင်ရမလဲဆိုတာ ခေါင်းစားစရာမလိုတော့ပါဘူး။
East Dane

East Dane ကတော့ Amazon ရဲ့နောက်ထပ်ဆိုင်ခွဲလို့ ပြောရပါမယ်။ သူ့ဆီမှာလည်း ရာသီအလိုက် အဝတ်အစားဖက်ရှင်များကို ဝယ်ယူရရှိနိုင်ပါတယ်။
Huckberry

Huckberry သည် ၂၀၁၀ ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အရည်အသွေးပိုင်းမှာလည်း ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်။
Indochino

သင့်အနေနဲ့ ကိုယ့်စိတ်ကြိုက် ပုံဖော်ထားတဲ့ အဝတ်အစားများကို ဝယ်ယူရရှိချင်တယ်ဆိုရင်တော့ Indochino ကိုသာ သတိရလိုက်ပါ။ Indochino သည် သင့်ရဲ့ ခန္ဓာကိုယ် ကိုယ်တိုင်း၊ ဘယ်လိုကြယ်သီးပုံစံမျိုး အသုံးပြုချင်သလဲကအစ ကိုယ့်စိတ်ကြိုက်အော်ဒါမှာလို့ရပါတယ်။
Kith

Kith ကတော့ Limited-Edition ထုတ်ကုန်ပစ္စည်းများနဲ့ တွဲဖက်လုပ်ကိုင်လေ့ရှိတာကြောင့် သင့်အနေနဲ့ ကန့်သတ်ထုတ်ကုန်ပစ္စည်းမျိုးကိုမှ ဝယ်ယူချင်တယ်ဆိုရင်တော့ Kith ကို ရွေးချယ်သင့်ပါတယ်။
Mr. Porter

အဆင့်အတန်းမြင့်တဲ့ Luxury ထုတ်ကုန်များကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Mr.Porter မှာ ဝယ်ယူရရှိနိုင်ပါတယ်။ သူ့မှာတော့ အနည်းဆုံးဈေးနှုန်းက ဒေါ်လာ ရာဂဏန်းကစပြီး အများဆုံးအနေနဲ့ ဒေါ်လာ သောင်းဂဏန်းအထိရှိပါတယ်။
Uniqlo

သင်က ဂျပန်ထုတ်ကုန်များကို နှစ်သက်တယ်ဆိုရင်တော့ Uniqlo ကို ရွေးချယ်နိုင်ပါတယ်။ သူ့မှာလည်း ရွေးချယ်စရာ တီရှပ်များ၊ ရှပ်အင်္ကျီများ၊ ဘောင်းဘီဒီဇိုင်းအမျိုးမျိုး၊ ဂျက်ကတ်အင်္ကျီအမျိုးမျိုးစသည်ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။
Source: Men’s Journal
