ကွယ်လွန်သူ အက်ရှင်မင်းသားကြီး ဘရုစ်လီဆိုရင် ကလေးလူကြီးမရွေး လူတိုင်းသိကြမှာပါ။ ဘရုစ်လီခေတ်ရယ်လို့ ဖြစ်လာအောင် ထိပ်ထိပ်ကြဲ ကျော်ကြားခဲ့တဲ့ သူဟာ နာမည်ကျော်ရုပ်ရှင်မင်းသားတစ်ဖြစ်လဲ ထိပ်တန်းကိုယ်ခံပညာရှင်တစ်‌ယောက်လည်း ဖြစ်ပါတယ်။ ဘရုစ်လီလို လူတစ်ယောက် ဘဝအမြင့်ရောက်အောင် တွန်းပို့ခဲ့တဲ့အရာတွေထဲမှာ သူကိုယ်တိုင် လက်ခံကျင့်သုံးထားတဲ့ ဘဝအောင်မြင်ရေးသင်ခန်းစာတွေ ပါဝင်နေပါတယ်။ ဘယ်လို သင်ခန်းစာတွေလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) ဘဝရည်မှန်းချက်

Focus On The Target

Photo: Unsplash

ဘယ်တော့မှ မသေနိုင်တဲ့ ဘဝအတွက် အဓိကသော့ချက်က အမှတ်ရထိုက်တဲ့ ဘဝမျိုးနဲ့ နေထိုင်ဖို့က ပထမပါပဲ လို့ ဘရုစ်လီက ခံယူထားပါတယ်။ လူဆိုတာ အသက်တစ်ချောင်းတည်းနဲ့ ဘဝလမ်းကြောင်းတစ်ခုကို ဖြတ်ကျော်သွားရတာပါ။ ရှင်သန်နေတဲ့ ဘဝလေးကို အဓိပ္ပါယ်ရှိရှိ ကုန်ဆုံးစေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတဲ့အရာတစ်ခုအဖြစ် ဖန်တီးလိုက်ဖို့ လိုပါတယ်။

(၂) ပျော်ရွှင်မှု

Happiness

Photo: Unsplash

“ပျော်နေပါ။ ဘယ်တော့မှတော့ ကျေနပ်မနေပါနဲ့”- ဘရုစ်လီ။ လက်ရှိအချိန် ကိုယ့်ကိုယ်ကိုယ် ပျော်အောင် ထားပါတဲ့။ ဒါပေမယ့်လည်း ကိုယ်သတ်မှတ်ထားတဲ့ ရည်မှန်းချက်ဆီ မရောက်မချင်း ကြိုးစားမှုလုံ့လကို လျှော့မထားဖို့ လိုပါတယ်။ ဘဝမှာ ရှိရှိသမျှ ကိစ္စတွေက သေမလား ၊ ရှင်မလား ရွေးရတဲ့ကိစ္စတွေချည်းပဲမို့ ကိုယ့်အတွက် အကောင်းဆုံးဆိုတာကို ရွေးပြီး နေတတ်ဖို့ လိုပါတယ်။

(၃) ပင်ကိုယ်ပုံရိပ်

Image of Man

Photo: Unsplash

“ဒီလောကထဲမှာ ကျွန်တော်က ခင်ဗျား မျှော်လင့်ချက်အတိုင်း ရှင်သန်ဖို့ လူဖြစ်လာတာ မဟုတ်သလို ခင်ဗျားလည်း ကျွန်တော့်ပုံစံအတိုင်း နေဖို့ မလိုပါဘူး။ ခင်ဗျားတွေးသလို ဖြစ်လာမယ်။” ဆိုတာ ဘရုစ်လီရဲ့ ခံယူချက်တစ်ခုပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကိုယ်ပိုင်အဓိပ္ပါယ်နဲ့ နေထိုင်ပါ။ ပင်ကိုယ်ပုံရိပ် ထားပါ။

(၄) ပန်းတိုင်

Ball In The Basket

Photo: Unsplash

“ပန်းတိုင်ဆိုတာ အမြဲတမ်း ရောက်ကို ရောက်ရမယ့်ဟာလို့ မဆိုလိုပါဘူး။ တစ်ခါတစ်ရံမှာ ပန်းတိုင်ဆိုတာ ရည်မှန်းဖို့ ထိုက်တန်တဲ့အရာလောက်ပါပဲ “တဲ့။ ရည်မှန်းချက်တိုင်းက လုံလောက်တဲ့ အချိန်ပေးဖို့ လိုပါတယ်။ ဦးတည်ချက်မှန်မှန် ရွေ့နေရင် တစ်နေ့ ပန်းတိုင်ရောက်နိုင်ပါတယ်။

(၅) လေ့လာမှု

Learn and Research

Photo: Unsplash

“လူမိုက်တစ်ယောက် ပညာရှိဆီက အဖြေကနေ သင်ယူတာထက် ပညာရှိတစ်ယောက်ဟာ လူမိုက်ရဲ့ မေးခွန်းတစ်ခုကနေ အများကြီး ပိုသင်ယူနိုင်ပါတယ်။”။ သင်ရောက်လေရာ နေရာကနေ သင်ခန်းစာ ယူတတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဖွင့်ထားပါ။ ဘဝမှာ ရှိသမျှ အရာတိုင်းဟာ သင်ခန်းစာယူမယ်ဆို ယူစရာချည်းပါပဲတဲ့။

နောက်ဆုံး စကားလက်ဆောင်အနေနဲ့ ဘရုစ်လီပြောခဲ့တဲ့အထဲကနေ ပြန်ဖောက်သည်ချချင်တဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ “သိတာက မလုံလောက်ဘူး။ အသုံးချရမယ်။ ဖြစ်ချင်တာလောက်နဲ့ မလုံလောက်ဘူး။ ဖြစ်အောင် လုပ်ရပါမယ်။ တစ်ခုခုကို တွေးတာ အချိန်များလွန်းနေရင် ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်တော့ဘူး”တဲ့။

Featured Photo: GMC India