ထက်မြက်ထင်ရှားတဲ့သူတွေဟာ အမြဲတမ်း စိတ်ခွန်အားနဲ့ ကိုယ့်ကိုယ်ကိုယ် မြှင့်ထားတဲ့ လူမျိုးပါ။ ဒီလိုလူတွေ အောင်မြင်ရတာ ဘာကြောင့်လဲလို့ သိဖို့ သိပ်လွယ်ပါတယ်။ သူတို့ဟာ အမြဲတမ်း အောင်မြင်မှုဘက်ကို စိတ်အားထက်ထက်သန်သန်နဲ့ မျက်နှာလှည့်နေလို့ ဖြစ်ပါတယ်။ အောင်မြင်ချင်ရင် ကျွန်တော်တို့လည်း အဲ့ဒီလို စိတ်ခွန်အားမြင့်အောင် မြှင့်ထားဖို့ လိုပါတယ်။ စိတ်ဓါတ်အင်အားကြီးသူတွေရဲ့ အလေ့အကျင့်လေးတွေကို အတုခိုးပြီးလိုက်နာခြင်းအားဖြင့် စိတ်ဓါတ်အင်အား မြင့်မားအောင် မျှဝေမွေးထုတ်နိုင်မှာ ဖြစ်ပါတယ်။

(၁) သင့်ရဲ့ WHY ကို ရှာပါ

Question Mark

Photo: Unsplash

စိတ်ဓါတ်ခွန်အားထက်မြက်သူတွေဟာ သူတို့ရဲ့ WHY နဲ့ စတင်လေ့ရှိကြပါတယ်။ “အခုလုပ်တဲ့အလုပ်ကို ဘာကြောင့် လုပ်မှာလဲ”ဆိုတာမျိုး ဖြစ်ပါတယ်။ ကိုယ်ဘာလိုချင်သလဲကို သေချာသိအောင် အရင်လုပ်ခြင်းဟာ သင့်ကို သာမန်လူတစ်ယောက်အဖြစ်ကနေ ထူးချွန်ထင်ရှားတဲ့လူတစ်ယောက်အဖြစ် အမြင့်ရောက်ဖို့ အရင်ဆုံး ကိုယ့်ရဲ့ WHY ကို ရှာတဲ့အကျင့် လုပ်ကြည့်ပါ။

(၂) ဖြစ်နိုင်ခြေတွေအကြောင်း ယုံကြည်မှုကို ပြောင်းကြည့်ပါ

hands clenched power strength isolated on black

Photo:Unsplash

ဖြစ်မှဖြစ်ပါ့မလားလို့ သံသယနဲ့ ဒွိဟတွေ များလာရင် အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို့ အားနည်းသွားတတ်ပါတယ်။ မဖြစ်နိုင်လောက်ပါဘူး ဆိုတဲ့ အတွေးကို ပြန်ကန်ထုတ်နိုင်ဖို့ ကိုယ့်ယုံကြည်မှုကို ပြောင်းကြည့်တတ်ဖို့ လိုပါတယ်။ ဘဝမှာ မဖြစ်နိုင်ပါဘူးလို့ တွေးမိရင် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကြီးကို ဖတ်ကြည့်ပါလို့ ပြောချင်ပါတယ်။

(၃) ကိုယ့်ကန့်သတ်ချက်တွေကို ဖောက်ထွက်ကြည့်ပါ

Fence at sundown

Photo:Unsplash

ကိုယ့်ကို ကန့်ထားတဲ့ဘောင်တွေကနေ ကျော်ကြည့်တတ်တဲ့အကျင့်က သိပ်ကို အရေးပါတဲ့ အကျင့်တစ်ခုပါ။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် တုပ်နှောင်ထားတဲ့ ကန့်သတ်ချက်တွေထဲမှာပဲ ပိတ်မိနေကြတာကို သိသွားတဲ့နေ့ဟာ ဘဝသစ်တစ်ခု စတင်တဲ့ နေ့ပဲဆိုတာ သတိရလိုက်ပါ။

(၄) ကိုယ်ပိုင်တန်ဖိုးတွေအတွက် အချိန်ပို သုံးပါ

Hand

Photo:Unsplash

ကိုယ့်ရဲ့ တန်ဖိုးတွေက ပြင်ပလောကမှာ လူတွေ တန်ဖိုးထားနေတဲ့အရာတွေလိုပဲ အရေးပါပါတယ်။ ကိုယ်ပိုင်တန်ဖိုးကောင်းတွေက ပိုလို့တောင် အရေးပါတယ်လို့ ပြောချင်ပါတယ်။ ကိုယ်က ဘယ်အရာတွေကို တကယ်တန်ဖိုးထားတာလဲ သိအောင်လုပ်ပါ။ အဲ့ဒီစံတန်ဖိုးတွေအတိုင်း နေထိုင်ပါ။ ကိုယ်တန်ဖိုးထားတာကို လုပ်ဖို့ အချိန်ပေးဖြစ်အောင် ပေးပါ။

(၅) သင့်ဘေးက လူတွေကို ဂရုစိုက်ပါ

Friends

Photo:Unsplash

ကိုယ်နဲ့ ပေါင်းသင်းနေတဲ့သူတွေက ကိုယ်နဲ့အတူ အမြင့်တက်မယ့်လူမျိုး ၊ တိုးတက်ချင်တဲ့စိတ်/စရိုက်နဲ့ အလေ့အကျင့်ရှိသူမျိုး ဖြစ်ဖို့ လိုပါတယ်။ ကိုယ့်အပေါင်းအသင်းတွေကို သေသေချာချာ ဂရုစိုက်ပေးပါ။ ကိုယ့်ဘဝထဲ ရောက်လာမယ့်လူတွေကို ကိုယ်သောက်မယ့်ဆေးဝါးနဲ့ အစားအသောက်တွေလို သေချာစိစစ်ရွေးချယ်တတ်ခြင်းဟာလည်း စိတ်ဓါတ်ခွန်အားကြီးမားသူတို့ရဲ့ အလေ့အထတစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo: sourcesofinsight