အားလုံးပဲ မင်္ဂလာပါ။ ရုပ်ရှင်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ ဒီဇင်ဘာလ ပထမပတ်နဲ့ ဒုတိယပတ်အတွင်း ထွက်ရှိထားတဲ့ ဇာတ်ကားများနဲ့ အသစ်ထွက်ရှိလာမယ့် ဇာတ်ကားသစ်များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားအမျိုးအစားများ စုံလင်လှတာကြောင့် ကိုယ်ကြိုက်နှစ်သက်တဲ့ ဇာတ်ကားအမျိုးအစားကို ရွေးချယ်ကြည့်ရှုနိုင်ပါတယ်
Single All The Way
Peter ဆိုတဲ့ လူငယ်သည် သူ့ရဲ့မိသားစုက မိန်းမအတင်းပေးစားနေတဲ့အတွက်ကြောင့် သူ့ရဲ့အခင်ဆုံးသူငယ်ချင်း Nick ကို သူ့ရည်းစားအဖြစ် ဟန်ဆောင်ခိုင်းစေခဲ့ပါတယ်။ ဒါပေမဲ့ Peter ရဲ့အမေက သူ့သားကို Blind Date တစ်ခု စီစဉ်ပေးတဲ့အခါမှာ ထိုလူငယ်သုံးယောက်အကြား သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာပါလေရော။ နောက်ဆုံးမှာ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ Single All The Way ကို ကြည့်ရှုခံစားကြည့်လိုက်ပါ။
Source: Netflix
Encounter
ဒီဇာတ်လမ်းကတော့ သည်းထိတ်ရင်ဖိုနဲ့ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်။ ဇာတ်ဆောင်မင်းသားသည် ဓားစာခံအဖြစ် အဖမ်းခံထားရတဲ့ သူ့သားငယ်နှစ်ယောက်ကို ကယ်ထုတ်ဖို့ ကြိုးပမ်းနေရပြီး သူ့သားနှစ်ယောက်ကရော ကိုယ်တိုင်လွတ်မြောက်ဖို့ရန်အတွက် ဘယ်လိုကြိုးပမ်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
Source: Movieclips Tarilers
Silent Night
Nell နဲ့ Simon သည် သူတို့ရဲ့အရင်နှီးဆုံးမိတ်ဆွေများကို သူတို့ရဲ့ခရစ်စမတ်ညစာ စားပွဲသို့ လာရောက်ရန် ဖိတ်ခေါ်လိုက်ပါတယ်။ ညစာ စားပွဲအချိန်မှာတော့ အားလုံးက ရယ်ရယ်မောမောပါပဲ။ ဒါပေမဲ့ ထိုအိမ်ထဲကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ပါ့မလား။ အိမ်ကြီးရဲ့အပြင်မှာရော ဘယ်လိုတွေဖြစ်နေသလဲဆိုတာကို Silent Night ကို ကြည့်ရှုရင်း အဖြေရှာကြည့်လိုက်ပါ။
Source: Movieclips Tarilers
Deadlock
Bruce Willis ကို ဒီဇာတ်ကားထဲမှာ Ron Whitlock အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး သူ့သည်အလိုရှိဆုံး ဝရမ်းပြေးတရားခံဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားကြိုက်နှစ်သက်သူများအတွက် Deadlock က ဖိုက်တင်ခန်းတွေနဲ့တန်နေတဲ့အပြင် ဇာတ်လမ်းကလည်း အဆုံးထိစီးမျောလိုက်ပါနိုင်အောင် ကူညီပေးပါတယ်။
Source: Movieclips Tarilers
Shaun The Sheep: The Flight Before Christmas
သိုးအုပ်စုတွေ ခရစ်စမတ်ပိတ်ရက်မှာ မြို့ပေါ်တက်ပြီး ဘယ်လိုတွေ မွှေကြဦးမလဲဆိုတာကိုတော့ Shaun The Sheep ရဲ့ The Flight Before Christmas လေးကြည့်ရင်း အဖြေရှာကြည့်လိုက်ရအောင်။ Shaun The Sheep ပရိသတ်များအတွက်ကြောင့် အင်မတန်ကြည့်လို့ကောင်းစေမှာ အာမခံပါတယ်။
Source: Fandango Family
West Side Story
၁၉၅၇ ခုနှစ်၊ နယူးယောက်မြို့ကို ဆက်တင်ချကာ ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ခေတ်သစ် ရိုမီယို၊ ဂျူးလိယက်ဇာတ်ကားလေးပါပဲ။ ကွာခြားချက်တစ်ခုကတော့ Musical Drama ဖြစ်တဲ့အတွက်ကြောင့် သီချင်းတွေနဲ့ အတူတူကြည့်ရှုရမှာဖြစ်ပါတယ်။ သီချင်းရော၊ ရုပ်ရှင်ပါ ကြည့်ချင်သူများအတွက် ဖျော်ဖြေမှုကောင်းတစ်ခုခံစားရရှိမှာပါ။
Source: 20th Century Studios
The Hating Game
ပေါ့ပေါ့ပါးပါး အချစ်ဟာသကားလေးတွေကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ The Hating Game ဆိုတဲ့ ကားအသစ်လေးရှိပါတယ်။ ငယ်ရွယ်နုပျိုပြီး သနားကြင်နာတတ်တဲ့ Lucy Hutton ဆိုတဲ့ ကောင်မလေးနဲ့ သူမရဲ့ပြိုင်ဘက်အကြား ဘယ်လိုရိုမန့်တွေ ထွက်ပေါ်လာမလဲဆိုတာကတော့ ဇာတ်ကားကြည့်မှပဲ သိနိုင်ပါလိမ့်မယ်။
Source: Movieclips Indie
Agnes
သရဲကား ကြိုက်နှစ်သက်သူများအတွက်တော့ Agnes က တကယ့်ကားကောင်းလေးပဲဖြစ်ပါတယ်။ သီလရှင်တစ်ပါးကို မသင်္ကာစရာလုပ်ရပ်များကြောင့် ဖာသာများက စစ်ဆေးနေချိန်မှာ ဘယ်လိုထိတ်လန့်စရာတွေ ကြုံတွေ့ရမလဲဆိုတာကို သိချင်ရင်တော့ Agnes ကို ကြည့်ရှုလိုက်ပါ။
Source: Magnolia Pictures and Magnet Releasing
Ron’s Gone Wrong
Animation ဇာတ်ကားတွေကို စိတ်မကုန်နိုင်သေးတဲ့ ကလေးလူကြီးတွေအတွက် Ron’s Gone Wrong က ရသမျိုးစုံကို ပေးစွမ်းနိုင်အောင် ကူညီပေးပါတယ်။ အလယ်တန်းကောင်လေးနဲ့ သူ့ရဲ့စက်ရုပ်သူငယ်ချင်းအကြား ဘယ်လိုသံယောဇဉ်တွေဖြစ်သွားမလဲ။ စက်ရုပ်ကရော သက်တမ်းဘယ်နှနှစ်လောက်ပဲ ခံမလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်း အဖြေရှာလိုက်ပါ။
Source: 20th Century Studios
A California Christmas 2: City Lights
Callie နဲ့ Joseph တို့နှစ်ယောက် ချစ်ကျွမ်းဝင်ခဲ့တာ တစ်နှစ်နီးနီးရှိခဲ့ပါပြီး သူတို့ရဲ့မွေးမြူရေးခြံနဲ့ ဝိုင်လုပ်ငန်းကို အတူတူလုပ်ကိုင်ကာ ပျော်ရွှင်လျက်ရှိပါတယ်။ ဒါပေမဲ့ Joseph ရဲ့စီးပွားရေးလုပ်ငန်းနဲ့ မိသားစုကိစ္စများကြောင့် မြို့ပေါ်တက်ပြီး အလုပ်လုပ်ရတဲ့အခါ သူတို့နှစ်ယောက်ကြား ဘယ်လိုအဖျက်အဆီးတွေ ကြုံရမလဲ။ သူတို့ရဲ့အချစ်ရေးကရော အရင်လိုပဲ ပျော်ရွှင်ရပါ့မလား။
Source: Trulyindiestudios