Sam Smith သည် လူငယ်များ နှစ်သက်အားပေးကြသော နာမည်ကြီးအဆိုတော်နဲ့ သီချင်းရေးဆရာတစ်ယောက်ပဲဖြစ်ပါတယ်။ သူ့ရဲ့နာမည်အပြည့်အစုံကတော့ Samuel Frederick Smith ဖြစ်ပြီး ၁၉၉၂ ခုနှစ် မေလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ Sam Smith အဖြစ် စတင်လူသိလာခဲ့တာကတော့ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပါတယ်။
ထိုမှတဆင့် စတူဒီယိုအယ်လ်ဘမ်တစ်ခုဖြစ်တဲ့ In The Lonely Hour ကို မေလ ၂၀၁၄ ခုနှစ်တွင် ဖြန့်ချီခဲ့ပြီး သီချင်းချစ်သူပရိသတ်များရဲ့ တခဲနက်အားပေးခြင်းကို ခံခဲ့ရပါတယ်။ ထို့နောက် ဒုတိယစင်ဂယ်အယ်လ်ဘမ်အဖြစ် Money On My Mind ၊ တတိယအခွေအဖြစ် Stay With Me တို့ကို ထုတ်ဝေခဲ့ပြီး ထိုတတိယအခွေကြောင့် အင်တာနေရှင်နယ်ပရိသတ်များ အခိုင်အမာရရှိခဲ့ပါတယ်။
Sam သည် ဂရမ်မီဆု ၄ ဆု၊ Brit Awards ၃ ဆု၊ Billboard Music Award ၃ ဆု၊ American Music Award ၁ ဆုအပြင် အခြားသော ဆုတံဆိပ်ပေါင်းများစွာကိုလည်း ရရှိပိုင်ဆိုင်ထားခဲ့ပြီပဲဖြစ်ပါတယ်။
သူ့ရဲ့သီချင်းတွေ အများအပြားရှိတဲ့အနက် လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံးသီချင်းများကို သီချင်းချစ်သူပရိသတ်များအတွက် ဝေမျှပေးလိုက်ရပါတယ်။
Like I Can
Stay With Me
I’m Not The Only One
Too Good At Goodbyes
Dancing With a Stranger (With Normani)
Make It To Me
How Do You Sleep?
Promises (With Calvin Harris And Jessie Reyez)
Diamonds
Lay Me Down
သီချင်းများအားလုံးက အဓိပ္ပာယ်ပြီးပြည့်စုံပြီး ရသမျိုးစုံကို ပေးစွမ်းနိုင်တာကြောင့်လည်း လူကြိုက်များရခြင်းဖြစ်ပါတယ်။ သင်ရော Sam Smith ရဲ့သီချင်းတွေ အများကြီးရှိတဲ့အထဲကမှ ဘယ်သီချင်းကို အကြိုက်ဆုံးပါလဲ။
Source: SAM SMITH
Featured Image Source: Theatrebeijing.com