ချမ်းအေးတဲ့ ဆောင်းရာသီအချိန်အခါသည် ဆွယ်တာအင်္ကျီများ၊ အပေါ်ဝတ်အနွေးထည်များ၊ ဂျာကင်ထူထူများ ဝတ်ကာ ရှိုးထုတ်လို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ ဆောင်းတွင်းဝတ်အနွေးထည်များသည် အပြင်ထွက်တဲ့အခါ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး နွေးထွေးနေစေမှာဖြစ်ပါတယ်။

သိုးမွှေးထည်များ၊ မိုးကာသားဂျာကင်အထူများ၊ ဆွယ်တာအနွေးထည်များ စသည်ဖြင့် အမျိုးအစား အမျိုးမျိုးရှိတဲ့အနက် လည်ပင်းပေါက်အထောင်ဆွယ်တာအင်္ကျီများသည် လတ်တလောမှာ ရေပန်းစားလာတဲ့ ဖက်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။

ထိုဆွယ်တာအင်္ကျီများနဲ့ ဘယ်လိုဖက်ရှင်ကျအောင် ဝတ်ဆင်နိုင်မလဲဆိုတာကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

စမတ်ကျကျ ဖက်ရှင်

How to wear a Turtleneck

ဒီဖက်ရှင်ကတော့ ရုံးတက်ရုံးဆင်းသွားလာရသူများအတွက် စမတ်လည်းကျစေမှာဖြစ်သလို ဖက်ရှင်လည်း ကျစေမှာဖြစ်ပါတယ်။ Classic ဆန်တဲ့ဖက်ရှင်ကို ဖန်တီးချင်တယ်ဆိုရင်တော့ အနက်ရောင် Theme လေးကို ရွေးချယ်လိုက်ပါ။

How to wear a Turtleneck

သပ်ရပ်ကျော့ရှင်းတဲ့ဖက်ရှင်မျိုးကို ပိုင်ဆိုင်ချင်တဲ့အချိန်ကတော့ အဖြူနဲ့ မီးခိုးရောင်လေးကို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

လူငယ်ဆန်ဆန်ဖက်ရှင်

How to wear a Turtleneck

အသားရောင်ကိုမှ အရောင် အနုအရင့်လေး ကစားကာ စတိုင်လ်ကျကျ ဝတ်ဆင်နိုင်ပါတယ်။

How to wear a Turtleneck

ဒါမှမဟုတ် ဂျင်းဘောင်းဘီနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါသေးတယ်။

ကုတ်အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ပါ

How to wear a Turtleneck

ကုတ်အင်္ကျီအရှည်ကလည်း အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ဖက်ရှင်တစ်ခုပါ။ အလွန်အမင်းချမ်းအေးတဲ့ တောင်ပေါ်ဒေသတွေ (သို့) နိုင်ငံရပ်ခြားဒေသတွေဆီ သွားရောက်လည်ပတ်တဲ့အခါ ကုတ်အရှည်နဲ့ ရှိုးထုတ်နိုင်ပါတယ်။

How to wear a Turtleneck

ကုတ်အရှည်ကိုမှ ဗြောင်ဒီဇိုင်းမျိုးကို ရွေးချယ်နိုင်သလို အကွက် Pattern ဒီဇိုင်းမျိုးကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

How to wear a Turtleneck

အခြေခံအရောင်တွေဖြစ်တဲ့ အညိုရောင်ကုတ်နဲ့ အနက်ရောင်ကုတ်အရှည်တို့ကတော့ အဝတ်အစားအရောင်မရွေးတာကြောင့် သိပ်ပြီး ခေါင်းစားမှာမဟုတ်တော့ပါဘူး။

ဂျက်ကတ်အင်္ကျီများနဲ့ တွဲဖက်ဝတ်ဆင်ပါ

How to wear a Turtleneck

ဂျင်းဂျက်ကတ်၊ မိုးကာသားဂျက်ကတ် စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ ဂျက်ကတ်တစ်ခုခုနဲ့ တွဲဖက်ဝတ်ဆင်ကာ အမိုက်စားဖက်ရှင်တစ်ခု ဖန်တီးနိုင်ပါတယ်။

နို့နှစ်ရောင် လည်ထောင်ဆွယ်တာ

How to wear a Turtleneck

ဒီဖက်ရှင်ဒီဇိုင်းကတော့ သင့်ကို ရင့်ကျက်နွေးထွေးသွားစေမယ့် ဖက်ရှင်အသွင် ဖော်ဆောင်ပေးနိုင်ပါတယ်။

ထသွားထလာဖက်ရှင်

How to wear a Turtleneck

လူငယ်အများစုကတော့ လည်ထောင်ဆွယ်တာအင်္ကျီများကို သိုးမွှေးဦးထုပ်နဲ့ တွဲဖက်ဝတ်ဆင်လေ့ရှိကြပါတယ်။

How to wear a Turtleneck

ထသွားထလာဖက်ရှင်အဖြစ် ဝတ်ဆင်တဲ့အခါမှာလည်း အချမ်းပေါ့လာတဲ့အခါ အင်္ကျီလက်လေးကို လိပ်တင်လိုက်ရုံပဲမဟုတ်လား။

အနောက်တိုင်းဝတ်စုံနဲ့ တွဲဖက်ဝတ်ဆင်ပါ

How to wear a Turtleneck

ဒီဖက်ရှင်ကတော့ ပွဲတက်အခမ်းအနားမျိုးအတွက် ပွဲလယ်တင့်တယ်နေစေမှာပါ။

How to wear a Turtleneck

ဘလေဇာကုတ်အင်္ကျီနဲ့လည်း ပေါင်းစပ်ဝတ်ဆင်နိုင်ပါသေးတယ်။

How to wear a Turtleneck

အချမ်းပိုတဲ့နေ့မျိုးမှာဆိုရင် ထူထူထဲထဲအနွေးထည်များနဲ့ တွဲဖက်ဝတ်ဆင်ကာ စတိုင်လ်ကျနိုင်ပါသေးတယ်။

Source: Nextluxury.com