ABBA အဖွဲ့ဆိုတာကတော့ ဆွီဒင်ပေါ့ပ်အဖွဲ့တစ်ခုဖြစ်ပြီး ၁၉၇၂ ခုနှစ်တွင် Stockholm ၌ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ သူတို့အဖွဲ့ထဲမှာ အဖွဲ့ဝင်လေးယောက်ရှိပြီး သူတို့အဖွဲ့ဝင်လေးယောက်ရဲ့ နာမည်အစစာလုံးတွေကို ယူပြီး ABBA ဆိုပြီး အမည်ပေးခဲ့တာပါ။
သူတို့အဖွဲ့ထဲတွင် Agnetha Faltskog ၊ Bjorn Ulvaeus ၊ Benny Andersson နဲ့ Anni-Frid Lyngstad စတဲ့ အဆိုတော်များ ပါဝင်ပါတယ်။
သူတို့ရဲ့သီချင်းများသည် တစ်ခေတ်တစ်ခါတုန်းက အင်မတန်နာမည်ကြီးခဲ့ပြီး ယခုအချိန်ထိလည်း လူကြိုက်များနေဆဲပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ထိုဝါရင့်အဖွဲ့ သီဆိုမှုဟန်ပန်များ၊ သီချင်းကောင်းများကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သင့်ရဲ့အားလပ်ချိန်လေးမှာ နားဆင်ခံစားနိုင်ဖို့ အကောင်းဆုံးသီချင်းတချို့ကို ရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်။
Dancing Queen
Take A Chance On Me
The Winner Takes It All
Knowing Me, Knowing You
Money, Money, Money
Super Trouper
Fernando
Mamma Mia
Chiquitita
Gimme! Gimme! Gimme!
အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ အသံပါဝါက သာလွန်ကောင်းမွန်ပြီး နားဆင်ခံစားသူက သီချင်းအဆုံးထိ လိုက်ပါစီးမျောနိုင်အောင် ဆွဲဆောင်နိုင်တဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။
သင်ရော ဘယ်သီချင်းကို အကြိုက်နှစ်သက်ဆုံးလဲဆိုတာ ဝေမျှခဲ့ပါဦး။
Source: ABBA