မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ အက်စ်တန် ဗီလာအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အတွင်း ဂရင်းဝုဒ်ရဲ့ ကန်ချက် ပြန်လျှံထွက်လာတာကို ကန်သွင်းဖို့ အားမထုတ်ခဲ့တဲ့အတွက် ရစရာမရှိအောင် ပြစ်တင်ဝေဖန်ခံနေရပါတယ်။
Photo: Telegraph
စကော့ မက်တော်မီနေးဟာ ပထမပိုင်း ၁၀ မိနစ်မှာ ဖရက်ဒ်ရဲ့ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ခေါင်းတိုက်သွင်းယူပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရန်းနစ်ခ်ရဲ့ ယူနိုက်တက်ဟာ အက်စ်တန် ဗီလာအသင်းရဲ့ ကြောက်မက်ဖွယ် ဖိအားပေးခြင်းကို ခံခဲ့ရတာကြောင့် အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။
စတီဗင် ဂျရတ်ရဲ့ အက်စ်တန် ဗီလာအသင်းဟာ ဒုတိယပိုင်းအစောပိုင်းမှာ ယူနိုက်တက်ရဲ့ ဂိုးပေါက်ကို ၂ ကြိမ်အထိ ကန်သွင်းခဲ့ပေမယ့်လည်း ၂ ကြိမ်စလုံး အံ့အားသင့်ဖွယ် ဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အထင်ကြီးဖွယ် စွမ်းဆောင်ရည် ပြသနိုင်ခဲ့ခြင်းမရှိဘဲ ၎င်းရဲ့ ကိုယ်အမူအရာဟာ လူမှုကွန်ရက်ပေါ်က အမြင်စူးရှတဲ့ ပရိသတ်တွေဆီကနေ မေးခွန်းထုတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
Photo: BBC
အသက် ၂၄ နှစ်အရွယ် ယူနိုက်တက် တိုက်စစ်မှူးဟာ ကျဉ်းမြောင်းတဲ့ ထောင့်ကို ကန်သွင်းခဲ့မှုကို အီမီလီယာနို မာတီနက်ဇ်က ကာကွယ်နိုင်ခဲ့ပြီးနောက် အကောင်းဆုံး အခွင့်အရေးတွေထဲက တစ်ခုကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ရက်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်ဟာ ဂရင်းဝုဒ်ရဲ့ အပြင်းကန်သွင်းချက်ကို မာတီနက်ဇ် ကာကွယ်ရာမှာ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ရယူဖို့အတွက် စိတ်ဆန္ဒ အနည်းငယ်သာရှိကြောင်း ပြသခဲ့ပြီးနောက် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။
ဂရင်းဝုဒ်ဟာ ဒုတိယပိုင်းတလျှောက်လုံး စွမ်းဆောင်ရည်ကောင်းပြသခဲ့ပြီး ၎င်းရဲ့ ဂိုးကန်သွင်းဖို့ ကြိုးပမ်းမှုဟာ အက်စ်တန် ဗီလာဂိုးသမား မာတီနက်ဇ်ရဲ့ ပုတ်ထုတ်ကာကွယ်မှုကြောင့် ငြင်းပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ မာတီနက်ဇ်ဆီကနေ လျှံထွက်လာတဲ့ ဘောလုံးကို ရယူဖို့အတွက် အားထုတ်ခဲ့ခြင်းမရှိတာကြောင့် အက်စ်တန် ဗီလာဂိုးသမားက ချက်ချင်းပဲ ၎င်းဆီကနေ လွတ်ထွက်သွားတဲ့ ဘောလုံးကို အသည်းအသန် ပြန်လည် ဖမ်းဆုပ်ခဲ့တာဖြစ်ပါတယ်။
Photo: Twitter
မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးသွင်းယူဖို့အတွက် ဆာလောင်ခြင်းမရှိမှုကြောင့် စိတ်ပျက်ဒေါသထွက်ခဲ့ကြပြီး လူမှုကွန်ရက်ပေါ်မှာ ဒေါသတကြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ “အဲဒီနေရာမှာ ခရစ္စတီယာနိုသာဆိုရင် ဂိုးဖြစ်ခဲ့လောက်တယ်။ တကိုယ်ကောင်းဆန်တဲ့ သောက်ရူး ၂ ကောင်က ဂိုးတိုင်ကို မမြင်မစမ်းနဲ့ ကန်သွင်းပြီး ဂိုးရဖို့ မျှော်လင့်နေကြတယ်။ သူတို့ ၂ ယောက်က ဘယ်တော့မှ အတူတူ ကောင်းလာနိုင်မှာမဟုတ်ဘူး။ အဲဒါကြောင့်ပဲ ခရစ္စတီယာနိုက ပွဲထွက်ကစားရပြီး တခြားလူတွေ ကစားခွင့်မရတာပေါ့။ လင်ဂတ်ကတောင် ရက်ရှ်ဖို့ဒ်ထက် ပွဲထွက်ကစားခွင့်ရသင့်ပြီး ဒွန်နီ ဗန်ဒီဘိခ်ကလည်း ပွဲထွက်ကစားခွင့်ရသင့်တယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။
Featured Photo: Sportbible