လူတိုင်းသည် တိုးတက်မှုရှိပြီး အောင်မြင်သောဘဝကို လူချင်ကြပါတယ်။ အထူးသဖြင့် စွန့်ဦးတီထွင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များသည် တိုးတက်အောင်မြင်မှုကို ပိုမိုလိုအပ်ကြပါတယ်။ ဒီလိုတိုးတက်အောင်မြင်ဖို့အတွက် အရေးကြီးဆုံးအချက်တစ်ခုကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်တတ်ဖို့ပါပဲ။
လူသားတစ်ယောက်သည် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ဆုံးဖြတ်ချက်ပေါင်း ၃၅၀၀၀ ခန့် ချလေ့ရှိပါတယ်။ မနက်စာ ဘာစားရမလဲ။ ဘယ်အဝတ်အစား ဝတ်ဆင်ရမလဲ။ ဘယ်တံခါးပေါက်ကနေ အပြင်ထွက်ရမလဲ။ နေ့လည်စာ ဘာစားရမလဲ စတဲ့ ဆုံးဖြတ်ချက်ပေါင်းများစွာချမှတ်လေ့ရှိပါတယ်။
သင့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေချင်ပြီး ပိုမိုအရေးကြီးတဲ့ကိစ္စတွေမှာသာ အသုံးချချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့တနေ့တာဆုံးဖြတ်ချက်များကို လျော့ချနိုင်သမျှ လျော့ချရမှာပဲ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် အချို့သော ကမ္ဘာကျော် အောင်မြင်သူများသည် တူညီသောအဝတ်အစားများကို အပြောင်းအလဲမလုပ်ကြဘဲ ဝတ်ဆင်ကြတာဖြစ်ပါတယ်။
ဘားရက်အိုဘားမားဆိုလျှင် မီးခိုးရောင် (သို့) အပြာရောင် အနောက်တိုင်းဝတ်စုံပြည့်ကိုသာ ဝတ်ဆင်လေ့ရှိပါတယ်။ မာ့ခ်ဇူကာဘတ်ခ်ကတော့ သူ့ရဲ့မီးခိုးရောင် အားကစားတီရှပ်ကိုသာ ဝတ်ဆင်လေ့ရှိပြီး စတိဖ်ဂျော့ကတော့ အနက်ရောင် လည်ပင်းအထောင်ဆွယ်တာအင်္ကျီ၊ ဂျင်းဘောင်းဘီနျင့် New Balance တံဆိပ် Sneakers ဖိနပ်ကိုသာ တစိုက်မတ်မတ် ဝတ်ဆင်လေ့ရှပါတယ်။
ဒီလိုမျိုး တူညီဝတ်စုံကို နေ့ရက်တိုင်း ဝတ်ဆင်ခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးမျိုး ရရှိနိုင်မလဲ။
အချိန်ကုန်သက်သာစေခြင်း
အပြင်တစ်ခါထွက်ခါနီးမှာ အဝတ်အစားတစ်စုံရွေးချယ်တဲ့အခါ အနည်းဆုံး ငါးမိနစ်မှ ဆယ်မိနစ်အထိ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ တကယ်လို့သာ အမျိုးအစားတူဝတ်စုံကို နေ့တိုင်း ဝတ်ဆင်မယ်ဆိုရင်တော့ ဘယ်အဝတ်အစား ဝတ်ရမလဲဆိုတာကို ခေါင်းစားစရာမလိုတော့ဘဲ အချိန်ကုန်သက်သာစေပါတယ်။
စိတ်ရှုပ်ထွေးခြင်းကို လျော့ချပေးခြင်း
Source: Style-review.com
သင့်ရဲ့ဦးနှောက်ကို အရေးကြီးသောဆုံးဖြတ်ချက်များအတွက်သာ ချမှတ်ခြင်းအားဖြင့် ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်တယ်လို့ အိုဘားမားသည် အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ပါတယ်။ အမျိုးအစားတူတဲ့ ဝတ်စုံတွေကိုသာ ဝတ်ဆင်မယ်ဆိုရင် မနက်ရုံးသွားခါနီးတိုင်း အဝတ်အစားရွေးနေရတဲ့အတွက်ကြောင့် စိတ်ရှုပ်ထွေးရခြင်းမှ ကင်းဝေးပြီး ဦးနှောက်ပါဝါကို ချွေတာနိုင်ပါတယ်။
သက်သောင့်သက်သာရှိပြီး ဖက်ရှင်ကျခြင်း
တူညီတဲ့ဝတ်စုံတွေပဲ ဝတ်လို့ ဖက်ရှင်မကျဘူးလို့တော့ မထင်လိုက်ပါနဲ့။ ကိုယ် နေ့တိုင်းဝတ်တဲ့ ဝတ်စုံသည် ကိုယ့်ရဲ့ကိုယ်ပိုင်ဖက်ရှင်ဖြစ်တဲ့အတွက်ကြောင့် စတိုင်လ်ကျလှပနိုင်တဲ့အပြင် သက်သောင့်သက်သာဖြစ်စေပြီး ယုံကြည်မှုလည်း တိုးစေပါတယ်။ ဒါ့ကြောင့် နေ့ရက်တိုင်းမှာ ကောင်းမွန်တဲ့ခံစားချက်များကို ပိုင်ဆိုင်နိုင်ပြီး ရွှင်လန်းတက်ကြွစွာ ဖြတ်သန်းနိုင်ပါတယ်။
Source: Inc.com
Featured Image Source: Scrabbl.com