အခုလို အေးချမ်းတဲ့ ဆောင်းရာသီနဲ့ ကိုက်ညီမှုအရှိဆုံး အဖျော်ယမကာကို ပြောပါဆိုရင်တော့ ရမ်အရက်တွေက ချန်ထားခဲ့လို့ရမှာ မဟုတ်ပါဘူး။ ရမ်ကို အေးတဲ့အရပ်ဒေသတွေမှာ ဆေးဖက်ဝင်အဖျော်ယမကာအဖြစ် မှီဝဲလေ့ရှိကြပြီး အသင့်အတင့် သောက်မယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိစေမှာ ဖြစ်ပါတယ်။
ရမ်အရက်ကို ဥရောပနိုင်ငံတွေမှာ အများဆုံးထုတ်လုပ်လေ့ရှိပြီး အာရှဘက်မှာတော့ နာမည်ကျော်ဝီစကီတွေ ထုတ်လုပ်လျက်တဲ့ ဂျပန်နိုင်ငံထုတ် ရမ်အရက်တွေကလည်း အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီတစ်ခေါက်မှာတော့ ရမ်ချစ်သူကွီးတို့ သိထားသင့်တဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ဂျပန် Rum ၃ မျိုးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
(၁) Kiyomi Rum

Photo : The Manual
Kiyomi ရမ်ကတော့ အိုကီနာဝါဒေသထွက် ကြံတွေကို အချဉ်ဖောက်ပေါင်းခံပြီး အထူးချက်လုပ်ထားတဲ့ ရမ်အရက်တစ်မျိုး ဖြစ်ပါတယ်။ သက်တမ်းနု ရမ်အရက်ဖြစ်ပေမယ့် အလွန်မွှေးကြိုင်တဲ့ ရနံ့ရှိပြီး အပူပိုင်းဒေသသစ်သီးတချို့ ၊ ပေါင်မုန့်တို့နဲ့ ရောစပ်ချက်လုပ်ထားတာကြောင့်သောက်လိုက်တဲ့အခါ အင်မတန်ချောမွေ့ပြေပြစ်တဲ့ အရသာကို ခံစားရစေမှာ ဖြစ်ပါတယ်။ Kiyomi ဆိုတာကတော့ ” ဖြူစင်တဲ့ အလှတရား” လို့ အဓိပ္ပါယ်ရပြီး နာမည်အတိုင်း သန့်စင်မှုရှိပြီး ကောင်းမွန်ပြေပြစ် အနံ့အရသာတို့နဲ့ ပြည့်စုံတဲ့ ရမ်အရက်တစ်မျိုးပဲ ဖြစ်ပါတယ်။ Kiyomi ရမ်ကို ဒီတိုင်းသောက်လို့ အဆင်ပြေသလို Mojito ကော့တေးလ်ဖျော်စပ်သောက်မယ်ဆိုရင်လည်း အကောင်းဆုံးဖြစ်ပါတယ်။
(၂) Teeda Rum

Photo : The Manual
၁၉၆၁ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တဲ့ Teeda ရမ်ဟာဆိုရင်လည်း အိုကီနာဝါ ဒေသထွက်ကြံတွေကို ပေါင်းခံချက်လုပ်ထားပြီး သက်တမ်းရင့် အမေရိကန်ဝက်သစ်ချသားစည်တွေထဲမှာ နှစ်ရှည်သိုလှောင်ထားတဲ့ ရမ်တစ်မျိုး ဖြစ်ပါတယ်။ Teeda ရမ်ဟာ ပုလင်းမသွင်းမှီ ဝက်သစ်ချစည်ထဲမှာ အနည်းဆုံး ၃ နှစ်ထားရှိတဲ့ သက်တမ်းရင့်ရမ်ပဲ ဖြစ်ပါတယ်။ Yuzu ဆား၊ သစ်ကြံပိုးခေါက်ပေါင်မုန့် ၊ ဟင်းခတ်အမွှေးအကြိုင်၊ ပျားရည် နဲ့ဖျော်စပ်ထားတဲ့ ဂျင်းလက်ဖက်ရည် ၊ အုန်းရည် စတဲ့အရာတွေနဲ့ ပေါင်းစပ်ချက်လုပ်ထားကာ စွဲမက်စရာ ပျားရည်အရောင်နဲ့ စူးရှချိုမြိန်ပြီးထူးခြားတဲ့ အနံ့အရသာနဲ့ အကောင်းဆုံး ဂျပန်ရမ်အရက်တစ်မျိုးပဲ ဖြစ်ပါတယ်။
(၃) Cor Cor Rum

Photo : The Manual
အိုကီနာဝါကျွန်းထွက် Cor Cor ရမ်ကတော့ အိုကီနာဝါအနီးတဝိုက်က မီးတောင်ကျွန်းငယ်လေးတွေမှ ရိတ်သိမ်းထားတဲ့ သဘာဝကြံတွေနဲ့ ချက်လုပ်ထားတဲ့ ရမ်အရက်ပဲ ဖြစ်ပါတယ်။ Cor Cor ရမ်မှာ ပါဝင်တဲ့ အရည်အသွေးမြင့်သဘာဝကြံတွေရဲ့အရသာနဲ့ မြက်ပင်စိမ်း ၊ သံလွင်သီးတို့လို ရနံ့တွေနဲ့ ပေါင်းစပ်ချက်လုပ်ထားတဲ့ ထူးခြားတဲ့အနံ့အရသာရှိတဲ့ ရမ်ပဲ ဖြစ်ပါတယ်။ အခွံမာသီး ၊ ငရုတ်ကောင်း ၊ သံပုရာသီးနဲ့ အပူပိုင်းဒေသအသီးတွေပေါင်းစပ်ထားတဲ့ အရသာကိုလည်းခံစားရစေမှာဖြစ်ပြီး ထူကဲတဲ့ ခံစားမှုအတွေ့အကြုံ အရသာအသစ်ကို ပေးစွမ်းနိုင်တဲ့ ရမ်အရက်ပဲ ဖြစ်ပါတယ်။
Featured Photo : PUNCH
