ကမ္ဘာ့ထိပ်တန်းစာရင်းဝင် အကောင်းဆုံးဝီစကီတွေလို့ ဆိုလိုက်ရင် စကော့တလန်နိုင်ငံထုတ် စကော့ချ်ဝီစကီတွေက ထိပ်ဆုံးက ပါပါတယ်။ စကော့ချ်ဝီစကီတွေက ပေါင်းခံထားတဲ့ မုယောစပါး ၊ ဂျုံ ၊ ပြောင်းတို့နဲ့ စကော့ရိုးရာနည်းအတိုင်း ချက်လုပ်တာဖြစ်ပြီး ဝက်သစ်ချစည်တွေထဲမှာ အနည်းဆုံး ၃ နှစ်ခန့်ထားရှိတဲ့အတွက် အနံ့ ၊ အရောင်နဲ့ အရသာပိုင်းမှာ အထူးပြည့်စုံကောင်းမွန်တဲ့ သက်တမ်းရင့်ဝီစကီတွေပဲ ဖြစ်ပါတယ်။ ဒီလို နာမည်ကြီးတဲ့ စကော့ချ်ဝီစကီတွေထဲကမှ ကမ္ဘာ့ဈေးအကြီးဆုံး စကော့ချ်ဝီစကီတွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။
(၄) Glenfiddich Janet Sheed Roberts Reserve 1955

Photo : Luxatic
Glenfiddich ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး ဒီဝီစကီပုလင်းကတော့ ဝက်သစ်ချသားစည်ထဲမှာ သက်တမ်း ၅၆ နှစ် သိုလှောင်ထားရှိပြီး Glenfiddich တည်ထောင်သူ William Grant ရဲ့ အငယ်ဆုံးမြေး နာမည် Janet Sheed Roberts ကို အစွဲပြုကာ အမည်ပေးထားတဲ့ ဝီစကီပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၁ ပုလင်းသာထုတ်လုပ်ခဲ့တဲ့ ဒီဝီစကီဟာဆိုရင် အရောင် ရွှေလိုအရောင်အဆင်းနဲ့ လိမ္မော်ပွင့်၊ ဗနီလာရနံ့တို့နဲ့ ပေါင်းစပ်တဲ့ ထူးခြားတဲ့ စကော့ချ်ဝီစကီ အနံ့အရသာတို့ကို ခံစားရစေမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ တစ်ပုလင်းကို ဒေါ်လာ ၉၄၀၀၀ ပေါက်ဈေးရှိတဲ့ ကမ္ဘာပေါ်က ဈေးအကြီးဆုံး စကော့ချ်ဝီစကီပုလင်းတစ်လုံးပဲ ဖြစ်ပါတယ်။
(၃) Dalmore 64 Trinitas

Photo : The Moodie Davitt Report
Trinitas လို့ အမည်ပေးထားတဲ့ Dalmore 64 ဝီစကီကတော့ single malt အမျိုးအစားဖြစ်ပြီး ခမ်းနာထည်ဝါတဲ့ ပုလင်းဒီဇိုင်းနဲ့ အရေ အတွက် ၃ လုံးသာ အကန့်အသက်ဖြင့် ထုတ်ထားတာ ဖြစ်ပါတယ်။ Dalmore 64 ဝီစကီဟာ စပျစ်သီး၊ ကော်ဖီ၊ နံ့သာဖြူ၊ ပန်းသီး၊ လိမ္မော်သီး၊ သရက်သီးနဲ့ မာဇီပန် တို့နဲ့ပေါင်းစပ်ချက်လုပ်ထားတာကြောင့် ကမ္ဘာ့အရသာအကောင်းဆုံး ဝီစကီအဖြစ်လည်း သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ Dalmore 64 Trinitas ဝီစကီဟာ အနံ့အရသာနဲ့ ပြည့်စုံရုံမကပဲ တော်ဝင် ပုလင်းဒီဇိုင်း သဖွယ်အလှဆင်ထားကာ ရှားပါးဝီစကီပုလင်းစုဆောင်းသူတွေအတွက်သာ သီးသန့်ရောင်းချတာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၃,၀၀၀ ကျသင့်မှာပဲ ဖြစ်ပါတယ်။
(၂) Macallan 64 Year Old in Lalique

Photo : Uncrate
Macallan ရဲ့ single malt စကော့ချ်ဝီစကီ ဟာဆိုရင် ၁၉၄၂ , ၁၉၄၅ နဲ့ ၁၉၄၆ ခုနှစ်တို့မှာ စပိန်ဝက်သစ်ချစည် ၃ လုံးနဲ့ အဆင့်ဆင့် သို့လှောင်ထားတဲ့ တစ်လုံးတည်းသော ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဝီစကီပုလင်းပဲ ဖြစ်ပါတယ်။ The Lalique ရဲ့ နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ဒီဝီစကီပုလင်းဒီဇိုင်းကို လက်ဖြင့်ပြုလုပ်ဖန်တီးခဲ့ကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး စာရင်းဝင်လာတာလို့ ပြောရမှာဖြစ်ပါတယ်။ ဒီဝီစကီပုလင်းကို ၂၀၁၀ ခုနှစ် လေလံပွဲတွင် ဒေါ်လာ ၄၆၄,၀၀၀ နဲ့ ရောင်းချခဲ့ပြီး ရရှိလာတဲ့ငွေကြေးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရေသန့်ရရှိရေးအတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။
(၁) Macallan “M”

Photo : The Macallan
၁၉၄၀ ခုနှစ်ထုတ် သက်တမ်းရင့် Macallan “M” ဝီစကီဟာဆိုရင် ထူးခြားတဲ့ လက်မှုအနုပညာ ပုလင်းဒီဇိုင်းနဲ့ ကမ္ဘာ့အရှားပါးဆုံး စကော့ချ်ဝီစကီပုလင်းအဖြစ် ဂင်းနစ်စံချိန်တင်ထားတာ ဖြစ်ပါတယ်။ စပျစ်သီးခြောက် ၊ သံပုရာ ၊ ချယ်ရီ နဲ့ သစ်သီးမျိုးစုံတို့အပြင် လည်သာ ၊ ဗနီလာရနံ့တို့နဲ့ ပေါင်းစပ်ထားတဲ့ အံ့ဩသင့်ဖွယ် စကော့ခ်ျဝီစကီအရသာကို ခံစားရစေမှာဖြစ်ပါတယ်။ ဒီ ဝီစကီပုလင်းကိုတော့ ဟောင်ကောင်လေလံပွဲမှာ ဒေါ်လာ ၆၂၈၂၀၅ နဲ့ လေလံတင်ရောင်းချခဲ့ပြီး ကမ္ဘာ့စျေးအကြီးဆုံးစာရင်းဝင်ထားတဲ့ စကော့ချ်ဝီစကီပုလင်းပဲ ဖြစ်ပါတယ်။
Featured Photo : The Macallan
