ဟောလိဝုဒ်စုံတွဲတွေမှာ များသောအားဖြင့် ကာလတိုတောင်းစွာပြတ်စဲမှုတွေကို ကျွန်တော်တို့တွေ့မြင်ကြရပါတယ်။ ဟိုအတွဲလေးလိုက်ဖက်တယ်နော် ပြောလို့မဆုံးသေးဘူး Break up news ထွက်လာတာမျိုး မကြာခဏကြုံဖူးကြမှာပါ။ အဲ့တော့ အချစ်စစ်ဆိုတာဘာလဲ ကမ္ဘာပေါ်မှာတကယ်ရောရှိရဲ့လားလို့ တွေးမိတတ်ပါတယ်။
အဲ့မေးခွန်းရဲ့အဖြေကို သက်သေပြပေးမယ့် အနေဘယ်လိုဝေးဝေး သွေးမအေးပဲ အချစ်တွေခိုင်မြဲနေကြတယ့် ဟောလိဝုဒ်ကြယ်ပွင့်မောင်နှံတွေကို ဖော်ပြပေးလိုက်ပါတယ်။ ရုပ်ဝတ္ထုလွမ်းမိုးမှုအားကောင်းတဲ့ ဟောလိဝုဒ်မှာတောင် အချစ်စစ်မှန်ရင်တည်မြဲသေးတာ ကွီးတို့လဲအချိန်ကျ right person တွေ့ရမယ်ဆိုတာ အာမခံပါတယ်နော်။
(၁) Victoria and David Beckham

ဒေးဗစ်ဘက်ခမ်းလို့ပြောလိုက်တာနဲ့ ဗစ်တိုးရီးယားကိုပြေးမြင်သလို ဗစ်တိုးရီးယားဆိုတာနဲ့ဒေးဗစ်မဟေသီဆိုတာ ခွဲခြားမရလောက်အောင် လိုက်ဖက်လွန်းတဲ့ကြယ်ပွင့်စုံတွဲပဲဖြစ်ပါတယ်။ အောင်မြင်မှုကိုယ်စီနဲ့လျှောက်လှမ်းနေကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခရီးလမ်းဟာ ပန်းခင်းလမ်းတော့မဟုတ်ခဲ့ပါဘူး။ ချစ်ကြိုက်စမှာ ဒေးဗစ်ကကယ်လ်လီဖိုးနီးယားမှာနေထိုင်ရပြီး ဗစ်တိုးရီးယားကတော့ လန်ဒန်မြို့မှာနေခဲ့ကြရပါတယ်။ ဘယ်လိုအနေဝေးတဲ့RSပဲဖြစ်ပါစေ သူတို့ရဲ့အချစ်ကိုတော့ မတားဆီးနိုင်ခဲ့ပဲ ခုဆိုရင်နှစ်ပေါင်း၂ဝကြာထိ သားသမီး၄ယောက်ထွန်းကားကာ လက်တွဲမြဲနေလျက်ပါပဲ။
(၂) Gwen Stefani and Blake Shelton

The Voice fanတွေထဲမသိသူမရှိလောက်တဲ့ Gwen နဲ့ Blakeကတော့ အနုပညာလမ်းကြောင်းလဲတူ၊ စိတ်တူကိုယ်တူရှိကြတဲ့ Love birdsတွေပါပဲ။ ၂ဝ၁၅ကစပြီး လက်တွဲခဲ့ကြပြီး သူတို့ရဲ့ချစ်ကြည်နူးစရာမြင်ကွင်းလေးတွေကို ပရိသတ်ကိုလဲချပြဖို့ဝန်မလေးတတ်တဲ့ စုံတွဲဆိုလဲမမှားပါဘူး။ LDRSဖြစ်ပေမဲ့ အခွင့်ရေးရတာနဲ့ တပူးတွဲတွဲရှိတတ်တဲ့ သူတို့နှစ်ဦးကတော့ ခုဆိုရင် အိမ်တူတူပြောင်းပြီးကြပြီဖြစ်ပြီး လာမည့်နှစ်မှာ မင်္ဂလာသတင်းကြားရဖွယ်အနေထားရောက်ရှိနေပြီပဲဖြစ်ပါတယ်။
(၃) Nicole Kidman and Keith Urban

Tom Cruiseနဲ့လမ်းခွဲပြီးနောက် စိတ်ကျရောဂါကို တစ်ဦးတည်းတိုက်ပွဲဝင်ကာ အလုပ်တွေဖိလုပ်နေခဲ့ရတဲ့ Nicoleကတော့ American Idolရဲ့Judgeတစ်ဦးဖြစ်တဲ့ Keithနဲ့တွေ့မှ သူမရဲ့နေ့ရက်တွေပြန်လည်အသက်ဝင်လာခဲ့ရပါတယ်တဲ့။ KeithဟာNicoleကိုမြင်မြင်ချင်းချစ်မိသွားပြီး တရားဝင်လက်တွဲခဲ့ကြပါတယ်။ နှစ်တွေအကြာကြီးလက်တွဲခဲ့ကြရင်း အလုပ်ကိစ္စနဲ့ဝေးကွာနေရရင်တောင်မှ ဖုန်းတွေအကြာကြီးပြောတတ်ကြပြီး Keithဟာအလုပ်နဲ့ခရီးထွက်ခါနီးတိုင်း ချစ်သဝဏ်လွှာချန်ထားတတ်ခဲ့ပြန်ပါတယ်။ ဘယ်လိုတောင်Romanticဆန်လိုက်သလဲနော်။
(၄) Meghan Markle and Prince Harry

အင်္ဂလန်ရဲ့တော်ဝင်မျိုးနွယ်တစ်ဦးဖြစ်တဲ့ Prince Harryနဲ့ အမေရိကန်သရုပ်ဆောင် Meghan Markleတို့ရဲ့ အချစ်ဇာတ်လမ်းကတော့ အခက်ခဲတွေကြားက တည်ဆောက်ထားကြတဲ့ အားကျဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ဆိုတာသိပြီးဖြစ်ကြမှာပါ။ ရွှေလက်မတွဲခင်ကာလတွေမှာ သူတို့နှစ်ဦးဟာ တိတ်တခိုးတွေ့ခဲ့ကြရသလို နိုင်ငံမတူတဲ့LDRSကိုလဲ သူတို့အချစ်ကအနိုင်ယူခဲ့ပြန်ပါတယ်။ သူတို့၂ဦးဟာ တစ်ဦးကိုတစ်ဦး၁၄ရက်ထပ်ပိုပြီးခွဲမနေနိုင်ဘူးလို့လဲ ဖြေကြားခဲ့ပါသေးတယ်။
Source: Brightside
Featured Photo:Vogue
