Sneakers ဖိနပ်များသည် သက်သောင့်သက်သာရှိပြီး စတိုင်လ်ကျစေတဲ့ ဖိနပ်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ အားကစားဖိနပ်အမျိုးအစားဆိုပေမယ့်လည်း အားကစားမလုပ်တဲ့အချိန်မှာလည်း ပေါ့ပေါ့ပါးပါး စီးနိုင်တဲ့အတွက်ကြောင့် လူငယ်အများစု ကြိုက်နှစ်သက်ကြပါတယ်။
Sneakers ဖိနပ်အမျိုးအစား အများအပြားရှိတဲ့အနက် လူကြိုက်အများဆုံးနဲ့ ရောင်းအားအကောင်းဆုံးဖိနပ်များကို Sneakers ဖိနပ်ချစ်သူများအတွက် ဝေမျှပေးလိုက်ရပါတယ်။
Vans

ဒီဖိနပ်ကတော့ ဂျင်းဘောင်းဘီနဲ့ အလိုက်ဖက်ဆုံးဖိနပ်ဖြစ်ပြီး Vans ဖိနပ်ထဲမှာမှ Old Skool မော်ဒယ်အမျိုးအစားဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀ ကုန်ကျပါလိမ့်မယ်။
Common Projects

Formal ဖက်ရှင်နဲ့ လိုက်ဖက်မယ့် Sneakers ဖိနပ်မျိုး လိုချင်ပါသလား။ Common Projects ကိုသာ သတိရလိုက်ပါ။ သားရေနဲ့ ပြုလုပ်ထားတဲ့ Sneakers ဖြစ်တာကြောင့် ရုံးတက်ရုံးဆင်းဖက်ရှင်နဲ့လည်း လိုက်ဖက်ပါတယ်။ ဈေးနှုန်းတော့ ၄၃၀ ဒေါ်လာ ပေးဝယ်ရပါလိမ့်မယ်။
Nike Air Tailwind 79

အားကစားသမားများနှင့် လူငယ်များရဲ့အသည်းစွဲ Sneakers ဖိနပ်ကတော့ Nike ပဲဖြစ်ပါတယ်။ ပုံပါအမျိုးအစားကတော့ ဒေါ်လာ ၇၀ ပေးဝယ်ရမှာဖြစ်ပါတယ်။
Wolf And Shepherd Glider

နှင်းပွင့်လိုမျိုး ဖြူစွတ်စွတ်ဖိနပ်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒေါ်လာ ၁၉၅ ဒေါ်လာ ပေးချေကာ Wolf And Shepherd Glider လေး ဝယ်ယူနိုင်ပါတယ်။ ဒီဖိနပ်သည် Best White Sneakers အဖြစ် သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။
Balenciaga

ခြေအိတ်ဒီဇိုင်းပုံစံ ဖန်တီးထားတဲ့ဖိနပ်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် ၉၇၅ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ သူ့ရဲ့ တမူထူးခြားတဲ့ဒီဇိုင်းကြောင့် လူအများက ကြိုက်နှစ်သက်ကြပါတယ်။
Converse Run Star Hike

အကောင်းဆုံး Sneakers ဖိနပ်တွေထဲမှာ Converse ကိုလည်း မေ့ထားလို့မရပါဘူး။ ဒီဒီဖိုင်းကတော့ နောက်ဆုံးပေါ် ဒီဇိုင်းဖြစ်ပြီး ဈေးနှုန်းကတော့ ၁၁၀ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Pierre Hardy

ဒီ Sneakers ဖိနပ်ကတော့ အကောင်းဆုံးသားရေ Sneakers ဖိနပ်အဖြစ် သတ်မှတ်ခံထားရတာပါ။ ဈေးနှုန်းအားဖြင့်တော့ ၅၉၅ ဒေါ်လာ ကုန်ကျမှာပါ။
Adidas Superstar

Adidas ဖိနပ်ကို ကြိုက်နှစ်သူများကတော့ Superstar လေးကို ရွေးချယ်နိုင်ပါတယ်။ ဒီဇိုင်းက ရိုးရှင်းပြီး အခြေခံကျတဲ့ အဖြူအမဲအရောင်နှစ်မျိုးဖြင့် လှပအောင် ပုံဖော်ထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၀ (သို့) ၉၅ ဝန်းကျင် ပေးချေရပါလိမ့်မယ်။
Reebok

ဒီဖိနပ်ကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်ဖို့အတွက်ဆိုပြီး သဘာဝကုန်ကြမ်းပစ္စည်းများနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သင်သည် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်ဆိုရင်တော့ ဒေါ်လာ ၁၂၀ ကုန်ကျမယ့် Reebok ဖိနပ်လေးကို ရွေးချယ်နိုင်ပါတယ်။
အခုဖော်ပြသွားတဲ့ Sneakers ဖိနပ်များထဲမှ သင့်အကြိုက်ဆုံး Sneakers ဖိနပ်တစ်ခုကို ရွေးပါဆိုရင် ဘယ်တံဆိပ်ကို သင် ရွေးချယ်မှာလဲ။
Source: Themanual.com
Featured Image Source: Dior.com
