Limousine ဇိမ်ခံကားများသည် ပုံသဏ္ဍာန်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးရှိကြပြီး အခြားသောဇိမ်ခံကားမျိုးနှင့် ယှဉ်လျှင် ထိုကားအမျိုးအစားများက အရွယ်အစား ပိုကြီးပါတယ်။ ပထမဦးဆုံး Limousine ကို ၁၉၀၂ ခုနှစ်တွင် စတင်ဒီဇိုင်းထွင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကားတစ်စီးလျှင် ခရီးသည် ၅ ယောက်သာ လိုက်ပါ စီးနင်းနိုင်တာဖြစ်ပါတယ်။
ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ ကားဒီဇိုင်းများသည်လည်း တစ်စထက်တစ်စ ခေတ်မီဆန်းပြားလာတာကို တွေ့မြင်နိုင်ပါတယ်။ သင့်အနေနဲ့ Limousine ဒီဇိုင်းများကို စိတ်ဝင်စားတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဒီဇိုင်းများကို အတူတူဆက်ကြည့်လိုက်ရအောင်။
၁၉၃၆ ခုနှစ်ထုတ် Cadillac Seventy-Five

ဒီကားဒီဇိုင်းကတော့ ၁၉၃၆ ခုနှစ်တွင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ခရီးသည် ၈ ယောက်အထိ ဝင်ဆံ့ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၇၅၀ ဖြစ်ပါတယ်။
Rolls-Royce Phantom V

ဒီဒီဇိုင်းကတော့ ၁၉၅၉ ခုနှစ်တွင် ထွက်ရှိတဲ့တာဖြစ်ပြီး ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၉၀၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။
Checker Aerobus

Checker Aerobus ကတော့ ၁၉၆၂ ခုနှစ်တွင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး တံခါးပေါက် ၆ ပေါက်ဒီဇိုင်းလည်းရှိသလို၊ ၈ ပေါက် ဒီဇိုင်းလည်းရှိပါတယ်။ ခရီးသည်ထိုင်ခုံ ၁၅ ခုံ ပါရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၄၀၀၀ တန်ကြေးရှိပါတယ်။
Daimler DS420

ဒီကားလေးကတော့ ၁၉၆၈ ခုနှစ်ထုတ်ဒီဇိုင်းလေးဖြစ်ပြီး ခရီးသည် ၇ ယောက်အထိ စီးနင်းနိုင်ပါတယ်။ ဈေးနှုန်းကတော့ ပေါင် ၄၀၀၀ ပေးဝယ်ရမှာဖြစ်ပါတယ်။
Zimmer

ဒီ Limousine ကတော့ ဒီဇိုင်းနာ Paul Zimmer ကို အစွဲပြုပြီး ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။ ဒီမော်ဒယ်ကတော့ ၁၉၇၈ ခုနှစ်ထုတ်ဖြစ်ပြီး ဈေးနှုန်းအားဖြင့်တော့ ၃၅၇၀၀၀ ပေးဝယ်ရမှာဖြစ်ပါတယ်။
Hammer H2

ဒီဇိမ်ခံကားကတော့ ခရီးသည် အများဆုံး ၂၄ ယောက်အထိ ဝင်ဆံ့ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ၃၅၀၀၀ ပေါင် ကုန်ကျမှာဖြစ်ပါတယ်။
Bentley Mulsanne Grand Limousine

Classic ဆန်တဲ့ အပြာရောင်ဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီး ကားအင်ဂျင်ကလည်း အကောင်းတကာ့အကောင်းဆုံတွေနဲ့ ထုတ်လပ်ထားတာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ထုတ်ဖြစ်ပြီး ဈေးနှုန်းကတော့ ၁၃၈၀၀၀ ပေါင်ကနေ ၁၉၀၀၀၀ ပေါင်အထိ ရှိပါတယ်။
Source: Autocar.co.uk
Featured Image Source: HotCars
