ခေတ်အဆက်ဆက်မှာ နာမည်ကြီးအဆိုတော်တွေ Boy Bands တွေ အများအပြားထွက်ပေါ်လာခဲ့ပြီး သူတို့ရဲ့သီချင်းများ၊ ဆိုပုံဆိုပေါက်၊ အသံပါဝါတို့ကြောင့် လူအများရဲ့ အားပေးနှစ်သက်ခြင်းကို ခံကြရပါတယ်။ စစချင်းမှာတော့ တစ်ကိုယ်တော်အဆိုတော်သမားတွေပဲ များတဲ့အတွက်ကြောင့် Boy Bands စတင်ပေါ်ပေါက်လာခဲ့စဉ်တုန်းက လူအများအတွက် အထူးအဆန်းတစ်ခုလို ဖြစ်လာခဲ့ပါတယ်။
၁၉၆၀ နောက်ပိုင်းကျမှ လူအများအတွက် အဆိုတော်တွေအဖြစ် လက်ခံလာကြပြီး လူအများရဲ့ အားပေးခြင်းကို ခံခဲ့ရပါတယ်။ ပရိသတ်တွေရဲ့ အားပေးနှစ်သက်ခြင်းကို ခံရတဲ့သီချင်းသစ်တွေဆိုရင် Billboard မှာ နံပါတ် (၁) နေရာကို ရက်သတ္တပတ် ၆ ပတ်တိတိ ဗိုလ်စွဲထားတဲ့သီချင်းတွေလည်း အများအပြားရှိပါတယ်။
Boy Bands တွေ အများအပြားရှိတဲ့အထဲကမှ လူကြိုက်အများဆုံးနဲ့ ယနေ့ချိန်ထိ နာမည်ကြီးနေဆဲ အဖွဲ့များ၊ သူတို့ရဲ့နာမည်အကြီးဆုံးသီချင်းတွေကိုပါ တဆက်တည်း တင်ဆက်ပေးလိုက်ရပါတယ်။
Big Time Rush
ဒီအဖွဲ့ကတော့ ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ သူတို့သည် ၂၀၀၉ ကနေ ၂၀၁၄ အထိ သီချင်းတွေ တောက်လျှောက်လုပ်လာခဲ့ပြီး Active ဖြစ်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ သီချင်းသစ်တွေ သိပ်မထွက်တော့ပါဘူး။ သူတို့ရဲ့ နာမည်အကြီးဆုံးသီချင်းတွေကတော့ Boyfriend ၊ Worldwide နဲ့ Big Time Rush တို့ပဲဖြစ်ပါတယ်။
5 Seconds Of Summer
5SSOS လို့လည်း အတိုကောက် ခေါ်ကြပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက ရောင်းအားအကောင်းဆုံး အခွေပိုင်ရှင်တွေပဲဖြစ်ပါတယ်။
Boyz II Men
Boy Bands တွေရဲ့ ရွှေရောင်ခေတ်လို့ သတ်မှတ်ခံထားရတဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ Boyz II Men ဆိုတဲ့အဖွဲ့စတင်ပေါ်ပေါက်ခဲ့တာပါ။ R&B သီချင်းအမျိုးအစားများကို သီဆိုကြပြီး သူတို့ရဲ့သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ကို ဖမ်းစားထားတာဖြစ်ပါတယ်။
New Kids On The Block
ဒီအဖွဲ့ကတော့ ၁၉၈၀ ပြည့်နှစ်များက စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာတော့ သူတို့အဖွဲ့ကို ဖျက်လိုက်ကြပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ပြန်လည်ပေါင်းစည်းခဲ့ကြပြီး ၂၀၁၁ ခုနှစ်မှာတော့ Backstreet Boys အဖွဲ့နဲ့အတူ လက်တွဲကာ ကမ္ဘာပတ်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြပါတယ်။
Jonas Brothers
Kevin ၊ Joe နဲ့ Nick Jonas ဆိုတဲ့ ညီအစ်ကိုသုံးယောက်နဲ့ ဖွဲ့ဏည်းထားတဲ့ Boy Bands တစ်ခုဖြစ်ပြီး ယနေ့ထိတိုင် လူကြိုက်များ အောင်မြင်နေဆဲဖြစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။
The Jackson 5
Jonas Brothers လိုမျိုးပဲ The Jackson 5 အဖွဲ့ဝင်များသည်လည်း ညီအစ်ကိုများနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။ သူတို့ရဲ့ နာမည်အကြီးဆုံး သီချင်း (၂) ပုဒ်ကတော့ ABC နဲ့ I Want You Back တို့ပဲဖြစ်ပါတယ်။
BTS
BTS ကတော့ Kpop လောကမှာ နာမည်အကြီးဆုံး အဖွဲ့တစ်ခုဖြစ်ပါတယ်။ သူတို့သည် ၂၀၁၃ မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး Dynamite ၊ Butter အစရှိတဲ့ သီချင်းများသည်လည်း ပရိသတ်ရဲ့နှုတ်ဖျားထက်မှာ စွဲငြိလွယ်တဲ့ သီချင်းတွေပဲဖြစ်ပါတယ်။
One Direction
၂၀၁၀ ခုနှစ် အစောပိုင်းမှာ စတင်ပေါ်ပေါက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ သူတို့သည် The X Factor ပြိုင်ပွဲကနေ လူသိများလာတာဖြစ်ပြီး ဆိုရှယ်မီဒီယာများကြောင့်လည်း လူသိပိုများလာတာဖြစ်ပါတယ်။
Backstreet Boys
၁၉၉၀ ပြည့်နှစ်တွေတုန်းက လူကြိုက်များတဲ့ Boy Bands တွေထဲမှာ Backstreet Boys အဖွဲ့လည်း ပါဝင်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာတော့ နာမည်အကြီးဆုံးဖြစ်လာခဲ့ပါတယ်။
NSYNC
Backstreet Boys လိုမျိုးပဲ NSYNC သည်လည်း Orlando မြို့တွင် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ထိုအချိန်တုန်းကဆိုရင် သူတို့ရဲ့ကပုံကကွက်တွေကလည်း ဆန်းသစ်နေတဲ့အတွက်ကြောင့် ပရိသတ်တွေအတွက် ခံစားမှုရသအသစ်ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။
Source: Llive365.com
Featured Image Source: Starbiz.net