လက်ရှိမှာ ဆောင်းလေအေးတွေလဲ တိုက်လာပြီ ၊ ဆောင်းရာသီရဲ့ အငွေ့အသက်ကိုလည်း စခံစားလာရပြီဆိုတော့ ဘီဒိုထဲသိမ်းထားရတဲ့ အပေါ်ထပ်တွေ ထုတ်ဝတ်ဖို့အချိန်တန်ပြီ မဟုတ်လား။ ကျွန်တော်တို့မှာအနည်းဆုံး အပေါ်ထပ်တစ်ထည်စီတော့ ရှိတတ်ကြသလို ရှိလဲရှိထားသင့်ပါတယ်။
ဘာလို့ဆိုတော့ ကျွန်တော်တို့ T shirt နဲ့ Jean လောက်ပဲ ဝတ်ချင်ပေမဲ့ ရိုးရိုးရှင်းရှင်း Look တစ်ခုလုံးကို အပေါ်ထပ်တစ်ထည် လိုက်ဖက်အောင်ဝတ်လိုက်တာနဲ့ အထာကျကျ ဖြစ်သွားစေနိုင်လို့ပါ။ အဲ့တော့ ကွီးတို့အဝတ်စင်မှာ ဘယ်လိုအပေါ်ထပ်တွေ ရှိထားသင့်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
(၁) Levi’s Sherpa Trucker Jacket

Photo : The Manual
Levi’s ရဲ့ Sherpa jacket ဟာဆိုရင် အမေရိကန် Netflix series တွေရဲ့ ခပ်ဟော့ဟော့လူငယ်တွေတိုင်းနီးပါးစီမှာ မြင်တွေ့ဖူးရတတ်တဲ့အထိကို လွမ်းမိုးမှုအားကြီးပါတယ်။ Jean ကိုမှအထဲက Sherpa အမွေးပွနဲ့ ချုပ်ပေးထားလို့ သူ့တစ်ထည်ထဲရှိရုံနဲ့ ကိုယ့်ရဲ့ Outfit တစ်ခုလုံးကို အထာကျစေပြီး Cool But Chill ဆိုသလို တည်ငြိမ်စွာနဲ့လန်းနေစေလို့ အခုရာသီမှာ ရှိထားသင့်ပါတယ်။
(၂) Textured Linen Overshirt

Photo : The Manual
နွေမိုးဆောင်းမရွေးဝတ်လို့ရတဲ့ အပေါ်ထပ်မျိုးမှကြိုက်တဲ့ ကွီးတွေအတွက် Perfectအဖြစ်ဆုံးကတော့ 100% Linen ရှပ်အင်္ကျီတွေပဲ ဖြစ်ပါတယ်။ Fit ဝတ်တာထပ် ခပ်ပွပွကိုမှ အရောင်နုဘက်သွားတာမျိုးဆို ဘယ်လို Outfit နဲ့မဆို အငြိမ်လေးနဲ့ အထာကျလို့ ရပြီပေါ့။
(၃) Patagonia Houdini Jacket

Photo : The Manual
Patagonia ကတော့ တစ်ချက်ခုတ် အလီလီပြတ်စေမယ့် Jacket လို့ကို တင်စားလို့ရပါတယ်။ ဘာလို့ဆို မထူမပါးလဲဖြစ်ပြီး မိုးရေစိုပါခံနိုင်အောင် ချုပ်ထားပေးမှတော့ ဘာလိုဦးမလဲဗျ။ ဘယ်ချိန်ဘယ်နေရာရောက်ရောက် အဆင်သင့်မိမိုက် မိုးလုံလေလုံဆိုတော့ ကွီးတို့ကားနောက်ခန်းမှာ သွားလေရာသာဆောင်ထားလိုက်ပါတော့။
(၄) Flannel-Lined Work Jacket

Photo : The Manual
ကွီးအများစုရဲ့အသည်းကျော် Flannel တွေကိုမေ့ထားခဲ့လို့လည်း ဘယ်ဖြစ်မလဲ။ Amazonမှာဆိုရင် Flannelကိုမှ Hoodieစတိုင်ထုတ်ပေးထားတော့ ခုလိုဆောင်းလေအေးအေးမှာ အထာလဲကျ အေးဆေးနွေးထွေးနေစေမှာ အသေချာပါပဲ။ Flannel အကွက်တွေ ရိုးနေပြီဆိုရင် ဒီလိုဗြောင်အမှိုင်းလေးတစ်ထည်နဲ့တင် ဘာလာလာဒေါင်းလို့ ရနေပါပြီ။
Featured Photo : The Manual
