တက်တူးချစ်သူ ယောကျာ်းအများစုသည် တက်တူးရေးထိုးဖို့ရွေးချယ်တဲ့အခါ နဂါးပုံတက်တူးကို အများဆုံးရွေးချယ်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နဂါးပုံတက်တူးများသည် အားမာန်အပြည့်နဲ့ မိမိရဲ့ ရဲစွမ်းသတ္တိရှိမှုကို ဖော်ပြနေပုံပေါ်လို့ပါပဲ။
ဒါ့အပြင် နဂါးပုံတက်တူးများသည် သူ့ရဲ့ရိုးရာပေါ်လိုက်၍လည်း အဓိပ္ပာယ်အမျိုးမျိုး ပြောင်းလဲသွားနိုင်ပါသေးတယ်။ ဥပမာအားဖြင့် တရုတ်နဂါးတွေဆိုလျှင် ဉာဏ်အမြော်အမြင် ကြီးမားခြင်း၊ စွမ်းအားကြီးခြင်းကိုလည်း ဖော်ပြနိုင်သလို တခါတရံမှာတော့ လောဘကြီးခြင်းကိုလည်း ဖော်ပြနေပါသေးတယ်။
သင့်အနေနဲ့ ကိုယ့်ရဲ့အကြိုက်ပေါ် လိုက်၍ တက်တူးအကြီး၊ တက်တူးအသေး၊ အဖြူအမဲ တက်တူး၊ အရောင်အသွေးစုံလင်တဲ့ ရောင်စုံတက်တူး စသည်ဖြင့် မျိုးစုံ ရေးထိုးနိုင်သလို ကိုယ့်ရဲ့နဂါးပုံတက်တူးကို အရိုးခေါင်းပုံတက်တူး၊ ကျားပုံတက်တူး၊ မြွေပုံတက်တူးစသည်ဖြင့် ဒီဇိုင်းအမျိုးမျိုး ပေါင်းစပ်ကာ ရေးထိုးနိုင်ပါသေးတယ်။
သင့်ရဲ့တက်တူးရွေးချယ်ပုံကို တစ်ဖက်တစ်လှမ်းက အထောက်အကူပြုဖို့ရန်အတွက် အားမာန်အပြည့်နဲ့ ရဲရင့်နေတဲ့ နဂါးပုံတက်တူးအချို့ကိုဖော်ပြပေးလိုက်ရပါတယ်။
အာရှနဂါးပုံတက်တူး
အာရှနဂါးပုံတက်တူးကတော့ ကံကောင်းခြင်း၊ သန်မာခြင်း၊ ဥစ္စာဓနပေါကြွယ်ဝခြင်း၊ စွမ်းအားကြီးခြင်းတို့ကို ကိုယ်စားပြုပါတယ်။
နဂါးနဲ့ ကျားပုံတက်တူး
နဂါးနဲ့ ကျားကတော့ ကမ္ဘာ့ရန်ဘက်ပဲဖြစ်ပါတယ်။ သူတို့နှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကာယနဲ့ ဉာဏအားပြိုင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ နဂါးကတော့ ဉာဏ်အမြော်အမြင်ကြီးမားခြင်းကို ကိုယ်စားပြုပြီး ကျားကတော့ သူ့ရဲ့ ခွန်အားဗလကို အသုံးပြုကာ ရန်သူကို တိုက်ခိုက်လေ့ရှိပါတယ်။
နဂါးနဲ့ မြွေပုံတက်တူး
ရှေးဟောင်းယဉ်ကျေးမှုမှာတော့ မြွေသည် အနာရောဂါကုသခြင်းကို ကိုယ်စားပြုပြီး နဂါးကတော့ ခွန်အားကြီးမားခြင်းကို ကိုယ်စားပြုပါတယ်။ ထိုအထဲကိုမှ သိန်းငှက်ကိုပါ ထပ်ပေါင်းထည့်လိုက်တဲ့အခါမှာတော့ ပြီးပြည့်စုံတဲ့ တက်တူးတစ်ခုကို ရရှိသွားပါလိမ့်မယ်။
ရင်အုပ်နဲ့ လက်မောင်းပေါ်မှာ ရေးထိုးထားတဲ့ တက်တူး
ဒီပုံမှာတော့ နဂါးခေါင်းကို ရင်အုပ်တစ်ဖက်မှာ ရေးထိုးထားပြီးက ကျန်တစ်ဖက်မှာတော့ နဂါးအမြီးကို ရေးထိုးထားတာတွေ့ရပါလိမ့်မယ်။ တက်တူးနှစ်ခြမ်းက ခေါက်ရိုးညီနေတာကိုလည်း တွေ့မြင်ရပါလိမ့်မယ်။ တက်တူးဆရာရဲ့ကျွမ်းကျင်မှု အထူးလိုအပ်တဲ့ တက်တူးတစ်ခုပဲဖြစ်ပါတယ်။
လက်မောင်း (သို့) လက်ဖျံပေါ်မှာ ရေးထိုးနိုငတဲ့ အနက်ရောင်နဂါး
ဒီနဂါးပုံတက်တူးကတော့ အရောင်တစ်မျိုးတည်းကိုသာ အသုံးပြုထားတာဖြစ်ပြီး ရိုးရှင်းပြီး လှပတဲ့တက်တူးတစ်ခုပဲဖြစ်ပါတယ်။ အရိုးရှင်းဆုံးဖြစ်တဲ့ အရောင်တစ်ခုတည်းကိုသာ အသုံးပြုထားတဲ့အတွက်ကြောင့် ရိုးရှင်းလှပမှုကို ကိုယ်စားပြုတဲ့ တက်တူးတစ်ခုပဲဖြစ်ပါတယ်။
ဒီတက်တူးလေးတွေကတော့ နဂါးပုံတက်တူးများထဲကမှ လူကြိုက်အများဆုံးတက်တူးဒီဇိုင်း (၅) ခုပဲဖြစ်ပါတယ်။
သင်ရော ဘယ်တက်တူးကို အကြိုက်ဆုံးလဲဆိုတာ ဝေမျှသွားခဲ့ပါဦး။
Source: Menshairstylesnow.com
Featured Image Source: Menshairstylesnow.com