Backstreet Boys အဖွဲ့သည် ၁၉၉၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တုန်းက အော်လန်ဒို၊ ဖလော်ရီဒါမြို့တွင် ဖွဲ့စည်းခဲ့တဲ့ နာမည်ကြီး Boy Band တစ်ခုဖြစ်ပါတယ်။ Nick Carter ၊ Howie Dorough ၊ AJ McLean ၊ Brian Littrell နဲ့ Kevin Richardson ဆိုတဲ့ လူငယ်ငါးယောက်ဖြင့် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
သူတို့အဖွဲ့သည် ၁၉၉၃ ခုနှစ်တွင် စတင်ပေါ်ပေါက်လာပေမယ့် လူကြိုက်အများဆုံးဖြစ်လာတဲ့အချိန်ကတော့ သူတို့ရဲ့ပထမဦးဆုံး စတူဒီယိုအယ်လမ်ကို ၁၉၉၆ ခုနှစ်တွင် ထုတ်ဝေလိုက်တဲ့အချိန်ပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် သီချင်းခွေ အချပ်ရေပေါင်း မီလီယံ ၁၀၀ ကျော် ရောင်းချခဲ့ရပြီး ပထမဦးဆုံး ရောင်းအားအကောင်းဆုံး Boy Band တစ်ခုအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။
Photo Source: Forums.sherdog.com
သူတို့သည် ၂၀၁၃ ခုနှစ်တွင်လည်း အနုပညာသက်တမ်း နှစ် ၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့ သူတို့ကိုယ်ပိုင် စီစဉ်တည်းဖြတ်ထားတဲ့ အယ်လ်ဘမ်တစ်ချပ် ထပ်မံထုတ်ဝေခဲ့ပါသေးတယ်။ သူတို့သည် ဟောလိဝုဒ်က ပေးအပ်တဲ့ ဆုတံဆိပ်တစ်ခုဖြစ်တဲံ Walk Of Fame ဆိုတဲ့ ဆုတံဆိပ်ကိုလည်း ရရှိခဲ့ပါသေးတယ်။
၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင်တော့ သူတို့လိုပဲ ၁၉၉၀ ပြည့်နှစ်ကတည်းက နာမည်ကြီး Boy Band တွေဖြစ်ကြတဲ့ N’SYNC နဲ့ Boyz II Men တို့နဲ့အတူ Collaborate လုပ်ကြမယ်လို့လည်း သူတို့ရဲ့ဖန်တွေကို ဆိုရှယ်မီဒီယာကနေတဆင့် ကြေညာခဲ့ပါသေးတယ်။
Photo Source: Screenrant.com
၁၉၉၃ ခုနှစ်ကနေ ယခုအချိန်အထိ ထွက်ရှိထားတဲ့ သူတို့ရဲ့သီချင်းတွေကလည်း မနည်းမနောပါပဲ။ ထိုကဲ့သို့ များပြားလှတဲ့ သီချင်းကောင်းတွေထဲကမှ ပရိသတ်နှုတ်ခမ်းဖျားထက် အစွဲငြိဆုံးဖြစ်တဲ့ သီချင်း (၁၀) ပုဒ်ကို Backstreet Boy ဖန်တွေအတွက် ဝေမျှပေးလိုက်ရပါတယ်။
(၁၀) Quit Playing Games (With My Heart)
(၉) All I Have To Give
(၈) Shape Of My Heart
(၇) I’ll Never Break Your Heart
(၆) The Call
(၅) Larger Than Life
(၄) As Long As You Love Me
(၃) Incomplete
(၂) Everybody
(၁) I Want It That Way
Source: Smoothradio.com
Featured Image Source: Tellerreport.com