လူသားတိုင်းသည် အောင်မြင်မှုပန်းတိုင်သို့ လျှောက်လှမ်းကြတဲ့အခါမှာ စိတ်အားထက်သန်မှု၊ မိမိကို စိတ်အားတက်ကြွလာအောင် ပြုလုပ်ပေးနိုင်မယ့် အရာတစ်ခု ရံဖန်ရံခါလိုအပ်ပါတယ်။ ကိုယ်
စိတ်ဓာတ်ကျနေချိန်မှာ ကိုယ့်ကို စိတ်ဓာတ်ခွန်အား ပြန်တက်လာစေဖို့ရန်အတွက် သမိုင်းတစ်လျှောက်တွင် အအောင်မြင်ဆုံးသောပုဂ္ဂိုလ်များထံမှ အကြံပေးစကားများကို ဘဝသင်ခန်းစာအဖြစ် လိုက်လံကျင့်သုံးနိုင်ပါတယ်။
ဘဝကြီးက ယှဉ်ပြိုင်ပွဲတစ်ခုမဟုတ်ပါ
Photo Source: News.cgtn.com
သင်သည် ကိုယ့်ရဲ့ခြေလှမ်းများကို မရပ်တန့်လိုက်သရွေ့ သင် နှေးနှေးလေးပဲသွားလည်း ကိစ္စမရှိပါဘူး။ ဒီအဖိုးတန်စကားကိုတော့ ကွန်ဖြူးရှပ်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆိုရှယ်မီဒီယာခေတ်ကြီးထဲမှာ ပြိုင်ဆိုင်မှုသည် အလွန်အမင်း များပြားလွန်းလှပါတယ်။ ကျောင်းတုန်းကသူငယ်ချင်းတွေက အိမ်ပိုင် ကားပိုင်ဖြစ်နေပြီ။ နောက်သူငယ်ချင်းတစ်ယောက်ကတော့ ခမ်းနားတဲ့လက်ထပ်ပွဲကြီး ကျင်းပနေတဲ့ပုံကို ပို့စ်တင်ထားတယ် စသည်ဖြင့် သူများနဲ့ လိုက်ယှဉ်နေမယ်ဆိုရင်တော့ ယှဉ်လို့တောင် ပြီးမှာမဟုတ်တော့ပါဘူး။
သင့်အနေနဲ့ သူများတွေနဲ့ လိုက်ပြိုင်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဒုက္ခပေးနေမယ့်အစား ကိုယ် လုပ်စရာရှိတာကို ပုံမှန်အတိုင်းသာ လုပ်ဆောင်သွားလိုက်ပါ။
ဘဝမှာ တစ်ကြိမ်တစ်ခါပဲ အသက်ရှင်ရတာကြောင့် ကိုယ့်အတွက် အမှန်ကန်ဆုံးအရာကိုသာ ရွေးချယ်ပြုလုပ်ပါ
Photo Source: Mentalfloss.com
ဒီစကားလေးကိုတော့ ကမ္ဘာကျော် အမေရိကန် ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်တဲ့ Mae West က ပြောကြားခဲ့တာဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့ဘဝမှာ ကိုယ် မနှစ်သက်တဲ့အရာကို ပြုလုပ်နေရမယ့်အစား ကိုယ် ဝါသနာပါတဲ့အရာကိုသာ ရွေးချယ်ပြုလုပ်ဖို့ အကြံပေးထားတာဖြစ်ပါတယ်။
ငြင်းပယ်ခံရတဲ့အခါမှာလည်း စိတ်ဓာတ်ကျစရာမလိုပါဘူး
Photo Source: Theverge.com
အောင်မြင်ခြင်းဆိုတာ ရှုံးနိမ့်ခြင်းကနေ နောက်ရှုံးနိမ့်ခြင်းတစ်ခုဆီသို့ လျှောက်လှမ်းနေရတာဖြစ်တယ်လို့ Winston Churchill က ပြောကြားထားပါတယ်။ သူသည်လည်းပဲ အအောင်မြင်ဆုံးသူတစ်ယောက်မဖြစ်ခင်မှာ အခြားသောကုမ္ပဏီများထံတွင် အလုပ်ဝင်လျှောက်တဲ့အခါ အလုပ်ရှင်များရဲ့ ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။
ကိုယ်က ရှုံးနိမ့်မှုကို ရင်ဆိုင်ရတဲ့အချိန်မှာ လက်မြှောက်အရှုံးမပေးသရွေ့၊ စိတ်အားထက်သန်မှု ရှိနေသေးသရွေ့ အောင်မြင်မှုကို ဆွတ်ခူးနိုင်တယ်လို့လည်း အားပေးစကားဆိုထားပါသေးတယ်။
Charles Darwin ထံမှ သင်ယူနိုင်တဲ့ သင်ခန်းစာ
Photo Source: Darwinfoundation.org
အသန်မာဆုံးလူသားနဲ့ ဉာဏ်ရည်အထက်မြက်ဆုံးမျိုးစိတ်တွေသာ ကမ္ဘာကြီးမှာ အသက်ရှင်ကျန်ရစ်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ ပြောင်းလဲလိုစိတ်ရှိသူများသာ ရှင်ကျန်ရစ်ခဲ့တာဖြစ်တယ်လို့ Charles Darwin က ပြောကြားခဲ့ပါတယ်။
အပြိုင်အဆိုင်များတဲ့ လောကကြီးထဲမှာ အောင်မြင်မှုဆီသို့ လျှောက်လှမ်းတဲ့အခါ ကိုယ်က တိုးတက်နေတဲ့နေရာတိုင်းနောက်ကို လိုက်ပြီး လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလိုစိတ်ရှိရပါမယ်။ ဥပမာ နည်းပညာအသစ်များ ထွက်ပေါ်လာတဲ့အခါ ထိုနည်းပညာနောက်ကို အမှီလိုက်နိုင်ရပါမယ်။ နို့မဟုတ်ရင် သင်သည် နောက်ကောက်ကျကျန်ခဲ့ပြီး ဘာမှ မလုပ်တတ်မကိုင်တတ် ဖြစ်သွားပါလိမ့်မယ်။
Source: Independent.co.uk
Featured Image Source: Fool.com.au