ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်ဟာ စပါးကို အနိုင်ရရှိပြီး ကာရာဘောင်းဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညလိုမျိုး ထိုက်တန်တဲ့ရလဒ်လိုချင်ရင် အများကြီး ပိုကောင်းအောင် ကစားဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။
Photo: stlucia.loopnews.com
ချဲလ်ဆီးအသင်းဟာ ပထမအကျော့မှာ ၂-၀ နဲ့ အနိုင်ရရှိထားခဲ့တာဖြစ်ပြီး ယမန်နေ့ညက ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ် ပထမပိုင်းမှာ ရူဒီဂါရဲ့ ခေါင်းတိုက်သွင်းဂိုးတစ်ဂိုးတည်းနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ လုံလောက်ခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပင်နယ်တီ ၂ ကြိမ်အထိ ငြင်းပယ်ခံခဲ့ရပြီး သွင်းဂိုးတစ်ဂိုးကိုလည်း VAR က ငြင်းပယ်ခဲ့တာကြောင့် ချဲလ်ဆီးအသင်း ကံကောင်းခဲ့တာဖြစ်ပါတယ်။
Photo: Sportingnews.com
ဒါပေမယ့်လည်း ဂျာမန်လူမျိုးနည်းပြက ၎င်းရဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတာဖြစ်ပြီး ဘာကြောင့် မပျော်မရွှင်ဖြစ်နေတာလဲလို့ မေးမြန်းခံရချိန်မှာ အခုလို ပြောကြားသွားခဲ့ပါတယ်။ “ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခြေစွမ်းအဆင့်အတန်းကြောင့်ပါ။ ရလဒ်ကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့ နေရာလွတ်တွေကို နီးစပ်သွားအောင် လုပ်နိုင်တယ်။ ကျွန်တော်တို့ ပွဲကို ဒီထက်ကောင်းအောင် ထိန်းချုပ်နိုင်တယ်။ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ အခွင့်အရေးကြီးတွေလည်း ရခဲ့တယ်”
Photo: Metro
“ဒါပေမယ့် ကျွန်တော်တို့ လွယ်ကူပြီး နမော်နမဲ့နိုင်တဲ့အမှားတွေကနေ အခွင့်အရေးတွေလည်း ပြန်ပေးခဲ့ရပြီး ကံကောင်းခဲ့လို့ပါ။ ကျွန်တော်တို့ အကြောင်းအရင်းလုံးဝမရှိဘဲ ပင်နယ်တီ ပေးလိုက်ရလုနီးပါး ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး မိနစ် ၂၀ မှာလည်း အဲဒီအတိုင်း ဖြစ်ခဲ့ပြီး အာရုံစိုက်မှု မရှိခြင်း၊ ယုံကြည်မှုလွန်ကဲခြင်းတို့ပေါင်းပြီး ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ရုတ်တရက်ပဲ ကျွန်တော်တို့ နောက်ထပ် ပင်နယ်တီ မပေးရဖို့ ကံကောင်းဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုး အမှန်တကယ်ထိုက်တန်တဲ့ရလဒ်လိုချင်တယ်ဆိုရင် အများကြီး ပိုကောင်းအောင် ကစားဖို့ လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Featured Photo: Metro