ဘောလုံးဝါသနာအိုးတွေအဖို့ တစ်နှစ်တစ်နှစ် ဘယ်ကစားသမားတွေ ခြေစွမ်းပြသွားလဲ ၊ ဘယ်အသင်းက ဘယ်လောက် စွမ်းဆောင်နိုင်ခဲ့သလဲကို အချင်းချင်းဖလှယ်ရတာကိုက ပျော်စရာပါပဲ။ ဘောလုံးတွေအကြောင်း ပြောရင် သွင်းဂိုးတွေ မပါလို့ မဖြစ်ပါဘူး။ ဘောလုံးလောကမှာ သွင်းဂိုးတွေကလည်း အမှတ်တရ ပြောစရာဖြစ်ကျန်ရစ်ခဲ့စမြဲပါ။ ဒီတစ်ခေါက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဘောလုံးရာသီမှာ သွင်းဂိုးအများဆုံး သွင်းခဲ့တဲ့ ဘောလုံးသမား ၅ ဦးအကြောင်း ဖော်ပြလိုက်ပါတယ်။
(၅) ကာရင်းမ် ဘန်ဇီမား
Photo: EuroSport
ရီးရဲလ်မက်ဒရစ်အသင်းက ပြင်သစ်အလယ်တန်းတိုက်စစ်မှူး ဘန်ဇီမားဟာ ဒီနှစ်ထဲ ၄၈ ပွဲကစားခဲ့ပြီး ၃၆ ဂိုး သွင်းယူခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းမှာ ဘန်ဇီးမား ခြေစွမ်းပြနေတာ ၂ နှစ် ၃ နှစ်ရှိပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကျင်းပပြီးစီးသွားခဲ့တဲ့ Euro 2020 ဖလားမှာလည်း ဘန်ဇီမားဟာ ပြင်သစ်အသင်းအတွက် ၄ ဂိုး သွင်းယူခဲ့ပါတယ်။
(၄) မိုဟာမက် ဆာလား
Photo: khelnow
အီဂျစ်လူမျိုး တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ ၂၀၂၁ ခုနှစ်ထဲမှာ ပွဲစဉ် ၅၁ ပွဲမှာ ၃၇ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ တိုက်စစ်အကျော်အမော်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးအမြင့်ဆုံး သွင်းထားတဲ့ အာဖရိကနွယ်ဖွား ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
(၃) ကိုင်လီ မက်ပီ
Photo: EuroSport
အသက် ၂၃ နှစ်အရွယ် ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူး ကိုင်လီမက်ပီအတွက် ၂၀၂၁ ဟာ မှတ်တမ်းတင်နိုင်တဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ ပွဲပေါင်း ၅၂ ပွဲကစားခဲ့ရာမှာ မက်ပီဟာ ၄၁ ဂိုးအထိ သွင်းနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ မက်ပီဟာ လီဂူးဝမ်းမှာ ဂိုး ၁၀၀ ၊ Coupe De France မှာ ၂၂ ဂိုး ၊ ချန်ပီယံလိဂ်မှာ ၂၅ ဂိုး ၊ Coupe De La Ligue ၂ ဂိုး နဲ့ Trophee Des Champions ၁ ဂိုး စုစုပေါင်း ဂိုးပေါင်း ၁၅၀ အထိ သွင်းထားတာပါ။ ပီအက်စ်ဂျီသမိုင်းမှာ သူ့ထက် လီဂူးဝမ်း သွင်းဂိုးပိုမြင့်တာ ဇလာတန် အီဘရာဟီမိုဗစ်ချ် (၁၁၃ ဂိုး) နဲ့ အက်ဒင်ဆန် ကာဗာနီ (၁၃၈ ဂိုး)နှစ်ယောက်ပဲ ရှိပါတယ်။
(၂) အာလင်း ဟားလန်း
Photo: khelnow
ဒေါ့မွန်အသင်းရဲ့ လူငယ်ကြယ်ပွင့် ဟားလန်းဟာ၂၀၂၁ ခုနှစ်ထဲ ၄၂ ပွဲကစားရာမှာ ၄၃ ဂိုးအထိ သွင်းထားပါတယ်။ အသက် ၂၁ နှစ်အရွယ် နော်ဝေးတိုက်စစ်မှူးဟာ ဇန်နဝါရီလကုန်လောက်မှာ အသင်းက ထွက်ခွာမယ်လို့ သတင်းတွေလည်း ပြေးနေပါတယ်။
(၁) ရောဘတ် လီဝင်ဒေါ့စကီး
Photo: fcbayern
အသက် ၃၃ နှစ်အရွယ် ပိုလန်တိုက်စစ်မှူးဟာ ၂၀၂၁ မှာ ဘောလွန်းဒီအောအတွက် တစ်ပြေးခဲ့ကြပေမယ့် လိုင်ယွန်နယ်မက်ဆီပဲ စံချိန်တင်ယူသွားခဲ့တာကြောင့် ဆန်ကာတင်အဆင့်နဲ့ ကျေနပ်ခဲ့ရသူပါ။ ဘိုင်ယန်မြူးနစ်ရဲ့ အကျော်အမော်ဟာ ၂၀၂၁ ခုနှစ်ထဲမှာ ဂိုးအများဆုံး သွင်းယူထားသူဖြစ်ပြီး ၅၅ ပွဲမှာ ၆၉ ဂိုးအထိ သွင်းခဲ့ပါတယ်။ လီဝင်ဒေါ့စကီးဟာ ဘွန်ဒက်စ်လီဂါအသင်းမှာ ဂိုးပေါင်း ၂၉၆ ဂိုးအထိ သွင်းထားပြီး ရောဘတ်မူလာရဲ့ သွင်းဂိုး ၃၆၅ ဂိုး စံချိန်ပြီးရင် ဒုတိယဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးအဖြစ်လည်း ရပ်တည်နေပါတယ်။
Featured Photo: fcbayern