တက္ကသိုလ်မှ ရရှိတဲ့ဘွဲ့သည် သင် အလိုရှိရာ အိပ်မက်ကို အကောင်အထည်ဖော်နိုင်အောင် လစာများများရအောင် ကူညီပေးနိုင်တယ်ဆိုပေမယ့်လည်း တက္ကသိုလ်မှ ဘွဲ့ကြီးကြီးမားမားမရရှိပေမယ့်လည်း ချမ်းသာကြွယ်ဝပြီးအောင်မြင်နေတဲ့ ကမ္ဘာကျော်များ၊ ဆယ်လီများလည်း အများအပြားရှိပါတယ်။
ထိုအထဲကမှ အကျော်ကြားဆုံးနဲ့ အအောင်မြင်ဆုံးပုဂ္ဂိုလ်များရဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရာ ဖတ်ရှုလေ့လာနိုင်အောင် ဝေမျှပေးလိုက်ရပါတယ်။
Bill Gates

Bill Gates သည် ကွန်ပျူတာပရိုဂရမ်ပိုင်းကို အသက် ၁၃ နှစ်ကတည်းက စိတ်ဝင်စားခဲ့တာပါ။ သူသည် ဟားဗက်မှ ကျောင်းထွက်ခဲ့ပြီးနောက် အသက် ၁၅ နှစ်အတွက်တွင် Paul Allen နဲ့အတူတူ လက်တွဲကာ Microsoft ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်သည် ၅ နှစ်အကြာမှာတော့ နိုင်ငံတကာဆော့ဖ်ဝဲကုမ္ပဏီကို တည်ထောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့အသားတင် ချမ်းသာကြွယ်ဝမှုကတော့ ဘီလီယံဒေါ်လာ ၁၂၉ ဒေါ်လာ ရှိပါတယ်။
Steve Jobs

Steve Jobs သည် ၂၀၁၁ ခုနှစ်ကတည်းက ကွယ်လွယ်ခဲ့တာဖြစ်ပေမယ့် သူသည် ယနေ့ထိတိုင် နာမည်ကြီးနေဆဲဖြစ်ပါတယ်။ Apple ရဲ့ Co-Founder တစ်ယောက်ဖြစ်တဲ့ Steve Jobs သည် Reed ကောလိပ်တွင် ၆ လကြာခန့် ပညာသင်ယူခဲ့ပြီးနောက် ကျောင်းထွက်ခဲ့တာဖြစ်ပါတယ်။ ကျောင်းထွက်ပြီးနောက်မှာ ဗွီဒီယိုဂိမ်း ဒီဇိုင်နာအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် အိန္ဒိယသို့ ခရီးထွက်ခဲ့ပါတယ်။ သူ့အသက် ၂၁ နှစ်အရွယ်မှာတော့ Steve Wozniak နဲ့ လက်တွဲကာ Apple ကွန်ပျူတာကို ဖန်တီးခဲ့ပါတယ်။ သူကွယ်လွန်ခဲ့တဲ့အခါမှာတော့ သူ့ရဲ့အသားတင်ချမ်းသာကြွယ်ဝမှုက ဘီလီယံဒေါ်လာ ၁၀.၂ ဒေါ်လာ ရှိပြီဖြစ်ပါတယ်။
Mark Zuckerberg

Mark Zuckerberg သည် အထက်တန်းကျောင်းသားအရွယ်ကတည်းက AOL နဲ့ Microsoft တို့ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူသည် ဟားဗက်မှာ ကျောင်းတက်ရမယ်ဆိုပြီးတော့ အလုပ်ကမ်းလှမ်းစာများကို ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၂၀၀၄ ခုနှစ်မှာ သူ့ရဲ့ဟားဗက်ကျောင်းသားအဆောင်မှာ The Facebook ကို စတင်တည်ထောင်ခဲ့ပါတယ်။
ထိုမှတဆင့် တဖြည်းဖြည်းနဲ့ အောင်မြင်လာတဲ့အခါမှာတော့ ကျောင်းထွက်ပြီး သူ့ရဲ့အလုပ်အပေါ်မှာပဲ အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အသားတင်ချမ်းသာကြွယ်ဝမှုကတော့ ဘီလီယံဒေါ်လာ ၁၀၅ ဒေါ်လာ ရှိပါတယ်။
Simon Cowell

Simon Cowell သည် အသက် ၁၇ နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့တာဖြစ်ပါတယ်။ သူသည် ဆယ်ကျော်သက်အရွယ်တုန်းက ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ဖြစ်ခဲ့တာကြောင့် ကျောင်းတော်တော်များများကလည်း သူ့ကို လက်မခံခဲ့ပါဘူး။ အသက်အရွယ်တဖြည်းဖြည်းရလာပြီး ရင့်ကျက်လာတဲ့နောက်မှာတော့ အနုပညာလောကတွင် အောင်မြင်ဖို့ရန်အတွက် ပရိုဂျူဆာအဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ British TV မှာ ဒိုင်အဖြစ်လုပ်ကိုင်ခဲ့တဲ့အခါ တဖြည်းဖြည်းအောင်မြင်လာပြီး နောက်တဆင့်အနေနဲ့ The X Factor ပြိုင်ပွဲကို ကျင်းပခဲ့တဲ့နောက်မှာတော့ သူ့ရဲ့ဝေဖန်လေကန်ရေးစတိုင်လ်တွေသည် ပရိသတ်များအကြား တဖြည်းဖြည်းပေါက်လာပါတယ်။ ဒီလိုနဲ့အောင်မြင်ကျော်ကြားလာတဲ့နောက်မှာတော့ သူ့ရဲ့အသားတင်ချမ်းသာကြွယ်ဝမှုက ဒေါ်လာ ၆၀၀ မီလီယံခန့်ရှိပါတယ်။
Source: Finance.yahoo.com
Featured Image Source: Times Of India
